@user710487501: တစ်နေ့မနက်မှာ ၆ နှစ်သား ကလေးတစ်ယောက်ဟာ သူ့အမေ ထမင်းဟင်းချက်နေတဲ့ မီးဖိုချောင်ထဲကို ဝင်လာတယ်။ သူ့ရင်ခွင်မှာလည်း ကြွေပန်းအိုးတစ်လုံးကို ပိုက်လာတယ်။ အမေဖြစ်သူဟာ အတော် ထိတ်လန့် သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပန်းအိုးကို တရုတ်နိုင်ငံကို အလည် သွားတုန်းက ဈေးကြီးပေးဝယ်လာခဲ့လို့ပါ။ အမေက ကလေးကို ပန်းအိုးကို ကြမ်းပေါ် အသာချလိုက်လို့ ပြောတာ ကလေးက ချလို့မရဘူးတဲ့။ အမေ လည်း ကလေးဆီကို သွားပြီး သေချာကြည့်လိုက်တော့ ကလေးရဲ့ညာလက် ဟာ ပန်းအိုးထဲဝင်နေတယ်။ အမေက ကလေးလက်ကို အားစိုက်ပြီး ဆွဲနှုတ်ပေမယ့်လည်း ကလေးရဲ့လက်ဟာ ပန်းအိုးထဲက ထွက်မလာဘူး။ အိမ်ရှေ့မှာ ထိုင်နေတဲ့ သူ့ယောက်ျားကို လှမ်းအော် ခေါ်လိုက်တယ်။ ကလေးက ကလေးအဖေရောက်လာပြီး သူ့သားလက်ကို အားစိုက် ဆွဲနှုတ် လက်နာနေပြီလို့ အော်လို့ ရပ်လိုက်ရတယ်။ လက်ကိုဆပ်ပြာရေလောင်းပြီး ဆွဲနှုတ်ပေမယ့်လည်း မရပါဘူး။ ဒီတော့ ကလေး အဖေလည်း စိတ်ပျက်လက်ပျက်နဲ့ စကားတစ်ခွန်းကို ရေရွတ်လိုက်တယ်။ “ငါ့သားလက်ကို ပန်းအိုးထဲက လွတ်အောင် လုပ်ပေးနိုင်ရင် ၁၀ ဒေါ်လာပေးမယ်ကွာ” ကလေးက “အဖေ တကယ်ပြောတာနော်” ဆိုပြီး သူ့လက်ဟာ ပန်းအိုးထဲက လွတ်ထွက်လာတယ်။ ပြီးတော့ ပန်းအိုးထဲက ဒေါက်ကနဲဆိုတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။ အဖေက ပန်းအိုးကို မှောက်ကြည့်လိုက် တော့ တစ်ဒေါ်လာတန် ငွေဒင်္ဂါးပြားတစ်ပြားဟာ ကြမ်းပေါ်ထွက်ကျလာ တာကို တွေ့လိုက်ရတယ်။ ဖြစ်ပုံက ဒီလိုပါ။ ကလေးဟာ ဆော့ကစားရင်းနဲ့ သူ့လက်ထဲက ဒင်္ဂါးပြားဟာ ပန်းအိုးထဲ ကျသွားတယ်။ ပန်းအိုးထဲကို လက်နှိုက်ပြီး ဒင်္ဂါးပြားကို ကောက်လိုက်တယ်။ ဒင်္ဂါးပြားကို လက်နဲ့ ဆုပ်ကိုင်လိုက်တော့ လက်သီးဆုပ်ကြောင့် အဝကျဉ်းတဲ့ ပန်းအိုးထဲကနေ လက်ကို ထုတ်မရ တာပါ။ ဒါပေမဲ့ သူ့အဖေက လက်ကိုနှုတ်ပေးနိုင်ရင် ၁၀ ဒေါ်လာ ပေးမယ် ဆိုတဲ့ စကားကို ကြားလိုက်လို့ ကလေးဟာ လက်သီးဆုပ်ကို ဖြည်ပြီး ဒင်္ဂါး ပြားကို လွတ်ချလိုက်လို့ လက်ကို ပန်းအိုးထဲက နှုတ်လို့ရသွားတာပါ။ ပုံပြင်လေးက ရိုးရိုးလေးပါ။ ဒါပေမဲ့ ကျွန်တော့်ခေါင်းထဲမှာ ခုလို စဉ်းစားစရာ အတွေးလေး ပေါ်လာပါတယ်။ ကလေးဟာ လက်ကို ဆွဲမနှုတ်နိုင်တာ သူဆုပ်ကိုင်ထားတဲ့ တစ်ဒေါ်လာကို စွဲလမ်းနေလို့ပါ။ သူဟာ ဒီထက်ပိုများတဲ့ ပိုက်ဆံရမယ် ဆိုတော့ စွဲလမ်းမှုကို စွန့်လွှတ်လိုက်တယ်။ ထိုနည်းတူပဲ ကျွန်တော်တို့မှာ စွဲလမ်းမှုတွေ ရှိပါတယ်။ မကောင်းတဲ့ အစွဲအလမ်းကို စွန့်လွှတ်ဖို့ အကျိုး တွေ အများကြီးရလာမယ်ဆိုတာကို သိမြင်မှ အဲဒီအစွဲအလမ်းကို စွန့်လွတ် နိုင်မှာပါ။ ဥပမာ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ တွေမှာ အဲဒါတွေ မလုပ်ရင် ရလာမယ့် အကျိုးတွေကို မြင်သိနားလည်မှသာ အဲဒီအစွဲအလမ်းတွေကို စွန့်လွှတ်နိုင်မှာပါ။ အားလုံး ကျန်းမာကြပါစေ။ #fypage #fyppppppppppppppppppppppp #ဘဝစာပေ #လူငယ်တွေအောင်မြင်ဖို့ #ဘဝအတွက်သင်ခန်းစာ @Ko Thar Sein(Official) @Ko Thar Sein(Official)

💦ma.cho💦
💦ma.cho💦
Open In TikTok:
Region: MM
Wednesday 09 September 2026 13:02:38 GMT
38801
1127
92
99

Music

Download

Comments

daw.win.yee216
Daw Win Yee :
တန်ဘိုးရှိတဲစာလေးတွေဖတ်ရလို့ကျေးဇူးတင်ပါတယ်
2026-09-13 14:57:03
1
aunty.ksm
Aunty KSM :
တန်ဖိုးအနဂ္ဂထိုက်တန်ပါတယ်🍀ကျေးဇူးတင်ပါတယ်🍀💖🍀
2026-09-10 08:23:26
2
violet4669
Violet :
🥰
2026-09-10 12:57:42
1
myint.myint.aye018
Myint Myint Aye :
ကျေးဇူးပါ🥰🥰🥰
2026-09-09 22:22:09
1
user6126286816979
U kyaw :
မဂ်လာပါ
2026-09-09 15:19:11
1
daw.than.than.aye5791
Daw Than Than Aye :
🥰
2026-09-10 00:13:14
1
pon.na.ka
PON NA KA :
2026-09-09 15:04:16
1
tyhfghi
kohtaywin731 :
ကျေးဇူးတင်ပါသည်
2026-09-12 12:54:24
1
user9356124738615
ကံသာ :
သင်ခန်းစာရပါတယ်ဗျာ🥰🥰🥰🥰🥰🥰ကေျးဇူးတင်ပါတယ်
2026-09-10 16:51:34
1
mg.moe2604
Mg moe :
မေမေ သားလက် ညတ်နေလို့🤧
2026-09-09 13:10:38
1
nnwe65588vr
(ဒလ) ပန်းနွဲ့ရည် :
လေးစားပါတယ်စာရေးသူလေးရယ်[Rose][Rose][Rose][Rose][Rose]
2026-09-10 12:42:54
1
blame672
U Win Hlaing :
ဓမ္မသံဝေဂရတဲ့ပုံပြင်
2026-09-10 08:57:13
1
user1138742406751
Win Naing :
2026-09-10 08:23:11
1
qrhdrhx
Khin Saw Yu :
ကျေးဇူးပါ
2026-09-13 16:03:57
1
thannaing2266
Than Naing 2266 :
🥰🥰🥰🥰🥰မဂ်လာပါ🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-09 14:19:01
1
u.lay.gyi1508
တောသားကြီးဖေညို :
2026-09-14 11:23:39
1
u.thein021
U Thein :
အရမ်းလေးစားပါတယ်ကျနော်လဲမိသားစုပျိုကွဲစအချိန်ကအရက်ကိုနေ့ညသောက်ဖြစ်တယ်တနေ့တော့မူးပီးငိုတယ်ဒါကိုကငါညီမင်းစွဲလမ်းချင်းတွေလွန်ကဲလာရင်ဒုက္ခလှလှတွေမယ်တဲ့အရာရာဟာမမြဲဘူးတဲ့ကို့ရှေကမုတ်ဆိုးမတွေကြည့်လိုက်အရက်သောက်လားတဲ့မသောက်ပါဘူးကိုကြီးလို့ပျောလိုက်တယ်ဒါဆိုမင်းကယောက်ျားမိန်မလောက်တောင်အသဲမရှိကောင်တဲ့အခုလဲကလေးကပေးသင်ခန်းစာထပ်ရပါတယ်ဘယ်အရာကိုမှစွဲလမ်းချင်းမထာတာအကောင်းဆုံးဆိုတာသိလာပါတယ်🥰
2026-09-09 15:41:18
1
u.s.e.r.25801
U Htay Aung :
2026-09-10 09:40:34
1
gmail4274
Gmail :
ကောင်းလိုက်ထာပညာပေးလေး
2026-09-09 14:02:41
1
drkhinmarhtay
Dr-Khin Mar Htay :
🥰တန်ဖိုးရှိလိုက်တာ
2026-09-10 04:41:01
2
mo.mo0780
Mo Mo :
တန်ဘိုးရှိတဲ့စာတွေကိုမကြာခဏဖတ်ခြင်ပါတယ် မေချိုရေ
2026-09-09 17:44:00
1
hlakyaw7026
hlakyaw :
2026-09-11 09:22:02
1
hany.tun40
Phyuphyuwin :
တန်ဖိုးရှိလှတဲ့အသိတရားတခုရခဲ့လို့ကျေးဇူးပါ
2026-09-10 10:42:01
2
dyg60sr63um8
dyg60sr63um8 :
တန်ဖို့ကြီးတဲ့စာသားမို့လေးစားပါတယ်မှန်ပါတယ်ပညာလည်းရပါတယ်
2026-09-09 13:56:55
2
dtta2691964
မေမေ မွှေစိန် :
🥰🥰🥰
2026-09-10 01:27:12
1
To see more videos from user @user710487501, please go to the Tikwm homepage.

Other Videos


About