@mote.thome0: ဘုရား၊တရားအရမ်းလုပ်တဲ့ မိန်းမအများစုက ဘာကြောင့် စိတ်ပုတ်ကြတာလဲ....? ဒါကတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းပြီး လူအများစုရဲ့ကြားမှာ ငြင်းခုံရလေ့ရှိတဲ့ အချက်တစ်ခုပါ။ ဘုရား ၊တရားလုပ်တယ်ဆိုတာ တကယ်တော့ စိတ်ထားဖြူစင်ဖို့ဖြစ်ပေမဲ့ ဘာလို့အပြင်ပန်းမှာ "စိတ်ပုတ်"တယ်လို့ မြင်ရတဲ့လူတွေ ရှိနေတာလည်း ဆိုတာကို အချက်အလက်တစ်ချို့နဲ့ "မုတ်သုန်" ရေးသားခြင်း ဖြစ်ပါတယ်။ ၁။ အမှန်တကယ် နားလည်မူ့မရှိခြင်း စာတတ် ၊ ပေတတ်ဖြစ်ပြီး အများစုက တရားရဲ့ အနှစ်အရသာဖြစ်တဒ့ မေတ္တာ ၊ ဂရူဏာ နဲ့ အနတ္တဆိုတဲ့ သဘောကို နားလည်အောင် ကြိုးစားတာထက် ရွတ်ဖတ် သရဇ္စျန်တာနဲ့ အစဥ်အလာ လုပ်ထုံးလုပ်နည်းတွေကိုပဲ အာရုံစိုက်နေကြလို့ပါ။ { ငါ ဘုရားတရား }လုပ်နေတယ် ဆိုတဲ့ အတ္တက ပိုကြီးလာပြီး တစ်ခြားသူတွေကို အထင်သေးတာ ၊ ငါသာလျှင် မြတ်တယ်လို့ ထင်တာမျိုးဖြစ်သွားတတ်တယ်။ ၂။ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမူကို လိုချင်လို့ဘုရားတရားကို လုပ်ပြတာမျိုးရှိပါတယ်။ စိတ်ထဲမှာ တကယ်မပါပဲ လုပ်နေရတဲ့အတွက် စိတ်ဖိစီးမူ့တွေ ရှိလာပြီး အဲဒီ"ဒေါသ" (သို့) မကျေနပ်မူတွေက်ို တစ်ခြားသူတွေအပေါ် ပုံချတတ်ပါတယ်။ ၃။ ကိုယ့်ကိုကိုယ်အပြစ်ကင်းစင်အောင် ကြိုးစားခြင်း ဒါက စိတ်ပညာသဘောတရား တစ်ခုပါ။ "ငါ"ဒီနေ့ ကုသိုလ်တွေ အများကြီးလုပ်ထားပြီးပြီပဲ ငါတစ်ယောက်ယောက်ကို အော်လိုက်တာ ၊ကုန်းတိုက်လိုက်တာ၊ "ဘာဖြစ်လဲ"ဆိုတဲ့ စိတ်မျိုးဖြစ်သွားတာပါ။ ကုသိုလ်လုပ်ထားခြင်းကို အမှားလုပ်ဖို့ "လိုင်စင်"တစ်ခုလို မှားယွင်းစွာ အသုံးပြုမိတတ်ကြပါ်။ ၄။ အစွဲလန်းကြီးခြင်း တရားသဘောအရ "ဥပါဒါန်"လို့ ခေါ်ပါတယ်။ ငါ့အယူအဆမှ မှန်တယ် ၊ ငါလုပ်ရပ်မှန်တယ်လို့ အရမ်းစွဲလမ်းသွားတဲ့အခါ ကိုယ်နဲ့မတူတဲ့လူတွေကို ရန်သူလိုမြင်ပြီး စိတ်ပုတ်တဲ့ အပြုအမူတွေကို လုပ်မိသွားတတ်ပါတယ်။ (ဘုရား ၊ တရား )လုပ်တဲ့ အမျိုးသမီးတိုင်းတော့ မဟုတ်ပါဘူး။ တကယ်တိတ်တိတ် ဆိတ်ဆိတ်နဲ့ စိတ်ထားကောင်းတဲ့ သူတွေလဲ အများကြီးရှိပါတယ်။ ဒါပေမယ့် စိတ်ပုတ်တဲ့သူတွေက ပိုပြီးတော့ ပေါ်လွင်နေတာကြောင့် အားလုံးကို { အုပ်စုဖွဲ့ }ပြီး မြင်သွားတတ်ကြတာပါ။ "တကယ်တော့" ဘာသာရေးဆိုတာ ကိုယ့်ကိုကိုယ် ပြင်ဖို့ဖြစ်ပြီး သူများကို "တရားစီရင်ဖို့"မဟုတ်ပါဘူးဆိုတာကို သဘောပေါက်ဖို့ လိုအပ်တာပါ.........။ မုတ်သုန်....ရေးသားသူ /ထူးကြီးမြို့#ရောက်ပါစေfypပေါ်😍myanmartiktok

ᴹ ᵀʰᵒᵐᵉ ˢᵃʳᵗᵒ
ᴹ ᵀʰᵒᵐᵉ ˢᵃʳᵗᵒ
Open In TikTok:
Region: MM
Wednesday 09 September 2026 14:49:50 GMT
168506
9132
216
772

Music

Download

Comments

swemar015
Ma Swe Mar :
လောကဓံရဲ့ နှိပ်စက်မှုတွေ ခံရလွန်းလို့ပါ စိတ်ပုတ်တာမဟုတ်ဘူး စိတ်မရှည်တာပါ
2026-09-10 03:06:34
63
userkhinmoehtwe.thu6
Khin Moe Htwe :
မေတ္တာတရားတွေပေးတာများပီး အသိအမှတ်မပြုတာခံရတော့ စိတ်ပုပ်မိတာပါရှင့်🥰
2026-09-10 09:44:47
13
user718325725
Aung Aung :
စိတ်မပုတ်ပါဘူးစိတ်ကောင်းလွန်းလို့ကိယ်အားနည်းချက်ကိုတောင်လိုက်ပြီတိုက်ခိုက်တာခံနေရတယ်
2026-09-09 15:09:48
23
pohpohmyintnaing
MohMohMyintNaing :
စိတ်မပုတ်ပါဘူးစိတ်ကောင်းလွန်းလို့ကိုယ်ကပဲခံနေရတယ်မေတ္တာပဲထားပေးလိုက်ပါတယ်
2026-09-10 06:20:08
11
marmar1852
marmar1852 ❤️ mar mar win ❤️ :
အမှန်ပေါ့ရှင့်လူမြင်ကောင်းအောင်လုပ်ကြတာလုပ်ရပ်တွေမသိတော့သူတော်ကောင်းလို့မြင်ကြတာ🤭🤭🤭
2026-09-10 06:46:25
7
note.11r82
🍃Y🌻🍀🍃 :
စိတ်ကတော့တကယ်အေးချမ်းတယ်လေ🥺
2026-09-10 05:33:40
8
user2560074712361
HninHninOo(မိုးကုတ်သူ) :
အမှန်ပဲလူရိုးလူမှန်နောက်မှာကျန်တဲ့ကိုယ်ကကောင်းအောင်နေလဲမကောင်းမြင်မကောင်းပြောခံရတယ်
2026-09-09 21:34:40
11
www.titok.comphyuphyu
ဖြူ :
ဘုရား တရားလုပ်မှတော့ ပုတ်စရားလားရှင့်
2026-09-10 00:32:51
9
vipmakeupservice
VIP Makeup Service 💄(ဝခမ) :
အဲ့ဒီအဖြေကိုရှာနေတာကြာပြီ😊😊
2026-09-10 14:35:54
1
maymoe8394
KoKo@MayMoe :
ရေးတဲ့သူတော်တာ😍😍 ကွက်ကွက်ကွင်းကွင်းနဲ့ထိထိမိမိရေးထားတာ ကိုယ်လုပ်မိခဲ့သမျှမြင်ယောင်မိတယ် စာသားလေးကောင်းပါတယ်ရှင့် ကျေးဇူးတင်ပါတယ်နော်🥰🥰🥰
2026-09-10 06:13:06
6
.accounts.12
🍁🫶🏻杨风莲🍁🫶Official account :
တချို့ တချို့လူတွေ ဒီစာသာလေးမြင်ပါစေ🙏🙏🙏
2026-09-10 07:17:07
6
moe.sandar.north
Moe Sandar North Okkala :
ကိုယ့်စိတ်ကိုယ်စစ်😁😁😁😁
2026-09-10 08:35:57
2
shwe.zin71042
Shwe Zin :
မပုပ်ပါသည်းခံသာတွေ့များပြီအနိုင်ယူတယ်လူတွေ့နဲအမြဲကြုံနေရသာ🙏🙏🙏
2026-09-10 01:32:38
6
hnin.thu.san1
Hnin Thu San :
ကိုယ်မှန်တယ်ထင်လိုမခံချင်တာကစိတ်ပုတ်တာလားရှင့်ဖြေပေးပါဦး
2026-09-10 06:57:39
1
su.hnin.wai246
Su Hnin Wai :
ပြန်တင်ချင်ပါတယ်🥰
2026-09-10 08:34:58
1
moekoko243
🐼moekoko🐼 :
ဟုတ်ကဲ့ပါရှင်🥰🥰
2026-09-10 05:45:35
2
momjbj
Yinmon :
ဟုပ်လား
2026-09-10 05:29:48
2
mayphyu926
🌼Daw Phyu Phyu Win🌼 :
🙏
2026-09-10 09:07:18
1
khin.may.oo032
khin may Oo :
အမှန်ပါပဲဒီစသားလေးတေက🥰🥰
2026-09-10 12:01:39
1
konaing94600
konaing94600 :
စာရေးတဲ့သူကျေးဇူးအများကြီးတင်ပါတယ်ဗျာအမှန်တေပဲဗျာ🥰🥰🥰🥰
2026-09-10 14:26:10
1
nan55264
Nanနန်း :
🥰🥰🥰🥰🥰သာဓုပါ😁😁😁😁
2026-09-10 11:57:49
1
nanthanthankhing12
Nan Than Than Khing :
အဲ့လိုလူတွေတွေ့ဖူးတယ်
2026-09-10 04:37:12
1
ma.war.war4551
🇲🇲🥰🥰🥰🥰🇰🇭 :
မှန်လိုက်တာ🥰
2026-09-10 04:22:21
1
chelsa7128
🍓တုတ်တုတ် 🍓ညောင်တုန်းသူ🍓 :
ကျေးဇူပါ
2026-09-10 02:04:32
1
pwintphyu9430
Pwint Phyu Hnin :
အဲ့လိုလူတွေတကယ်ရှိတယ်
2026-09-10 06:30:08
2
To see more videos from user @mote.thome0, please go to the Tikwm homepage.

Other Videos


About