@maythali0: မိမိတို့တွေတစ်ဦးနဲ့တစ်ဦး နားလည်မှု လွဲနေကြတဲ့အခါတွေမှာ မိမိတို့အနေနဲ့ တစ်ဖက်လူကို မိမိသည် မှန်ကြောင်း မိမိကို စာနာသင့်ကြောင်း မိမိသာ တော်ကြောင်းတွေ စသည်ဖြင့် ပြောချင်နေမိပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ ပထမဦးဆုံး စဉ်းစားစေချင်တာက တစ်ဖက်လူကလည်း မိမိကို သူမှန်ကြောင်း သူအပေါ် စာနာသင့်ကြောင်း သူသာ တော်ကြောင်းတွေ ပြောချင်နေမယ်ဆိုတာပေါ့။ 6 ဆိုတဲ့ သင်္ချာ ဂဏန်းဟာ တစ်ဖက်ကကြည့်ရင် - 9 - ဖြစ်နေရော။ ဒါကို တစ်ဖက်ထဲကကြည့်ပြီး ဖင်ပိတ်ငြင်းနေလို့ မရဘူး။ ရှုထောင့်။ ဘယ်ရှုထောင့်က အမှန်ဆုံးလဲ။ ငါကြည့်တဲ့ ရှုထောင့် က အမှန်ဆုံးပဲ။ သူများရှုထောင့်က ငါ့လောက် မှန်မှာ မဟုတ်ဘူး။ ငါအမှန်ဆုံးပဲ ခံယူကြတာပဲ။ ပြီးတော့ သူများရှုထောင့်ကို လေးစားရမှန်း၊ တန်းဖိုးထားရမှန်းလောက် စိတ်မကျယ်ကြလို့ပါ အားလုံးကြားဖူးကြတဲ့ ပုံပြင်လေးရှိတယ်လေ။ မျက်ကန်း ခြောက်ယောက်နဲ့ ဆင်တစ်ကောင် အကြောင်းကိုလေ ကိုယ်စမ်းမိရာ ကိုယ်မိရာကို ကိုယ်သိထားတာလေးနဲ့ ဘာနဲ့တူကြောင်း ပြောကြတယ်လေ။ နားရွက်စမ်းမိသူက ဆင်ဟာ ယပ်တောင်နဲ့ တူတယ်၊ နှာမောင်းစမ်းမိသူက မြွေနဲ့တူတယ်၊ ခန္ဓာကိုယ်စမ်းမိသူက နံရံနဲ့တူတယ်၊ ခြေထောက်စမ်းမိသူက အိမ်တိုင်နဲ့တူတယ်၊ အမြီးစမ်းမိသူက ကြိုးနဲ့တူတယ်၊ အစွယ်စမ်းမိသူက လှံနဲ့တူတယ် စသဖြင့် ပြောပြီး ငြင်းခုန်ကြတာပေါ့။ တကယ်တမ်းက ဘယ်တစ်ယောက်ရဲ့ ရှုထောင့်ကမှ ဆင်တစ် ကောင်ကို ပုံဖော်နိုင်တာ မဟုတ်ဘူး။ မှန်တာလည်း မဟုတ်ပါ ဘူး။ မှားနေပါတယ်လို့လည်း ပြောလို့မရဘူး။ တကယ်တော့ မပြည့်စုံတာ။ ဘာမပြည့်စုံတာ လဲဆိုရင် အသိပညာ။ ကိုယ်ထင်မြင်တာကိုပဲ အမှန်ဆိုပြီး မိမိအနိုင်ရဖို့ဆိုတဲ့စိတ်နဲ့ တစ်ဖက်ပိတ် ငြင်းခုန်နေကြတာပါပဲ။ ပူးပေါင်းပြီး အဖြေရှာဖို့ မ စဉ်းစားကြဘူးလေ။ ဆင်တစ်ကောင်ဟာ ဘယ်လိုရှိမှန်း သိချင်တာထက် ငါ့ကမှန်တယ် ဆိုတာ အပြိုင်ငြင်းကြတာပဲ။ တကယ်တမ်း ဆင်ဟာ ဘယ်လိုဆိုတာ သိအောင် လုပ်နိုင်တဲ့ နည်းရှိပါတယ်။ အနီးအနားက ဆင်မြင်ဖူးသူတစ်ယောက်ကို မေးကြည့်ရုံနဲ့ မှန်ကန်တဲ့အဖြေကို ရနိုင်ပါတယ်။ ခုတော့ မျက်ကန်းခြောက်ယောက်ဟာ ခုပြောသလို မလုပ်ကြဘဲ "ငါပဲ အမှန် " ဆိုတဲ့ စိတ်ကြောင့် ငြင်းခုန်နေတာပဲ။ သူတို့ကို ဘယ်သူမှန်ကြောင်း ပြောပြနိုင်တဲ့သူကို မရှာကြဘူးလေ။ လူတွေက မျက် မမြင်တွေနဲ့ တူပါတယ်။ ဘယ်နေရာမှာပဲဆိုဆို ဘယ်ကိစ္စရပ်ကိုပဲဆိုဆို ဘယ်သူ့အပေါ်ပဲဆိုဆို ကိုယ်ရှုထောင့်ကနေပဲ ကိုယ့်သိသလောက် ၊ ကိုယ်ယူဆနိုင် သလောက်ကိုပဲ အမှန်လို့ ဆုံးဖြတ်တယ်။ ဒါကြောင့် ဘယ်သူကိုမှ ရှင်းပြချင်တဲ့ဆန္ဒတွေ မများပါနဲ့။ သူတို့မှန်တယ်ထင်နေသရွေ့ဟာ သင့်ရဲ့ရှင်းပြမှုဟာ ငြင်းခုံစရာတစ်မျှသာ ဖြစ်လာပါလိမ့်မယ်။ အရာရာတိုင်း မရှင်းပြချင်ပါနဲ့။ လက်ခံနိုင်စွမ်းဖြစ်အောင်သာကြိုးစားပါ #crdpreset #fypシ゚viral #myanmartiktok🇲🇲

ထိပ်ပြောင်.🫪 (Ing Fangirl 💙)
ထိပ်ပြောင်.🫪 (Ing Fangirl 💙)
Open In TikTok:
Region: MM
Wednesday 09 September 2026 16:30:40 GMT
289
26
1
0

Music

Download

Comments

htun.lin.aung676
Htun Lin Aung :
🥰
2026-09-10 02:31:04
0
To see more videos from user @maythali0, please go to the Tikwm homepage.

Other Videos


About