@tata.deswita: 2 cream cuma 18ribuan ajaaa😍 #Bingxueindonesia#DUOJELLYsundae#SuperBrandGO#FYCMakanEnak

Tata deswita13
Tata deswita13
Open In TikTok:
Region: ID
Thursday 10 September 2026 04:38:16 GMT
346
6
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @tata.deswita, please go to the Tikwm homepage.

Other Videos

#ရမ်ဇာန်လကို ဘယ်လိုကြိုမှာလဲ....?  ရမ်ဇာန်လဟာ ရောက်ရှိ့လာပါတော့မယ်... အဘက်ဘက်ကနေ မွတ်စ်လင်မ်တို့ဟာလည်း ဝမ်းသာကြည်နူးလျက်ရှိနေကြပါတယ်။ ဒီလိုမွန်မြတ်တဲ့လကို ကြုံဆုံဖို့ရာအတွက် တစ်နှစ်ပတ်လည်လုံး စောင့်စားနေခဲ့ရတာပါ။ ဒီလဟာ ကောင်းမှုများ၊ ဗရ်ကသ်များ၊ လွတ်ငြိမ်းခွင့်များ၊ အေဗာဒသ်များ၊ ရှောင်ကြဉ်ခြင်းတရားများ၊ ရိုကျိုးမှုများ၊ ဆွဒကာခိုင်ရာသ်၊ အလ္လာဟ်အရှင်မြတ်ရဲ့နှစ်သက်မှု၊ ဂျန္နသ်ရဲ့ သတင်းကောင်းများ စသဖြင့် များစွာသောကောင်းခြင်းများ ပါဝင်တဲ့ လဖြစ်ပါတယ်။ ဒီလိုမွန်မြတ်တဲ့လမှာ မိုအ်မင်န်ရဲ့ နှလုံးသားထဲမှာ အာခိရသ်အတွက် သောကပိုက်ပြီး အလ္လာဟ်အရှင်မြတ်သခင်နဲ့ တွေ့ဆုံဖို့ရာအတွက် မျှော်လင့်ချက်ကိုယ်စီနဲ့ ပြည့်နက်နေပါတော့တယ်။ ဒီလို သန့်ပြန့်မွန်မြတ်တဲ့လဟာ အလ္လာဟ်အရှင်မြတ်သခင်ဘက်တော်မှ မို့အ်မင်န်တို့အတွက် ကြီးမားတဲ့ လက်ဆောင်မွန်တစ်ခုပါပဲ။ အခုကျွန်ုပ်တို့ ထံကို အဆင့်မြင့်တဲ့ ဧည့်သည်တော်ဟာ အလ္လာဟ်အရှင်မြတ်သခင် ဘက်တော်ကနေ လာနေပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာလည်း ရမ်ဇာန်လမြတ်ကို အကောင်းဆုံး ပြင်ဆင်ပြီး စောင့်မျှော်နေဖို့ လိုအပ်ပါတယ်။ ရမ်ဇာန်လဟာ အင်မတန်မှ မွန်မြတ်တဲ့လဖြစ်ပြီး မြောက်မြားစွာသော ဖဇီလသ်များရှိကြောင်း ရမ်ဇာန်မလာခင်ကတည်းကပင် မိမိတို့ အတွေးတွေထဲမှာ ထည့်သွင်းထားရမှာဖြစ်တယ် သို့မှသာလျှင် ရမ်ဇာန်လ ရောက်ရှိတဲ့အခါမှာ မေ့လျော့ခြင်း၊ ပျင်းရိခြင်း၊ စိတ်ပါဝင်စားမှုမရှိခြင်း၊ တန်ဖိုးမထားခြင်းတို့ကနေ ကင်းစင်နေမှာဖြစ်တယ်။ ရမ်ဇာန်လဟာ ကျွန်ုပ်တို့အတွက် ကြီးမားတဲ့ နိအ်မသ်တစ်ခုဖြစ်တယ်။ ဒီနိအ်မသ်ရဲ့ တန်ဖိုးကို ကျွန်တော်တို့ ခံစားနားလည်နိုင်ရမယ်။ မျက်စိမြင်တဲ့သူအများပိုင်းဟာ မျက်လုံးရဲ့ တန်ဖိုးကို နားမလည်ကြပါဘူး။ ဒါကြောင့်မို့ပဲ မျက်လုံးကို မကောင်းတဲ့အရာ မကောင်းတဲ့အရှုတွေအတွက် အသုံးချနေကြတာဖြစ်တယ်။ တကယ်ဘို့သာ မျက်လုံးရဲ့ နိအ္မသ်ကို နားလည်ကြမယ်ဆိုရင် မကောင်းတဲ့နေရာကို အရောက်တောင် ခံကြမှာမဟုတ်ပါဘူး။ မျက်စိမြင်နေရသူထက် မျက်စိမမြင်သူများက မျက်လုံးရဲ့ တန်ဖိုးကို ပိုပြီး သိတတ်ကြပါတယ်။ ထိုနည်းလည်းကောင်းပါပဲ ကျတော်တို့က ရှိနေတဲ့အီမာန်ရဲ့ တန်ဖိုးကိုသိဖို့လိုအပ်ပါတယ်။ အီမာန်ရဲ့ တန်ဖိုးကိုသိတဲ့သူက နိအ္မသ်ကို တန်ဖိုးထားလေ့ရှိပါတယ်။ ဒါကြောင့်မို့ ကျတော်တို့ဟာ အီမာန်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းဖြစ်တဲ့ ရမ်ဇာန်လမြတ်ရဲ့ နိအ်မသ်တွေကို ခံစားနားလည် တန်ဖိုးထားရမှာဖြစ်တယ်။ နိအ်မသ်ရဲ့တန်ဖိုးကိုသိတတ်ခြင်းကလည်း အလ္လာဟ်အရှင်မြတ်ကိုရှုကုရ်လုပ်ခြင်းပါပဲ။ ဒီလမှာ ဒီးန်ရေးရာကိစ္စတွေမှာ ပိုမိုအားသွန်ခွန်စိုက်ကြိုးပမ်းရင်း အလ္လာဟ်ဘက်တော်သို့ လှည့်ရမှာဖြစ်သလို အလ္လာဟ်အရှင်မြတ်သခင်နဲ့ နီးကပ်မှုကိုရယူဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အလ္လာဟ်ဘက်တော်သို့ ပြန်လှည့်ခြင်းဟာ ရမ်ဇာန် လတစ်ခုတည်းအတွက် မဟုတ်ဘဲ ဘဝတစ္ခုလုံး အလ္လာဟ်အရှင်မြတ်သခင်ရဲ့ ကျေနပ်မှုအတိုင်း ကုန်ဆုံးရမှာဖြစ်တယ်။ အလ္လာဟ်ကျေနပ်မှုကို ရယူပြီး ပြုကျင့်မယ်ဆိုရင် ကျတော်တို့ရဲ့ ကောင်းမှုအားလုံးကို လက်ခံခြင်းခံရမှာဖြစ်တယ်။ မကောင်းမှုတွေကနေရှောင်ကြဉ်ပြီး ကောင်းမှုတွေကို များများလုပ်ရင်း ဗရ်ကသ်တွေ ရဟ်မသ်တွေ နိအ်မသ်တွေ ယူဆောင်လာမယ့် ရမ်ဇာန်လကို အကောင်းဆုံးပြင်ဆင်ကာ ကြိုဆိုလိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အလ္လာဟ်အရှင်မြတ်သခင် ကျွန်တော်တို့ အားလုံးကို ရမ်ဇာန်လမြတ်မှာ ကောင်းမွန်စွာအိဗာဒသ်လုပ်နိုင်စွမ်းချီးမြှင့်ပေးသနားတော်မူပါစေ...အာမီန်း...

About