@hsh2115: " Raymond (Idiots) သို့မဟုတ် ကျွန်တော့်ဘ၀ရဲ့အပိုင်းအစတစ်ခု " 2021နောက်ပိုင်း နိုင်ငံရေးမငြိမ်မသက်ဖြစ်ဆဲကာလတစ်ခု အဲ့တုန်းကနယ်မှာ အစ်ကိုတစ်ယောက်နဲ့ရင်းနှီးခဲ့ဖူးတယ် သူနဲ့အတူအချိန်တစ်ခုထိ အတူတူနေခဲ့ကြတာ ညီအစ်ကိုတွေလိုပဲ အခုတော့သူလည်း အဝေးရောက်နေပါပြီ အဲ့ကာလမှာ သူ့ဆီကနေတဆင့် ကျွန်တော်ပထမဆုံး "Raymond နဲ့ Idiots" ကိုစသိပြီး သူတို့သီချင်းတွေ စနားထောင်ဖြစ်တယ်... ဒါရိုးရိုးသားသားပြောတာပါ အရင်က သီချင်းအချို့ကိုတော့ကြားဖူးပေမယ့် ကျွန်တော်သေချာနားမထောင်ခဲ့ဖူးပါဘူး ဥပမာပြောရရင် သီချင်းကိုသိတယ် လူနဲ့သီချင်းတွဲပြီးမသိဘူး ဆိုတာမျိုးပေါ့... သို့သော်...ကျွန်တော်သေချာလေး Idiotsကို နားထောင်တဲ့အချိန်ကနေစပြီး Raymondသည် ကျွန်တော်အရမ်းကြိုက်တဲ့ Artistsတွေထဲကတစ်ယောက်ဖြစ်လာခဲ့တယ်... ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ် တော်တော်များများလည်းကျွန်တော့်လိုပဲနေမှာပါ ကိုယ်အရမ်းသဘောကျတဲ့ Artistတွေရဲ့အကြောင်းဆိုရင် အရမ်းစိတ်၀င်စားတာ သိချင်တာ သူတို့ရဲ့ဘ၀ဖြတ်သန်းမှုတွေ စိတ်နေသဘောထားတွေ အနုပညာတွေကို ကိုယ်လေ့လာနိုင်သလောက်ကို လိုက်လေ့လာတယ် ခံစားတယ်... အဲ့ဒီလိုနဲ့ အချိန်ပိုပေးပြီး သူ့ရဲ့သီချင်းတွေနားထောင် Interviewတွေ၀င်ကြည့် ရေလည်ချစ်ဖို့ကောင်းတဲ့ဘဲကြီး သူ့ကြည့်လိုက်ရင်ကို လူကအလိုလိုပျော်နေတာမျိုး... အော်...ကိုတွတ်ရယ် ခင်ဗျားတန်ဖိုးသိလာတဲ့အချိန်ကြမှ ကျွန်တော်တို့ကို နှုတ်ဆက်သွားပြီတဲ့လား... Raymondရဲ့သီချင်းတွေမှာ အချစ် အလွမ်း မပြည့်စုံခြင်း လူငယ်ဘ၀ရဲ့ မာနနဲ့နာကျင်မှုတွေကို ရိုးရိုးရှင်းရှင်းနဲ့ ရင်ထဲရောက်အောင်ပြောပြနိုင်တဲ့အရသာရှိတယ်... ဒီနေရာမှာကျွန်တော်တွေးမိတာက... တစ်ချို့သီချင်းတွေက နားထောင်ဖို့ပဲမဟုတ်ဘူး ကိုယ့်ဘ၀ထဲမှာ တစ်ချိန်က ဖြတ်သန်းခဲ့ဖူးတဲ့လူတွေကို ပြန်သတိရဖို့ဖြစ်လာတာ... Raymondသီချင်းတွေကို နားထောင်တိုင်း လူငယ်ဘ၀ရဲ့မာနတွေ မပြောဖြစ်ခဲ့တဲ့စကားတွေ မပိုင်ဆိုင်ခဲ့တဲ့အချစ်တွေ လက်လွှတ်လိုက်ရပေမယ့် မမေ့နိုင်သေးတဲ့သူတွေကို တိတ်တိတ်လေးပြန်တွေ့နေရသလိုပဲ... တစ်ခါတလေ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းနဲ့ မဆုံးဖြတ်ဘူး မပိုင်ဆိုင်နိုင်ခဲ့ရင်တောင် ရင်ထဲမှာ တစ်နေရာပေးထားနိုင်ခြင်းကလည်း အချစ်တစ်မျိုးပဲဖြစ်နိုင်တယ်..... Raymondရဲ့အသံထဲမှာ လူငယ်တစ်ယောက်ရဲ့ ရယ်သံလည်းရှိတယ် ခွဲခွာခြင်းရဲ့ နာကျင်မှုလည်းရှိတယ် မာနကြီးလို့မပြောဖြစ်ခဲ့တဲ့ လွမ်းတယ် ဆိုတဲ့စကားလေးလည်းရှိတယ်... အချိန်တွေက ဖြတ်သန်းသွားပေမယ့် သီချင်းတစ်ပုဒ်ကတော့ အချိန်ကို ပြန်လှည့်ပေးနိုင်တယ်... အဲ့ဒီသီချင်းထဲမှာ တစ်ချိန်က ကိုယ်ဖြစ်ခဲ့ဖူးတဲ့လူတစ်ယောက် ချစ်ခဲ့ဖူးတဲ့လူတစ်ယောက် ဆုံးရှုံးခဲ့ဖူးတဲ့အချိန်တစ်ခု အမြဲတမ်း ရှင်သန်နေတတ်တယ်... Raymondရဲ့သီချင်းတွေက သီချင်းတွေထက်ပိုတဲ့ ကျွန်တော်တို့မပြောဖြစ်ခဲ့တဲ့ ဘ၀အပိုင်းအစလေးတွေရဲ့ အသံတွေပါပဲ... Brothersတို့ဘ၀မှာရော ဒီဘဲကြီးနဲ့ပတ်သက်တဲ့ အမှတ်တရတွေ ဒါမှမဟုတ် သူနဲ့ပတ်သက်တဲ့ ဘ၀ရဲ့အပိုင်းအစလေးတွေရှိခဲ့ရင် အချိန်ပေးနိုင်မယ်ဆိုရင်ဖြင့် လွတ်လပ်စွာပြောပြလို့ရပါတယ်... #photocrd_to_owner
нᴇιɴ sιтт нтιɴ
Region: MM
Wednesday 09 September 2026 05:37:25 GMT
Music
Download
Comments
🖤TOUTP🖤 :
idiotsကြီးကို သေလို့ရတယ် သီချင်းနဲ့စသိခဲ့တာပါ😳 ကိုယ်သိလိုက်ရတဲ့အချိန်မှာ သူကဒီလောကကြီးထဲမှာမရှိတော့ဘူးလေ😰သူ့သီချင်းတေကိုသိပ်ကြိုက်ပါတယ် နားထောင်နေဆဲပါ 🙂g12စာမေးပွဲမဖြေခင်ရက်ပိုင်းအလိုမှာ စိတ်တေအရမ်းရှုပ်ထွေးနေချိန် သူပုံကိုထိုင်ဆွဲနေတဲ့အထိရူးခဲ့ဖူးပါတယ်💔
2026-09-10 11:21:12
7
Khin Khin Cho :
2017 2018လောက်ကပေါ့ အိမ်ဘေးနားက အကိုက နေ့တိုင်း ဘာလိုနေသေးလဲ ၀မ်းနည်းတတ်တဲ့ ချစ်သူ နားထောင်တာပေါ့ အဲ့တုန်းက ကိုယ်တွေ ရော်ရွက် ရာ၀နတို့ နားထောင်တဲ့ခေတ်ပေါ့ အဲ့တုန်းက ကိုယ့်ကိုကိုယ် ဘယ်music type ကိုကြိုက်လဲ မသိဘူး လူကြိုက်များတဲ့ သီချင်းကို လိုက်ကြိုက်လိုက်တာပဲ အဲ့တုန်းက ပေါ်ပင်ဖန်ပေါ့ အဲ့မာနဲ့ ညီမစိတ် ညစ်နေတဲ့ချိန် စိတ် ပင်ပန်းနေတဲ့အချိန်မာ ဖွင့်နေကျအတိုင်းပဲ အိမ်ဘေးက အကိုအသိတစ်ယောက်က ဘာလိုနေသေးလဲ ဖွင့်တာ ကိုယ်နားထောင်လိုက်တာ ရင်ဘတ်ထဲ ရောက်သွားတယ် ကြက်သီးပါ ထတဲ့အထိပဲ အဲ့မာပဲ ဘ၀မာ ပထမဦးဆုံးရင်ဘတ်နဲ့ နားထောင်တဲ့ သီချင်းက ဘာလိုနေသေးလဲ သီချင်းဆိုတော့ ညီမကအဲ့ ဘေးအိမ်ကအကို ကိုယ်သွားမေးတာပေါ့ အကို အဲ့တာ ဘယ်သူဆိုတာလဲ အကို ညီမ နားထောင်ဖူးတဲ့ သီချင်းအဆိုတော်ထဲမာ ဒီသီချင်း ဆိုတဲ့ လူက တော်တော်အသံကောင်းတယ် အဲ့အကိုက ပြောတာပေါ့ အားကြိုးမာန်တတ်နဲ့ Idiotsက ရေမွန်တဲ့ အဲ့မာနဲ့ ညီမ လဲ သူသီချင်းတွေလိုက်နားထောင်ရင်း ဘ၀မာ ပထမဦးဆုံးအကြိုက်ဆုံး အနုပညာရှင်က ကိုရေမွန်ဆိုတာပဲ ။
2026-09-20 07:52:50
4
𝙍𝘼𝙔𝙈𝙊𝙉𝘿🤘𝙞𝘿𝙄☠︎𝙏𝙎 :
ကျွန်တော်ရဲ့ Fav Artist ကြီးပါဗျာ
ကိုတွတ်ရဲ့သီချင်းတွေက ကျွန်တော့်အတွက်တကယ် ဆေးစွမ်းကောင်းတွေပါပဲ🤘စိတ်ဓာတ်တွေကျနေရင် ကိုတွတ်ရဲ့ သီချင်းတွေနားထောင်လိုက်တာနဲ့ စိတ်ဓာတ်ကျနေတာ တွေအလို"ပျောက် ကွယ်သွားတယ် ကိုတွတ်လိုLegendကြီးက တကယ်ကို မကြွေသင့်တဲ့ကြယ်ပါဗျာ😔 ကျွန်တော်တို့လူငယ်တွေရဲ့ ရင်ဘက်ထည်းထိဝင်ကြည့်ပြီး သီချင်းတွေနဲ့ အားပေးခဲ့လို့ တကယ်ကျေးဇူးတင်ပါတယ်ကိုတွတ်ရေ🤘🙏🏻ကိုတွတ်ကို ကျွန်တော်တို့ ပရိတ်သက်အားလုံးက အမြဲ ဂါရဝပြုလျှက်ပါဗျာ🙏🏻🙏🏻miss ko raymond😭🤘
2026-09-09 15:41:36
4
ʜᴀʙɪʙɪ :
အမှတ်တရတွေထဲက နောက်ဆုံးတွေ့ခဲ့ရတဲ့အခါပေါ့
2026-09-10 02:45:15
2
𝕂𝕪𝕒𝕨 𝕄𝕪𝕚𝕟𝕥 𝔸𝕪𝕖 :
😍😍😍တစ်ခါတလေ အချစ်ဆိုတာ
ပိုင်ဆိုင်ခြင်းနဲ့ မဆုံးဖြတ်ဘူး
မပိုင်ဆိုင်နိုင်ခဲ့ရင်တောင်
ရင်ထဲမှာ တစ်နေရာပေးထားနိုင်ခြင်းကလည်း
အချစ်တစ်မျိုးပဲဖြစ်နိုင်တယ်.....😍😍😍 ဒါကြီးကတော့ ထိတယ်ဗျို့🥺🥺🥺
2026-09-10 14:25:08
4
✝ENZO▪ :
2026-11-02 12:47:40
1
𝐒𝐚𝐢 𝐄𝐚𝐢𝐧𝐭 𝐊𝐡𝐚𝐦 :
ဆယ်ကျော်သက်အရွယ်
"ချန်ခဲ့"သီချင်းနဲ့စသိခဲ့တာ
အခုအသက်(၃၀)ပြည့်တော့မယ်
ကိုတွတ်သီချင်းတွေခုထိနားထောင်တုန်းပဲ🥺
2026-09-10 12:52:49
2
` K :
ကိုတွေရှေ့မှီနောက်မှီတွက်တော့ တန်ဖိုးဖြတ်မရတဲ့ Artist ပေါ့ အခုထိ သတိရတုန်းပဲ
2026-09-10 14:43:29
2
Htun Gyi :
ဘယ်မြို့မှာ rockပွဲလုပ်လုပ် ရေမွန် ကျားပေါက် အာဇနည် မပါပဲ အသက်ဘယ်လောက်ထိပါမှာလဲ🥺
2026-09-10 03:50:02
1
🍒카잉🍒 :
2008ခု 8တန်းနှစ်ကတည်းက ငါသေလို့ရတယ်သီချင်းလေးနဲ့သူ့ကိုကြိုက်ခဲ့ပီး ဘဝတစ်လျောက်သူ့သီချင်းတွေနဲ့ကြီးပျင်းခဲ့တာမို့ ဘဝမှာတစ်ဦးတည်းသောသဘောကျရဆုံးလူသားလေးမို့ သူမရှိတော့ပေမဲ့ရင်ထဲမှာအမြဲရှိနေတဲ့သူပါ
2026-09-11 23:12:44
1
SÂÎ NÂÛÑĜ{ B-N-S } :
lebl ထပ်ပြီးပြိုလဲပြန်ပြီး..💙😑😔
2026-09-09 16:12:05
1
Zaw Nyein Aung :
2026-09-10 08:02:20
2
Ton Buck :
ရေမွန် နဲ့ ချက်စတာ ကိုနှမြောဆုံး
2026-09-19 12:45:35
1
MoonFang :
လူရိုးကြီးပါဗျာ ရင်ဘတ်ထဲမှာအမြဲရှိပါတယ်ဗျာ
2026-09-10 15:23:27
1
ko thet naing83 :
အကို အသက် 44
ငါတိုနိုင်ငံမှာ
ဒီလို အဆိုတော်(ပညာရှင်)
အသက်ရှည်စေချင်တာ
ငါတိုနဲ့မတန်လိုလားမသိ
2026-09-10 13:42:52
1
(≖‿≖)✧ 𝗦𝝝𝝨 (≖‿≖)✧💕💕🤪🤪 :
အန်တီခင်မြတ်မွန်တို့နဲ့ သူအဆိုနော်မဖြစ်ခင် ဟာမိုနီအရင်ဆိုထဲ့သတိထားမိ နောက်ကိုပိုင်သီချင်းတွေ့ထွက်လာတော့ဘာလာပေါ့ကိုတွတ်ကငယငယ်ထဲ့ကချစ်မွေးပါ🥰🥰
2026-09-11 02:35:58
1
N 𒉭 :
2026-09-13 05:36:46
1
GUITARIST WILLIAM :
2026-09-10 05:15:53
1
Aung si phyo :
broနဲ့တူတယ်ဗျာ အရမ်းကြိုက်တာတာ tattoo ပါအမှတ်ရထိုးဖစ်တယ်
2026-09-10 00:24:51
1
Thidar Oo :
💋💋💋
2026-10-16 07:34:38
1
🇲🇲namwi💙💙🇸🇬 :
2026-10-17 08:38:04
1
🆃︎🅷︎🅰︎🆁🆃🅷🅰︎🆁 :
သူဆုံးသွားပြီဆိုတာအိမ်ကအမ ပြောတာမယုံလို့လိုင်းဖွင့်ကြည့်တော့တကယ်ဖြစ်နေတယ်
သတင်ကြားကြားချင်းငိုပစ်တယ်ဗျားလုံးဝမခံစားနိုင်ဘူးအခုထိ့လည်းသူ့ကိုလွမ်းတယ်ဗျား❤️🩹
2026-09-10 16:02:59
2
s_cho1.1 :
မွေးတဲ့နှစ်နဲ့ ခွဲခွါခြင်း နှစ်တွေက ကျက်သရေတုံးတဲ့ နှစ်တွေကြီးဘဲ 😢
2026-09-11 13:41:10
2
ko yu :
ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးအရာ မေတ္တာမဟုတ်ဘူးလား .....
2026-10-22 14:42:58
2
ဆု ကိုမှမရရင်သေနိုင်တယ်ကွာ :
သတိရတယ် သီချင်း အသစ်တေ လိုက်တီးချင်သေးတယ်
2026-09-11 15:45:24
1
To see more videos from user @hsh2115, please go to the Tikwm
homepage.