@hsu_in_motion: တိဘက်မှာ ဘုန်းကြီးတွေ ဗီဒီယိုထဲကအတိုင်း ဘာ့ကြောင့် လက်ခုပ်တီးနေကြတာလဲ? - ဒါကတော့ တိဘက်ဗုဒ္ဓဘာသာရဲ့ သင်ကြားနည်းဖြစ်တဲ့ Tibetan Monks’ Debate ပါ။ - လက်ခုပ်တီးတာဟာ ဒီလိုဆွေးနွေးငြင်းခုံပွဲရဲ့ သတ်မှတ်ထားတဲ့ အပြုအမူပေါ့နော်။ - ဘုန်းကြီးတစ်ပါးက မေးခွန်းထုတ်သူ (Challenger) အဖြစ် မတ်တပ်ရပ်ပြီး ပြင်းပြင်းထန်ထန် မေးခွန်းမေးရပြီး အခြားတစ်ပါးက အဖြေပေးသူ (Defender) အဖြစ် ငြိမ်သက်စွာ ထိုင်ပြီး ဖြေကြားရပါတယ်။ - ရည်ရွယ်ချက်ကတော့ တစ်ဖက်လူကို အနိုင်ယူဖို့ မဟုတ်ဘဲ မိမိရဲ့ အတွေးအခေါ် လွဲမှားမှုများကို ရှာဖွေဖော်ထုတ်ရန်နှင့် တရားတော်ကို စစ်မှန်စွာ သဘောပေါက်ဖို့ ဒီလို debate တွေ ကျင်းပကြတယ်လို့ ဆိုပါတယ်။ - ဘုန်းတော်ကြီးတွေဟာ ဒဿနိကဗေဒဆိုင်ရာ အမြင့်ဆုံးဘွဲ့ကို ရရှိဖို့အတွက် ဆယ်စုနှစ်ပေါင်းများစွာ ဒီလိုစကားရည်လုပွဲများကို နေ့စဉ် နာရီပေါင်းများစွာ လေ့ကျင့်ကြရတယ်လို့လည်း ဆိုကြပါတယ်။ - တိဘက်မြို့တော် Lhasa က Sera Monastery မှာ ဒီလို Debate လုပ်နေကြတာကို ကိုယ်တိုင်သွားကြည့်လို့ရပါတယ်။ Debate session တွေက 15:00 - 17:00 From Monday to Saturday ပါ။ - Camera တွေနဲ့ ရိုက်ခွင့်မပြုထားတာကြောင့် ဒီ clips အများစုကိုတော့ ဖုန်းလေးနဲ့ပဲ ရိုက်ထားပါတယ်ဗျ။ နောက်ရက်တွေ တိဘက်အကြောင်း ထပ်ပြောကြမယ်နော်။ အခုတော့ တာ့တာ 👋 #tibet #travel #backpacker #creatorsearchinsights #myrecommendations
Hsu in motion
Region: SG
Wednesday 09 September 2026 15:50:09 GMT
Music
Download
Comments
Bo Kyaw gyi :
🙆🤍
2026-09-09 16:01:15
1
To see more videos from user @hsu_in_motion, please go to the Tikwm
homepage.