@dhamma96943: အာနာပါနကမ္မဋ္ဌာန်းသည် အလွန်တန်ခိုးသတ္တိကြီးမား၍ အင်အားအကောင်းဆုံး ပြည့်ဝစေနိုင်သော ကမ္မဋ္ဌာန်းဖြစ်ပေသည် ။ ဝိသုဒ္ဓိမဂ် ဆရာကြီးက ….. “ဤအာနာပါနကမ္မဋ္ဌာန်းကား လေးလေးပင်ပင် လေးလေးစားစား အားကြိုးသနွှဲ ဂရုတစိုက်လုပ်မှရသော ကမ္မဋ္ဌာန်းဖြစ်သည် ။ ဘုရားပစ္စေကဗုဒ္ဓါ သာဝကကြီးများဖြစ်ကြသော ဘုန်းနှင့်သမ္ဘာ ထက်ကြပ်ပါသည့် မဟာပုရိသ လူအာဇာနည်ကြီးတို့သာလျှင် နှလုံးသွင်းရာ ကမ္မဋ္ဌာန်းဖြစ်သည်။ ထို လူအာဇာနည် ကြီးများပင်သော်မှ ခဏတဖြုတ်လုပ်၍ရသော ကမ္မဋ္ဌာန်းမဟုတ် ဘုန်းကံနည်းပါးသော သတ္တဝါအညံ့စားတို့၏ အရာလည်းမဟုတ်” ဟု ( ဝိသုဒ္ဓိမဂ် -၁-၂၇၆) မိန်းမှာတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်ကလည်း ….. “သတိပညာမရှိသူအား ဤကမ္မဋ္ဌာန်းကို ငါ မဟော မပေး “ ဟု ( အာနာပါနသံယုတ် ဥပရိအာနာပါနဿတိ သုတ်တို့၌) အတည့်အလင်း ထုတ်ဖော်တော်မူခဲ့၏။ ကမ္မဋ္ဌာန်းအားလုံး၌ပင် သတိနှင့်ပညာမပါ၍မဖြစ် သို့ရာတွင် ……. ဤအာနာပါနကမ္မဋ္ဌာန်း၌ကား အထူးတဖြင့် ပို၍လိုအပ်သောကြောင့် ယင်းသို့မိန်းတော်မူခြင်းဖြစ်သည်။ လေးလေးစားစား သတိပညာများများဖြင့် အားကြိုးသနွှဲ စွဲစွဲမြဲမြဲ စူးစူးစိုက်စိုက် လေးလေးပင်ပင် အားထုတ်ကြ”ဟု သိစေတော်မူလိုသည် ။ စင်စစ်ကား …….. အာနာပါနကမ္မဋ္ဌာန်းသည် ဘဝသံသရာက ပါရမီမျိုးစေ့ အလေ့အထုံ ပါသူများအတွက် ထူးခြားသော တန်ခိုးသတ္တိများကိုပါ ရစေနိုင်၏ ။ သမထ ဝိပဿနာ စွယ်စုံရသော ကမ္မဋ္ဌာန်းကြီးပါပေးတည်း။ အာနာပါန ကမ္မဋ္ဌာန်းကို လေးကျက်ပွါးများ၍ ရဟန်းကိစ္စ ပြီးမြောက်သွားသော အရှင်မြတ်များသည် “မိမိတို့ ပရိနိဗ္ဗာန်ပြုရမည့် အချိန်အခါကို မိနစ် စက္ကန့် မလွဲ ကြိုတင် သိမြင်တော်မူကြ၏ “ အခြားကမ္မဋ္ဌာန်းဖြင့် ပေါက်မြောက်သော အရှင်တို့ကား သိသည်လည်းရှိ၏ မသိသည်လည်းရှိ၏ မသေချာ ။ စင်စစ် ရဟန္တာ အရှင်မြတ်ကြီးများကို မဆိုထားဘိ အတန်အသင့် ပေါက်မြောက်သော ယောဂီတို့ပင် ကိုယ့်အလောင်းကိုယ် အတိအကျ ကြိုတင်ပြင်ဆင် ပြောကြား သွားနိုင်သူများ မရေမတွက်နိုင်အောင် များကုန်၏။ မြတ်စွာဘုရားရှင်ကလည်း……. ထိုသို့သိမြင်နိုင်ကြောင်း အရှင်ရာဟုလာ အား “ဝိဒိတာ ဝ နိရုဇ္ဈန္တိ နော ဝိဒိတာ” ဟုတိုင်ရိုက် ( မ-၁၊၈၉)။ ဟောတော်မူထားလေသည် ။ ရိုသေလေးစွာ အားထုတ်တော်မူကြပါကုန် စံတော်ဝင် အရိယာများ ( နှာ-၄၄၂-၄၄၃) (8,9,2026)

အရှင်မုနိန်(မန်တုံ)
အရှင်မုနိန်(မန်တုံ)
Open In TikTok:
Region: MM
Wednesday 09 September 2026 02:02:00 GMT
50644
8067
207
481

Music

Download

Comments

thuya9357
crazy :
အမေ အဖေက ဒုတိယ ပါချုပ်ဆရာတော်ကြီးက ပထမ ဖြစ်သွားတယ် ဘာလို့ဆို ခုလို နားလည်တက်အောင် သွန်သင်ဆုံးမခဲ့လို့ပါ ခုလိုများ သွန်သင်ဆုံးမမှု မရခဲ့ရင် မိဘကျေးဇူးကို ဘယ်လိုနားလည်ရမလည်း ကိုယ့်ဘဝကို ဘယ်လိုထိန်းကျောင်းရမလည်း သိရမယ်မထင်ဖူး ဒါမို့ သံဃာ ရတနာ လို့ဖြစ်လာတာ
2026-09-10 14:34:16
20
user8881785329574
Ma sam5599 :
အခုလိုသွန်သင်ဆုံးမပေးတော်မူသောဆရာတော်ကြီးကျန်းမာချမ်းသာပါစေဘုရားသက်တော်ရာကျော်ရှည်ပါစေဘုရား
2026-09-15 11:48:02
1
thikelinaung_
San San Aye :
သာဓုသာဓုသာဓုပါဘုရား
2026-09-15 05:52:48
1
win92800
🌹🌹🌹Win🌹🌹🌹 :
🌷🌷🌷 🙏🙏🙏
2026-09-15 05:27:01
0
user7162221533186
Oo Mg Mg :
အခုခေတ်ကဒီတရားရဲအမှန်ဆုံတရားပါဘုရား🙏🙏🙏လာခြင်းတိုင်းလာလိုမရတဲခေတ်ကြီးပါဘုရား
2026-09-10 01:14:06
3
ti.ger082
စိုးသူဆယ့်နှစ်လီ😍😍💕💕💕 :
တင်ပ့ပါဘုရား🙏🙏🙏
2026-09-15 14:44:26
0
u.htet033
U Htet :
သာဓုသာဓုသာဓုသာဓုသာဓုသာဓုသာဓုသာဓုသာဓုသာဓုသာဓု
2026-09-09 05:15:07
3
user3850062549921
မမလေး :
2026-09-15 01:56:11
0
thi.ha7023
Yin :
🙏🪷🙏🪷🙏🪷🙏🪷🙏
2026-09-15 14:18:51
0
user9912902702912
user9912902702912 :
သာဓုသာဓုသာဓုပါရှင်
2026-09-09 10:03:05
1
mg.saung8552
S.W.Y.P :
🙏🙏🙏
2026-09-15 07:47:41
0
nangthanthanaye99
Nang Than Than Aye :
သာဓု သာဓု သာဓုပါဘုရား🙏🙏🙏
2026-09-13 03:53:05
2
aye.aye.yu052
Aye aye yu :
🙏💐
2026-09-15 11:41:35
0
user576822402
၉/ LIN.THET.KO”.🇲🇲🇲🇾 :
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
2026-09-11 08:55:45
1
zarzar8242
Zar zar :
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
2026-09-09 15:20:27
1
win.win9661
Win Win :
🙏🙏🙏သာဓုသာဓုသာဓုပါဘုရား
2026-09-14 14:58:16
0
thidar.lwin612
Thidar Lwin :
မှန်လှပါဘုရား
2026-09-14 07:28:06
0
yummy.lay0
ko khint :
သာဓုသာဓုသာဓုပါဘုရား
2026-09-14 07:34:35
0
user1696151972198
ချစ်သက်နွယ် :
သာဓု သာဓု သာဓု ပါဘုရား
2026-09-14 12:59:08
0
kyikyi603
user599513054564 :
🙏🙏🙏 သာဓုသာဓုသာဓုပါ
2026-09-14 10:10:46
0
pankar05
Messi pankar :
🙏🙏🙏
2026-09-14 07:50:15
0
kyawthurainohn
kyawthurainohn :
🙏🙏🙏🙏
2026-09-09 10:46:39
0
To see more videos from user @dhamma96943, please go to the Tikwm homepage.

Other Videos


About