@awwzartmed7: #ခါးကြွက်သားမရောင်တော့ဘူး #တင်ပါးနဲ့ခြေထောက်ထုံကျင် #အာရုံကြောရောင်ခြင်း #အရိုးနုကျွံထွက်ခြင်း #ဩဇာတိုင်းရင်းဆေးခန်း၊မန္တလေး ခါးဆစ်နှစ်ခုကြား အရိုးနုကျွံ ထွက်လာပြီး အာရုံကြောကို ဖိမိတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ လက္ခဏာ (Sciatica) တစ်ခု ဖြစ်ပါတယ်။ ​​၁)အာရုံကြော ဆက်တိုက် အဖိခံရခြင်း ​ခါးဆစ်အရိုးနု ကျွံထွက်လာစမှာ ခါးတစ်ဝိုက်က ကြွက်သားတွေနဲ့ အရွတ်တွေ ပြင်းထန်စွာ ရောင်ရမ်းပြီး ခါးစတင် နာကျင်လာပါတယ်။ အချိန်နည်းနည်းကြာလို့ ခါးကြွက်သားရောင်ရမ်းမှုတွေ သက်သာသွားတဲ့အခါ ခါးနာတာ သက်သာသွားပါတယ်။ ​ဒါပေမဲ့ ခါးဆစ်အရိုးနုက ခြေထောက်အထိ ဆင်းသွားတဲ့ အာရုံကြောမကြီးကို ဆက်ဖိထားဆဲ ဖြစ်တဲ့အတွက် အာရုံကြောစီးဆင်းရာ လမ်းကြောင်းအတိုင်း တင်ပါး၊ ပေါင်နဲ့ ခြေထောက်တွေဆီ နာကျင်မှုနဲ့ ထုံကျင်မှုတွေ ဆက်လက် တည်ရှိ‌နေတာ ဖြစ်ပါတယ်။ ​၂)အာရုံကြော ရောင်ရမ်းမှု ဆက်ရှိနေခြင်း ​အာရုံကြောတွေ အဖိခံရတဲ့အခါ ရောင်ရမ်းနေပါတယ်။ ခါးနေရာမှာ အာရုံကြော အဖိခံရတာ သက်သာသွားပေမဲ့ အဖိခံထားရဖူးတဲ့ အာရုံကြောမကြီးက ရောင်ရမ်းနေဆဲဖြစ်ပါတယ်။ ဒါ‌ကြောင့် ခြေထောက်အောက်ပိုင်းအထိ ထုံတာ၊ ကျင်တာ၊ စူးကနဲ လျှပ်စစ်စီးသလို ဖြစ်တာနဲ့ ညောင်းကိုက်တာတွေ ကျန်ခဲ့ရခြင်း ဖြစ်ပါတယ်။အချို့က ခြေသလုံးဘေးမှာ ပိုးကောင်လေးတွေ တရွရွနဲ့ တက်နေသလိုမျိုး ခံစားရတတ်ပါတယ်။ အချို့က ခြေဖဝါးနေရာက ပူနေသလိုမျိုး ခံစားနိုင်တယ်။အချို့က မတ်တပ်ရပ်တာကြာရင် ခြေဖဝါးတွေ ကျိန်းနေတတ်ပါတယ်။ ၃)တင်ပါးကြွက်သား ရောင်ရမ်းပြီး အာရုံကြောဖိမိခြင်း (Piriformis Syndrome) ​ခါးနာနေစဉ်အတွင်း ခန္ဓာကိုယ်ရဲ့ ဟန်ချက်ပျက်သွားပြီး အလိုအလျောက် တင်ပါးနဲ့ ပေါင်ကြွက်သားတွေရဲ့အား ပိုသုံးလိုက်ရတာကြောင့် တင်ပါးကြွက်သားတွေ တင်းမာ ရောင်ရမ်းလာပါတယ်။ကြွက်သားအောက်က ဖြတ်သွားတဲ့ အာရုံကြောကို ထပ်မံ ဖိညှပ်မိသွားတာလည်း ဖြစ်နိုင်ပါတယ်။ *​ခါးမနာတော့ပေမဲ့ ခြေထောက် ထုံကျင်တာဟာ အာရုံကြော ထိခိုက်နေဆဲဖြစ်ကြောင်း ပြသနေတဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ -ပက်လက်အိပ်လျှက် ​ခြေထောက်အပေါ် မမြှောက်နိုင်ခြင်း၊ -ခြေဖျားအကုပ်အကော့မပြုလုပ်နိုင်ခြင်း -​ဆီး သို့မဟုတ် ဝမ်း မထိန်းနိုင်တော့ခြင်း၊ ဆီးသွားရခက်ခြင်း -​ပေါင်အရင်း၊ ‌ဆီးခုံနေရာများ ထုံထိုင်းသွားခြင်း စသည့် လက္ခဏာများ ကြုံတွေ့ရပါက အကြောအရိုးအဆစ် နားလည်တတ်ကျွမ်းသူ များနဲ့ ချက်ချင်း ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ *မိတ်ဆွေက အခုလိုမျိုးနာတာရှည် ခါးနာဝေဒနာ ခံစားနေရရင် ကုန်ကျစရိတ်နဲ့ ဘေးထွက်ဆိုးကျိုးအနည်းဆုံး ဖြစ်စေဖို့ တိုင်းရင်းဆေးကို ဦးစားပေးရွေးချယ် ကုသလိုက်ပါ။

သြဇာ တိုင်းရင်းဆေးခန်း၊မန္တလေး
သြဇာ တိုင်းရင်းဆေးခန်း၊မန္တလေး
Open In TikTok:
Region: MM
Wednesday 09 September 2026 05:11:33 GMT
16298
599
12
33

Music

Download

Comments

sfghh094
🌻မောင် "ပြုံး"🌻 :
ကျွန်နော်ကဆရာခါးတွေနာတယ်ဆရာ လှုပ်ရှားမှုမရှိရင်နာတယ်ဆရာ အဆပ်တွေစားရင်လဲနာတယ်ဆရာ ဘလိုဖြစ်တာလဲပြောပြပေးပါအုံးဆရာ
2026-09-11 12:40:55
0
zin.phyo6997
Zin Phyo :
ဟုတ်ပါတယ် ကျွန်တော်လဲ L4 s1 ကျွံပြီးအာရုံးကျောဖိနေပါတယ် ဆေးသောက်နေရပါတယ်
2026-09-10 06:17:03
0
aungmaythan0999
May :
ဟုတ်ပါတယ်ခါးနားတာပျောက်ပေမဲ့တင်ပါး ကနေခြေဖဝါးထိနာနေတာဘယ်လိုကုသင့်ပါသလဲရှင်🥰🥰
2026-09-10 03:51:50
0
myomyint467
dyrroth _gon Flash :
လူပ်ရှားတိုင်းတကိုယ်လုံးအကြောတေပူတာဘာကြောင့်လဲ
2026-09-09 12:41:43
0
To see more videos from user @awwzartmed7, please go to the Tikwm homepage.

Other Videos


About