@benz_ongsa: จะให้ผู้ชายทักไม่ได้นะคะ 🤣 #สเปรย์ลูกคุณ #เซรั่มสเปรย์ขวดทอง #makeup

เบ้นองศา
เบ้นองศา
Open In TikTok:
Region: TH
Wednesday 09 September 2026 06:24:57 GMT
450135
8956
14
511

Music

Download

Comments

_miumiu_.28
บ๊อกเเบ๊ก 🐽 :
คลิปนี้เเก้มตุ่ย
2026-09-09 18:26:09
44
smilesmoresr
@อ้าย๋าย :
แก้มมม
2026-09-09 08:25:55
2
loetrit_wan
ว่าน🐳 :
เดทไหน
2026-09-09 06:42:38
2
kn828784
jjjjjjj :
ดอลลี่อายของอะไรคะ
2026-10-15 10:40:45
1
min._.bayza_.2543
Min(มิน)bayza(เบร์ซ่า) :
2026-09-09 06:26:42
11
virwvyy
หนูวิววี่🤍 :
รีวิวหัตถการหน่อยค่ะทำอะไรมาคะ🙏😍
2026-09-09 12:30:08
0
jenaiiga_
มาเตโอ :
@กนก อะไรแบบนี้เหมาะมาก
2026-09-13 16:48:36
2
username1277467667689
username1277467667689 :
@เฮาะ
2026-09-24 13:45:01
1
addison0175665
ชีตาห์ :
😋😋😋
2026-11-11 06:38:43
0
To see more videos from user @benz_ongsa, please go to the Tikwm homepage.

Other Videos

ဘဝမှာ လူတစ်ယောက်ဟာ တစ်ခုခုကို လိုချင်လာပြီဆိုရင် တစ်ခါတလေ တခြားတစ်ခုကို စွန့်လွှတ်ဖို့ လိုအပ်လာတတ်တယ်။ ဒါပေမဲ့ လူအများစုကတော့ ဘာတစ်ခုမှ မဆုံးရှုံးချင်ဘဲ အရာရာကို မျှတအောင် ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားတတ်ကြတယ်။ လူမှုဆက်ဆံရေးတစ်ခုမှာလည်း ဒီလိုပါပဲ။ လက်ရှိချစ်သူရည်းစားအပေါ် ချစ်ခြင်းမေတ္တာ မရှိတော့ပေမဲ့ သံယောဇဉ်၊ အမှတ်တရတွေနဲ့ တစ်ဖက်လူကို မနာကျင်စေချင်တာကြောင့် ဆက်ဆံရေးကို အဆုံးသတ်ဖို့ မပြတ်သားနိုင်တာမျိုး ရှိတတ်တယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ဘဝထဲကို ဝင်လာတဲ့ အသစ်အပေါ်လည်း စိတ်ဝင်စားမိ၊ ချစ်မိနေတတ်ကြတယ်။ တွဲနေတဲ့ တစ်ဖက်လူကိုလည်း သံယောဇဉ်ကြောင့် ဆက်ဆံရေးကို မဆုံးရှုံးချင်။ အဲ့ဒါက တစ်ဖက်လူအတွက် မျှော်လင့်ချက်အမှားတွေ ဖြစ်စေနိုင်တယ်။ နောက်တစ်ဖက်လူကိုလည်း ဆက်ဆံရေးမပျက်စေချင်နဲ့။ သူငယ်ချင်းဆက်ဆံရေးမှာလည်း သူငယ်ချင်းတစ်ယောက်ဘက်ကို လိုက်ရင် နောက်တစ်ယောက် စိတ်ပျက်သွားမှာစိုးလို့ ဘယ်သူ့ဘက်ကိုမှ ပြတ်ပြတ်သားသား မရပ်တည်နိုင်တာမျိုး ရှိတတ်တယ်။ ဒီလိုနဲ့ လူတိုင်းကို မဆုံးရှုံးချင်တဲ့စိတ်ကြောင့် ဘယ်သူ့ကိုမှ ရှင်းရှင်းလင်းလင်း မရွေးချယ်နိုင်ဘဲ ဆုံးဖြတ်ချက်တွေကို ရှောင်လွှဲနေတတ်ကြတယ်။ မိသားစုကို လုပ်ကျွေးနေရတဲ့သူတစ်ယောက်ဆိုရင်လည်း မိသားစုအတွက် အဆင်ပြေစေချင်သလို ကိုယ့်ဘဝအတွက်လည်း တည်ဆောက်ချင်တယ်။ အဲဒီအခါ မိသားစုတာဝန်နဲ့ ကိုယ်ပိုင်ရည်မှန်းချက်ကြားမှာ နှစ်ဖက်လုံးအဆင်ပြေမယ့် နည်းလမ်းကို ရှာဖွေနေတတ်ကြတယ်။ အလုပ်လုပ်နေတဲ့သူတစ်ယောက်အတွက်လည်း ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မိသားစုအတွက် ပေးချင်သလို ကိုယ်ချစ်ရတဲ့သူအတွက်လည်း အချိန်ပေးချင်ကြတယ်။ ဒါပေမဲ့ အချိန်ဆိုတာ အကန့်အသတ်ရှိတဲ့အရာဖြစ်လို့ လူတိုင်းကို အချိန်ပေးနိုင်ဖို့ မလွယ်ကူဘူး။ ပစ္စည်းတစ်ခုခု ဝယ်ယူရွေးချယ်တဲ့အခါမှာလည်း ဟိုဟာလေးလိုချင်၊ ဒီဟာလေးလည်း လိုချင်နဲ့ ကိုယ်လိုချင်တာတွေအားလုံးကို ရချင်ပေမဲ့ ကိုယ့်ရဲ့ဘတ်ဂျက်နဲ့ ကိုက်ညီတာကိုပဲ ရွေးချယ်ရတယ်မလား။ ဒီလိုပါပဲ။ ဘဝရဲ့ကဏ္ဍအသီးသီးမှာ ကိုယ်လိုချင်တာတွေ၊ ကိုယ်တာဝန်ယူထားရတာတွေ၊ ကိုယ်တန်ဖိုးထားတဲ့အရာတွေ အများကြီးရှိနေတတ်ပေမဲ့ အရာအားလုံးကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားနိုင်ဖို့ဆိုတာ အမြဲတမ်း မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဘဝမှာ လူတိုင်းကို စိတ်ကျေနပ်စေမယ့် ဆုံးဖြတ်ချက်ဆိုတာ အမြဲတမ်း ရှိမနေဘူး။ လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့ ကြိုးစားရင်း ကိုယ့်ဘဝကိုယ်တောင် မဆုံးဖြတ်နိုင်တော့တာဟာ သနားစရာလည်းကောင်းသလို သင်ခန်းစာယူဖို့လည်းကောင်းတယ်။ လူတစ်ယောက်ဟာ လူဆိုးတစ်ယောက်တော့ မဟုတ်နိုင်ဘူး။ စိတ်ရင်းလည်း ကောင်းချင်ကောင်းမယ်။ သူ့ပတ်ဝန်းကျင်က လူတိုင်းကိုလည်း အဆင်ပြေစေချင်မယ်။ ဘယ်သူ့ကိုမှ စိတ်မဆိုးစေချင်ဘူး။ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး။ စိတ်ကောင်းရှိခြင်းနဲ့ ဆုံးဖြတ်ချက်ပြတ်သားခြင်းဟာ တစ်ခြားစီပဲနော်။ တစ်ခါတလေ တစ်ချို့ကိစ္စတွေမှာ ပြတ်သားစွာ ဆုံးဖြတ်နိုင်ဖို့ အားနည်းနေတတ်တယ်။ ကိုယ်က ဘယ်သူ့ကိုမှ မနာကျင်စေချင်လို့ ပြတ်သားမှုမရှိဘဲ ဆုံးဖြတ်ချက်တွေကို ရှောင်လွှဲနေတဲ့အခါမှာလည်း တစ်ဖက်မှာ မျှော်လင့်ချက်တွေ၊ မသေချာမှုတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ကျန်ခဲ့ရနိုင်တယ်။ နောက်ဆုံးမှာတော့ လူတိုင်းကို ပျော်ရွှင်အောင်၊ အဆင်ပြေအောင် လုပ်ပေးဖို့ ကြိုးစားရင်း ကိုယ်တိုင်က ဘယ်သူ့ဆီမှာ၊ ဘယ်နေရာမှာ မှ စိတ်အေးလက်အေး နားခိုလို့မရတဲ့ အထီးကျန်မှုမျိုးကို ရောက်လာတတ်တယ်။ လူတစ်ယောက်ဟာ စိတ်ရင်းကောင်းနိုင်ပေမဲ့ ဆုံးဖြတ်ချက်ချဖို့ သတ္တိမရှိရင် သူ့ရဲ့မပြတ်သားမှုကြောင့် တခြားသူတွေကို နာကျင်စေနိုင်တယ်။ လူတိုင်းကို မဆုံးရှုံးချင်တာဟာ အမြဲတမ်း မေတ္တာကြောင့် မဟုတ်ဘူး။ တစ်ခါတလေ ကိုယ်တိုင်ဆုံးရှုံးရမယ့်အရာကို လက်မခံနိုင်တာ၊ ရွေးချယ်မှုရဲ့အကျိုးဆက်ကို ရင်မဆိုင်ရဲတာလည်း ဖြစ်နိုင်တယ်။ သင်ခန်းစာယူရမှာက လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့ ကိုယ့်ဘဝကိုယ် စတေးစရာမလိုဘူး။ ကိုယ်တိုင်လည်း ဘာလိုချင်တယ်၊ ဘာကိုရွေးချယ်ချင်တယ်၊ ဘယ်အရာကို တာဝန်ယူနိုင်တယ်၊မယူနိုင်ဘူး ဆိုတာ သိဖို့လိုတယ်။ ဆုံးဖြတ်ချက်တစ်ခုချင်းစီမှာ လူတိုင်းပျော်ရွှင်ဖို့ မဖြစ်နိုင်ပေမဲ့ အနည်းဆုံးတော့ ကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ လုပ်ရပ်အပေါ် ရိုးသားဖို့လိုတယ်။ တစ်ခါတလေ ပြတ်သားခြင်းဟာ ရက်စက်တာမဟုတ်ဘူးနော်။ မျှော်လင့်ချက်အမှားတွေ ပေးနေခြင်းထက် အမှန်တရားကို ရိုးသားစွာ ပြောပြခြင်းက ပိုပြီး မေတ္တာရှိရာရောက်တယ်။ သူများကို ပျော်ရွှင်စေဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကို မပျောက်ဆုံးစေနဲ့။ လူတိုင်းအတွက် လူကောင်းတစ်ယောက် ဖြစ်ပေးနိုင်ဖို့ထက် ကိုယ့်လုပ်ရပ်၊ ကိုယ့်ရွေးချယ်မှု၊ ကိုယ့်ဆုံးဖြတ်ချက်တွေအတွက် ကိုယ်တိုင် တာဝန်ယူနိုင်တဲ့ လူတစ်ယောက် ဖြစ်ဖို့က ပိုအရေးကြီးတယ်။ မူရင်းရေးသားသူအားcrdပေးပါသည်။ ဇောတိဇေယျ (Joti-jeya) #စာဖတ်ကြမယ်  #Joti-jeya #ဆက်ဆံရေး #foryou #contenido

About