@zayartbz7news: မြောက်ဥက္ကလာ၊ သုဓမ္မာလမ်းမပေါ်တွင် ဗိုလ်မှူးတစ်ဦး ဦးဆောင်၍ အရပ်ဝတ်ပျူစောထီးများက ယနေ့ ညပိုင်း လူငယ်များကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်း ရန်ကုန်၊ စက်တင်ဘာ ၉ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ သုဓမ္မာလမ်းမပေါ်တွင် ဗိုလ်မှူးတစ်ဦး ဦးဆောင်၍ အရပ်ဝတ်ပျူစောထီးများက ယနေ့ ညပိုင်း လူငယ်များကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းမှ စတင်ပြီး မြောက်ဥက္ကလာမြို့နယ်၊ သုဓမ္မာလမ်းမပေါ်ရှိ နွယ်ပိုးအိမ်ဆိုင်ရှေ့တွင် ရုံးဆင်းလာသည့် လူငယ်များကို ပစ်မှတ်ထား၍ ပျူစောထီးများက ကားဖြင့် ပိတ်ဆို့ကာ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးမှုကို ဗိုလ်မှူး စစ်မင်းအောင်ဆိုသူက ဦးဆောင်ပြီး လက်ထဲတွင်လည်း ဘီယာဘူးများ ကိုင်ဆောင်ထားကြောင်း၊ ၎င်းနှင့်အတူ ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က မြောက်ဥက္ကလာ ၂ ဈေးထိပ်တွင် ပေါ်တာဆွဲရာ၌ ပါဝင်ခဲ့သော မဲကြီး၊ ရွှေအ နှင့် ညီညီလွင် ဆိုသော ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရှိရသည်။ ဖမ်းဆီးခံရသည့် အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသည့် ဒေသခံတစ်ဦးက “ယနေ့ ည ၆ နာရီကျော်လောက်က စပြီး သုဓမ္မာလမ်းမပေါ် ကန်သာယာပန်းခြံ မရောက်ခင် ဇ ရပ်ကွက် နွယ်ပိုးအိမ်ရှေ့မှာ ရုံးဆင်းလာတဲ့ လူငယ်တွေကို နံပါတ်ပြား အုပ်ထားတဲ့ စစ်ကားနဲ့ ထိုးကြိတ်ရိုက်နှက်ပြီး အတင်းဆွဲခေါ်တာပါ။ ဗိုလ်မှူးစစ်မင်းအောင်ဆိုတဲ့သူက မူးထူးပြီး ဘီယာဘူးကိုင်ကာ ပျူတွေနဲ့အတူ ဦးဆောင်ဆွဲတာ” ဟု ပြောသည်။ ထို့ပြင် ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် လူငယ်များထံမှလည်း တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ တောင်းယူခဲ့ကာ ငွေမပေးနိုင်သည့် လူငယ် ၅ ဦးခန့်အား ရိုက်နှက်၍ စစ်ကားအတွင်း အတင်းအဓမ္မ ထည့်သွင်းခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ငွေကြေး ပေးဆောင်နိုင်သည့် လူငယ် ၂ ဦးကိုမူ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။ ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစ ညအချိန် ရပ်ကွက်များအတွင်း စစ်တပ်က ပြည်သူများကို ရှာဖွေဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)@ZayarTBZ 7.1News🍉 @ZayarTBZ 3 New☑ @ZayarTBZ 11 News #မြန်မာသတင်း #ပြည်တွင်းသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #zayartbz #ဒေသသတင်းရင်းမြစ်
ZayarTBZ 7 News
Region: TH
Thursday 10 September 2026 06:22:12 GMT
Music
Download
Comments
Sone Sone 🍀🫠 :
ငါတို့မြောက်ဥက္ကလာဘက်အတော်ဆိုးနေတာနော် လူငယ်လေးတွေသတိနဲ့သွားကြပါ ည၆လောက်ဆိုအပြင်မထွက်တာပိုကောင်းတယ်
2026-09-10 10:28:30
21
Hein Pyae Z :
လူတွေပူအေ င်မလုပ်ပါနဲ့အဲ့နားမှာနေတာပါ။ဘာမှမြကားရ
2026-09-10 08:08:24
17
smile lay :
အဲ့ဗိုလ်မှူးစစ်မင်း အောင်က
ရန်ကုန်က ပြောင်းသွားတာလဲကြာ ပေါ့
2026-09-10 09:17:04
8
soe ame :
ဟုတ်ပအကိုနငယ်ရေ..သူဌေးဖြစ်ချင်ကြတာလားပြည်သူတွေမပေးနိုင်တဲ့ငွေကြေးတွေတောင်နေတာအ့ံသြတယ်
2026-09-10 11:41:14
2
A Tun :
ဟုတ်ပါတယ်ညက၇နာရီ၈နာရီလောက်လာသမျှလူအကုန်ဆွဲတာပါ
2026-09-10 10:01:01
4
꧁☆*💞SanDar💞*☆꧂ :
မြောက်ဥဣလာ ဓမ္မာရုံမှာစစ်တက်ချဆွဲနေတာ😔
2026-09-10 09:23:22
4
U Toe :
2026-09-10 10:36:46
1
🐄နွားမကြီး လာပြီ(ဝမ်းဘဲ)🐄 :
ရန်ကုန်မြို့ကြီးမှာ ဘယ်သူ့ကိုအဖေခေါ်ရမှန်းကိုမသိတော့ဘူး တော်တော်ဆိုးနေတာ
2026-09-10 09:14:50
3
Utun :
ခေတ်သစ်ကအမှန်ဘယ်တုန်းကပြောဘူးလို့လဲ😁😁😁
2026-09-10 13:55:19
0
၁၆နှစ်တစ်ရက်လျော့တဲ့မမ :
[Sticker] 🥰
2026-09-10 08:52:46
1
Khant Min Maung🐅🐅🐅 :
ဪ ခောတ်ကြီးပျက်လာတာ တော်တော်ကြောက်ဖို့ကောင်းလာပြီဗျာ ..
ကျွန်တော်တို့ပြည်သူတွေ ဘယ်လိုနေရမှန်းမသိတော့ပါလားဗျာ..
ဘုရား တရားသာ များများလုပ်မှရတော့မယ်🥺🥺🥺
2026-09-10 13:06:10
0
ပန်းချစ်သူ :
2026-09-10 06:37:58
2
wwww :
❤️❤️❤️
2026-09-10 12:37:23
0
ဦးနိုင် :
ပေါက်ကရတွေကွာ
2026-09-10 07:28:44
10
user4227914256875 :
မဟုတ်တာတွေအဲ့မဲကြီးကလိှုင်သာယာကဆိုခုဘယ်လိုမြောက်ဥက္ကလာဖြစ်လာတာလဲအဲ့ဗိုလ်မှူးကလဲပြောင်းသွားတာကြာပေါ့
2026-09-10 07:47:12
10
လူလိမ်မ မေသူဇာဦး :
2026-09-10 08:41:33
0
may myo lin :
ပြည်သူတွေညီဖို့လိုပီး
2026-09-10 11:41:52
1
me :
တကယ်ဆွဲတာပါဟ
2026-09-10 11:26:09
0
𐙚⋆olivia𖣘 :
ပြည်သူတွေက တတောင်းစားတွေဖြစ်ကုန်ပြီ
2026-09-10 11:37:25
0
လူလိမ်မ မေသူဇာဦး :
2026-09-10 08:41:44
0
လူလိမ်မ မေသူဇာဦး :
2026-09-10 08:41:37
0
zaw min :
🥰🥰🥰
2026-09-10 08:09:26
2
To see more videos from user @zayartbz7news, please go to the Tikwm
homepage.