@soe.soe.maw269: "အိုစာအတွက် စဉ်းစားဖို့အချိန်တန်ပြီ"* .................................................................... ပိုက်ဆံမရှိဘဲ အိုမင်းသွားရင်တော့ ကိုယ့်အိမ်မှာကိုယ်နေတာတောင် ဧည့်သည်တစ်ယောက်လိုနေရလိမ့်မယ် ကြိုတင်ပြင်ဆင်ထားကြလေ...... အခုချိန်မှာ ပိုက်ဆံမရှိတာ ဘတ်စ်ကားစီးနေရတာ အိမ်ခန်းကျဉ်းကျဉ်းလေးမှာ နေရတာတွေကို ရှက်မနေနဲ့ အဲဒါတွေက ရှက်စရာမဟုတ်ဘူး "ရုန်းကန်ခြင်း" လို့ ခေါ်တယ် လူငယ်ဘဝမှာ ဆင်းရဲတာဟာ "ဒဏ်ရာ" မဟုတ်ဘူး "အတွေ့အကြုံ" ပဲ ဘာလို့လဲသိလား မင်းတို့မှာ "အချိန်" ရှိသေးတယ် "ခွန်အား" ရှိသေးတယ် လဲကျရင် ပြန်ထနိုင်တဲ့ ဒူးခေါင်းတွေ သန်မာသေးတယ် ခေါက်ဆွဲပြုတ်စားပြီး အလုပ်လုပ်နိုင်တဲ့ အစာအိမ် ရှိသေးတယ် ဒါပေမဲ့... သတိထား အသက် ၆၀ ကျော် ၇၀ ရောက်လို့ ခါးတွေကိုက် မျက်စိတွေမှုန် ဒူးတွေနာလာတဲ့အချိန်မှာ ပိုက်ဆံမရှိရင်တော့... အဲဒါ "အတွေ့အကြုံ" မဟုတ်တော့ဘူး အဲဒါ "အဖြစ်ဆိုး (Tragedy)" ပဲ ငါ့သက်တမ်းတစ်လျှောက်လုံးမှာ မြင်ခဲ့ရတဲ့ အဆွေးဆုံးမြင်ကွင်းက ဘာလဲသိလား ဆေးရုံကုတင်ပေါ်မှာ လဲနေပြီး ဆေးဖိုးမရှိလို့ သားသမီးတွေရဲ့ မျက်နှာကို မျက်နှာငယ်လေးနဲ့ ကြည့်နေရတဲ့ လူအိုကြီးတွေရဲ့ မျက်လုံးတွေပဲ မင်းတို့က "သားသမီးတွေ ရှိတာပဲ ပြန်လုပ်ကျွေးမှာပေါ့" လို့ တွေးနေလား အေး... ဒီမှာ အမှန်တရားကို နားထောင် သားသမီးဆိုတာလည်း ကိုယ့်အိုး ကိုယ့်အိမ်နဲ့ ဖြစ်လာတဲ့အခါ သူတို့မှာလည်း သူတို့အခက်အခဲနဲ့ သူတို့ ရှိလာမှာပဲ အဲဒီအချိန်ကျရင် မင်းက သူတို့အတွက် "ဝန်ထုပ်ဝန်ပိုး" ဖြစ်သွားနိုင်တယ် ကိုယ့်မိဘကို ပြုစုချင်ပေမယ့် ငွေကြေးမတတ်နိုင်လို့ စိတ်ဆင်းရဲနေရတဲ့ သားသမီးတွေရဲ့ မျက်နှာကို မင်း ကြည့်ရက်မလား ဒါကြောင့် ငါအမြဲပြောတာ... "အိုစာမင်းစာ ဆိုတာ ကိုယ့်ရဲ့ မာနပဲ" လို့ အသက်ကြီးလာတဲ့အခါ ပိုက်ဆံရှိနေရင် ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူး ကိုယ်စားချင်တာ စားနိုင်မယ် ကိုယ်လှူချင်တာ လှူနိုင်မယ် သားသမီး မြေး မြစ်တွေလာရင်တောင် မုန့်ဖိုးပြန်ပေးနိုင်တဲ့"ဘိုးဘိုးကြီး ဘွားဘွားကြီး" ဖြစ်နေမှ လူတကာက ဝိုင်းချစ်ကြမှာ ပိုက်ဆံမရှိဘဲ အိုမင်းသွားရင်တော့... ကိုယ့်အိမ်မှာ နေတာတောင် ဧည့်သည်လို နေရလိမ့်မယ် သားသမီးတွေ စကားများရင်တောင် "ငါ့ကြောင့်များလား" ဆိုပြီး အားနာနေရလိမ့်မယ် ရောဂါတစ်ခုခုဖြစ်ရင် "ငါ သေလိုက်ပါတော့မယ်" ဆိုတဲ့ စကားကို တွင်တွင်ရွတ်နေရလိမ့်မယ် ဒါကြောင့် ဒီနေ့ကစပြီး ပြင်ဆင်ကြပါ အခု ရနေတဲ့ လစာလေး ဝင်ငွေလေးထဲကနေ နည်းနည်းချင်းစီ ဖယ်စုပါ "ဒီနေ့ စားဖို့ရှိရင် ပြီးတာပဲ" ဆိုတဲ့ စိတ်ကို ဖျောက်လိုက် မနက်ဖြန်အတွက် နောင်နှစ်ပေါင်း ၃၀ အတွက် ထည့်တွက်ပါ ငယ်တုန်းမှာ ရုန်းကန်ရတာ ပျော်စရာကောင်းတယ် ဒါပေမဲ့ အိုလာတဲ့အခါ ရုန်းကန်ရတာ သိပ်ပင်ပန်းတယ် နေဝင်ချိန်ရောက်တဲ့အခါ အေးအေးဆေးဆေး ထိုင်ကြည့်နိုင်ဖို့ အခု နေပူကျဲတဲအချိန်မှာ အမိုးအကာလေး လုံအောင် လုပ်ထားကြပါ မင်းတို့ရဲ့ ဇာတ်သိမ်းခန်းကို မင်းတို့ကိုယ်တိုင်ပဲ လှပအောင် ဖန်တီးနိုင်တာမို့... ဒီနေ့ကစပြီး "အိုစာ" အတွက် စဉ်းစားကြပါတော့။ #နှင်းစက်ချို #အကျိုးရှိရင်like&shareဖို့မနေ့နဲ့နော်🔥✌ #fypシ #crd #အားပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်😘😘😘

꧁༒☬𝓚𝓪𝓵𝓿𝓲𝓷☬༒꧂🇯🇵
꧁༒☬𝓚𝓪𝓵𝓿𝓲𝓷☬༒꧂🇯🇵
Open In TikTok:
Region: MM
Thursday 10 September 2026 04:23:48 GMT
87112
7430
440
1355

Music

Download

Comments

user33917816509
kyinyunt :
ဧည့်သယ်တယောက်လိုနေရတာမဟုတ်ပါဘူး သားသမီးတေဆီမာကျွန်တယောက်လိုနေရကြတာပါ
2026-09-10 08:29:03
36
kt.garden6
KT Garden :
🥰🥰အမေ့ကိုပြည့်စုံအောင်ထားခဲ့တဲ့ အတွက် ကိုယ်လည်းလှလှလေးအိုပါရစေ🙏🙏🙏
2026-09-10 13:44:30
13
nan.su.mon855
Nan Su Mon :
ငွေမရှာနိုင်ရင် ကျွန်တယောက်လိုပါ
2026-09-11 02:56:41
5
may.oo.09448015601
May Oo* :
အသက်၄၀ကျော်မှာ ဆရာတော်ဦးဇောတိက မဟာမြိုင်တောရ online တရားတွေနာပြီး ဘဝနေနည်း တတ်မြောက်ခဲ့ပါတယ်။ အခုအသက် ၆၀ ကျော်၊ တရားရဲ့ကျေးဇူးကြောင့် မထင်မှတ်ပဲ အလိုလိုပြည့်စုံပါတယ်။ ဘာကိုမှမမျှော်လင့်ဘဲ ကြိုးစားအားထုတ်ပါ။ တရားကိုစောင့်ရင် တရားကလည်းစောင့်ရှောက်ပါတယ်။ အိုစာ မင်းစာစုထားတယ်ဆိုတာ ရန်သူမျိုးငါးပါးနဲ့ပျက်စီးနိုင်ပါတယ်။
2026-09-10 20:30:27
23
queen64526
👑မေချို 👑🇲🇲 :
copy ယူပီး ပြန်တင်ခွင့်ပြုပါနော့်
2026-09-11 04:57:32
2
ayesandaraung321
Aye Sandar Aung :
ကိုယ့်ဝင်ငွေနဲ့ကိုယ်နေတယ် ကြွေးရင်စားတယ်ပေးရင်ယူတယ်မပူဆာဘူး ကိုယ်ကတော့တတ်နိုင်သမျှပေးကြွေးနေဆဲ သေရင်လဲအကုန်ထားခဲ့ရမှာမို့ သူတို့လေးတွေစဥ်ပြေပျော်နေရင်စိတ်ချမ်းသာ
2026-09-11 01:01:31
11
yaechan441
(っ◔◡◔)っ 👉 Yae Chan :
သားသမီးတောင်မရှိကြတဲ့ လူပျိုကြီး၊ အပျိုကြီးတွေဆိုရင်ဖြင့် ... ಥ ‿ ಥ
2026-09-11 06:07:59
1
khinaye.myint37
Khinaye Myint :
မှန်လိုက်တာချစ်ညီမလေး
2026-09-11 06:26:45
1
usersb3bm498kg
hnin hnin :
Copyယူခွင့်ပြုပါနော်💞
2026-09-11 04:39:56
1
kyroro74
u nay win :
အမှန်ပါဘဲဗျာ၊သိမ်းထားလိုက်ပြီမျှဝေခွင့်ပြုပါ။
2026-09-11 06:15:47
1
makhine785
makhinglay :
ဧည့်သယ်တယောက်လိုနေရတာမဟုတ်ပါဘူး သားသမီးတေဆီမာကျွန်တယောက်လိုနေရကြတာပါ
2026-09-10 07:53:54
5
thuyamyatnoemaung
Daw lay kyi👵 :
အမှန်တရားပါကျေးဇူးတင်ပါတယ်တင်ပြတဲ့အတွက်
2026-09-11 04:38:54
1
sweet.december921
👒🧣🌸Sweet December❄👒🧣 :
သားသမီးတွေရဲ့ကျွန်ဘဝပြန်နေရတာပါ Copy လေးယူခွင့်ပြုပါ🥰🥰🥰🥰🥰🥰
2026-09-11 02:31:48
2
hninhninthwe26
ရွှေမြန်မာ လျှပ်စစ် :
copy ယူပါရစေရှင့်
2026-09-11 03:45:50
1
monmon.3454
သရဖူ :
ရှယ်ခွင့်ပြုပါ
2026-09-11 04:50:55
1
sunflower_new_version
Daw Thet Thet Mon :
အမှန်ပါရှင့်🥰🥰🥰🥰
2026-09-11 04:58:40
1
ma.may.oo26
Ma May Oo :
ဟုတ်တာပမိဘအိမ်ပေါ်နေပြီးစော်ကားတဲ့သားသမီးတွေရှိပကိုယ်လုပ်စာကိုစားပြိးစော်ကားနေတဲ့သားသမီးတွေကြောင့်ရင်နာရ
2026-09-10 14:10:05
5
eilaye28
Ei Zar Zar Htun :
စာသားလေးပြန်တင်ခွင့်ပြုပါရှင့်
2026-09-10 14:44:07
1
thanlar.htwe
မေမေ့မေတ္တာ :
အားပေးဝန်းရံခဲ့ပါတယ်
2026-09-10 13:40:00
1
user2520398618874
yin yin :
အိုချိန်တောင် မရဘူး😁😁😁😁😁
2026-09-10 15:58:42
1
bora.2345x
မချစ်တက်သူမို့ :
သိတ်ကောင်းတဲ့စာသားလေး
2026-09-10 13:30:08
1
myint4666
Myint :
သိီချင်းလေးအရမ်းကြိုက်လို့သိီချင်းနံမည်သိချင်ပါတယ်ရှင်
2026-09-11 01:46:30
1
nawnay887
Hsu Myat Hnin💃 :
ဟုတ် ဧည်သည်တွေပါရှင် အချိန်တန် ြပန်ရမှာပေါ့😳
2026-09-11 02:09:10
1
thuthu3469
AungKhatOo.MayMay :
မိဘကိုပြည့်စုံအောင်လုပ်မကျွေးဘဲကိုယ့်လမ်းကိုယ်ရွေးမိတာနောင်တရမိတယ်
2026-09-10 15:44:22
1
khwarnyo293
khwarnyo :
ဟုတိမှတ်သားပါမယ်🥰👍
2026-09-10 15:32:19
1
To see more videos from user @soe.soe.maw269, please go to the Tikwm homepage.

Other Videos


About