@snap.mandalar.med: ကားပေါ်ကို အမြစ်ကနေ ကျွံကျလာတဲ့ ကုက္ကိုပင်ကြီး — ယာဉ်မောင်း ဒဏ်ရာရ မန္တလေး စက်တင်ဘာ ၉ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားတွင် ယနေ့ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်က ရပ်နားထားသည့် Light Truck ယာဉ်ပေါ်သို့ ကုက္ကိုပင် အမြစ်မှကျွံ၍ ပိကျခဲ့သဖြင့် ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကုက္ကိုပင်မှာ လုံးပတ် ၉ ပေခန့်နှင့် အမြင့် ၄၀ ပေခန့်ရှိပြီး ယာဉ်မောင်း ဦးဇာနည်အောင်တွင် ညာခြေသလုံးရိုးကျိုး၊ ဝဲပေါင်းကျိုးနှင့် ခါးညိုမဲဒဏ်ရာများ ရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ဒဏ်ရာရရှိသူအား ကယ်ဆယ်နိုင်ခဲ့ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ #SnapMandalarMedia #မန္တလေး #သတင်း #သစ်ပင်ပိ

Snap Mandalar Media
Snap Mandalar Media
Open In TikTok:
Region: MM
Wednesday 09 September 2026 06:00:02 GMT
570322
29930
484
3173

Music

Download

Comments

alsavatoe
One Million :
စည်ပင်တေ စောက်လုပ်ကို မလုပ်တာ
2026-09-09 06:44:50
88
bhone.thant.ko7
Bhone Thant Ko(ကြက်တကောင်သား) :
ကရိန်း ဘာလို့ မသုံးတာလဲ အချိန်မြန်သလို ခံနေရသူလဲ သက်သာတာပေါ့
2026-09-09 06:50:43
78
saittw
Sai Thein Than wai :
စည်ပင်က အန္တရာယ်ရှိသစ်ပင်တွေ ခုတ်ဖို့ညွှန်ကြားရမယ် ရန်ကုန်မှာလည်း အများကြီးပဲ ရှိသေးတယ်
2026-09-09 06:57:37
36
aamone45
💔💔Amone မြို့တော်💘💘 :
အပင်ပိနေပါတယ်ဆိုသူတို့ကအပေါကဖိနေတယ်မဟုတ်သေးဘူးလေ
2026-09-09 06:57:15
10
user86985505997132
သဲသခင် :
ဘယ်အချိန်မှာဘာဖြစ်မလဲ ကြိုမသိရတဲ့လူ့လောကကြီးရယ်
2026-09-09 07:30:16
24
daw.ei5712
ဒိအော် :
စည်ပင်ကစီမံခန့်ခွဲမှုပေါ့ဆလို့ဖြစ်တာ
2026-09-09 06:52:32
26
yaungni185
Bhone Yaung Ni :
တော်တော်လေးကို ကံကောင်းတယ်ဗျာ အမြန်ဆုံးသက်သာပါစေ
2026-09-09 06:31:33
20
user5304250975012
ကိုတုတ်တုတ် :
ဘာမှာမဖြစ်ပါစေနဲ
2026-09-09 06:53:13
4
kokhantkokhant5359
KoGyiAungSan :
ကရိန်းနဲ့မရင်မရလောက်ဘူးလား
2026-09-09 06:46:57
7
utinhlaing96
elsaelza96 :
မြို့နယ်တိုင်းမှာရှိတဲ့ မီးသတ်ဌာနတွေကို မဖြစ်မနေ လှူထား/ရှိထားရမည့် သက်ကယ်ပစ္စည်းမျိုးစုံကို မြို့လူထု မှ စုပေါင်းလှူဒါန်းထားသင့်ကြပါတယ်။
2026-09-09 06:55:00
6
khaing.htwe918
khaing htwe :
ဘယ်လိုရိုက်နေဘာမှမမြင်
2026-09-09 07:00:50
2
thahgievhajshhsisjhzkzs
thahgievhajshhsisjhzkzs :
ဘုရားကယ်ပေး ပါ
2026-09-09 07:33:04
1
san.tun838
San Tun :
ဘယ်မြို့ကလဲဗျ
2026-09-09 07:35:36
1
zaw.myo.htet6239
Zaw Myo Htet :
သတင်းဖတ်ရင်ဘယ်မြို့တုန်းမေးရတာတော်တော်မော မတင်လဲမတင်ပါနဲ့တင်ပီဆိုလဲမြိုု့နာမည်လေးတော့ထည့်ပါလို့
2026-09-09 08:31:19
0
daw.toetoe.shwe
Daw ToeToe Shwe :
ဘေးကင်းကြပါစေ ကူညီလုပ်ဆောင်သူ ေတွလဲအန္တရာယ်ကင်းပါစေ 🙏🙏🙏
2026-09-09 08:26:34
1
myat.lay.june
Myat Lay June :
ကရိန်းနဲ့မလေ လူကသေတော့မယ်ဘာလဲဟ[Innocent]
2026-09-09 07:13:03
4
thuzar38532
Nyanlinthu :
ဘယ်မြို့နယ်ဘယ်နေရာလဲခင်ဗျသိလို့ရမလားခင်ဗျာ
2026-09-09 07:44:36
0
ma.lay944
Ma Lay :
ကံဆိုးလိုက်တာစိတ်မကောင်းဘူး😳
2026-09-09 07:42:19
1
sarkalay021
သက်စမ်းရေ :
ကူညီကြသူများ ကျန်းမာချမ်းသာကြပါစေ ဒဏ်ရာရသူလည်း အမြန်ဆုံးသက်သာပါစေ
2026-09-09 07:37:48
18
nan.onn.sain.num
Nan Onn sain num :
မိမွေတိုင်းဖမွေးတိုင်း ပြန်လည်ကောင်းလာပါစေ။
2026-09-09 07:02:18
15
nang.htet.khaing
Nang Htet Khaing :
အသက်မသေတာ ကံကောင်း။ကူညီသူတွေလဲ ကျေးဇူးတင်ပါတယ်။လူနာလဲအမြန်သက်သာပါစေ။
2026-09-09 06:42:27
7
...ats_mana
AungThiriSoe[မနောစိတ္တုပ္ပါဒ်] :
မနက်ကလဲ ဓာတ်လိုက်တယောက် ခုလဲ အပင်ပိတဲ့ အမျိုးမျိုးကို ဖြစ်နေပါလား
2026-09-09 07:09:49
5
thaesumoe576
~^. :Thae Su Moe.....~{° ~ ° } :
ကျမကဆင်းရဲတယ် ဘော်လီနှစ်ထည်ပဲရှိတယိ
2026-09-09 07:52:24
2
daw.tds5
KO :
လူ့ဘဝကံတရားကိုတို့တွေဘာမှမတတ်နိုင်ကြဘူးဘုရားတရားသံဃာပဲအာရုဏ်ပြုရမဲ့အခြေအနေမမြင်ရက်လို့မကြည့်ဘဲလဲမနေနိုင်
2026-09-09 07:16:16
1
m.freya1
M.Freya :
သစ်ပင်ကို ကရိန်းနဲ့မ မရဘူးလားမသိ
2026-09-09 07:19:55
1
To see more videos from user @snap.mandalar.med, please go to the Tikwm homepage.

Other Videos


About