@genius418devil: ရွှေတကျပ်သားနှစ်ဆယ့်ငါးသိန်းခေတ်မှာ တစ်ညကို KTV မှာလေး ငါး ဆယ်သိန်းလောက်သုံးခဲ့ဖူးတယ် စားကောင်း သောက်ကောင်း အဝတ်ကောင်းတွေလဲ စိတ်ကြိုက်ဝယ်ဖူး စားဖူးခဲ့တယ် ဒီနေ့သူများရွှေနှစ်ဆယ်သားဝတ်ပြနေလို့လဲ ကျွန်တော့ဗိုက်ကအဲ့ထက်မကတန်ပါသေးတယ် ဒီနေ့ ဒီအခြေအနေမှာကျွန်တော် မချမ်းသာပါဘူး ပိုက်ဆံရယ်လို့လဲအပိုလျှံမရှိပါဘူး.... အိမ်ပိုင်ဝိုင်းပိုင်ရယ်လို့လဲ ပြစရာဝိုင်း ဆိုလို့မိဘအိမ်ကလွဲလို့ ပြစရာမရှိပါဘူး ငွေဒဏ်မခံနိုင်လို့ပျက်စီးတဲ့အထဲမှာကျွန်တော် ပါမှန်းမသိ ပါနေခဲ့တယ် ဒီအလုပ် ဒီလောက ဒီဝင်ငွေက ဒီနေ့ကုန်သွားလဲမနက်ဖြန်ပြန်ရှာလို့ရတာဘဲ ပိုက်ဆံမိုးပေါ်ကတက်ရှာရတာမှတ်လို့😂အဲ့တော့လူငယ်ဘဲငယ်တုန်းချရတာ မနက်ဖန်မနက် ဘယ်သူသမက်ဖြစ်ဖြစ်ကွာဆိုတဲ့အတွေးမျိုးနဲ့မာန်မန ထောင်လွှားခဲ့တယ် အလုပ်မှာလဲ အေးဆေးဘဲ ဘာအပူမှမရှိ အပျော်အပါးနဲ့စားလိုက်ဖြုန်းလိုက်နဲ့ မိသားစုကိုလဲပြန်ကြည့်ရကောင်းမှန်းမသိခဲ့ဘူး မိသားစုအပေါ်လဲအကြိမ်ကြိမ်လိမ်ညာခဲ့တယ်ပြန်တွေးမိတိုင်းအရာရာနောင်တရလို့မဆုံးဘူး နောက်ပြီးသေချာတာတခုကဘယ်အရာမှမမြဲဘူးဆိုတာဘဲ အဲ့အရာကိုလက်ခံဖို့ ကျွန်တော်အတော်လေးကြိုးစားလိုက်ရတယ် ဘာရယ်မဟူတ်ပါဘူးအတိတ်ကိုပြန်တွေးရင်းငါသာလိမ်မာခဲ့လို့ရှိရင်ပေါ့............... ခုတော့ နှစ်လေးဆယ်လောက်အေးဆေးနေရဖို့အရေး လေးငါး ခြောက်နှစ်တော့အပင်ပန်းခံရဦးမာပေါ့ဗျာ.......... #ဘဝဆိုတာအနှိမ့်အမြင့်အတက်အကျတွေနဲ့လောကဓံ
Guguu
Region: MM
Thursday 10 September 2026 04:33:36 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @genius418devil, please go to the Tikwm
homepage.