@tinmaung90: သမုဒယသစ္စာ…။ သမုဒယဆိုတာ ဆွဲကပ်တတ်တဲ့သဘောရှိတယ်။ လူတွေက ပြောလေ့ရှိကြတယ်… "တဏှာဆာလောင်မှု၊ တွယ်တာမှုတွေက ဒုက္ခကို မွေးဖွားပေးတယ်"… တဲ့။ ငါတို့ မြတ်နိုးမိတဲ့ သူ၊ ငါတို့ လက်လွှတ်မခံနိုင်တဲ့ အရာတစ်ခုရဲ့ နာမည်နဲ့ ကပ်ပါလာတဲ့အခါမှ သမုဒယဆိုတာ ဘယ်လောက်တောင် အဆိပ်ပြင်းလဲဆိုတာ ပိုထင်ရှားလာတတ်တာပါ။ အရာရာဟာ ငါ့ဥစ္စာပါလို့ စွဲလန်းလိုက်တာနဲ့တင် ပူလောင်မှုရဲ့ မီးစကို လက်နဲ့ တဆုပ်စာ ကိုင်ထားလိုက်မိပြီ…။ ချစ်ခြင်းမှာလည်း သမုဒယရှိတယ်။ မုန်းခြင်း ရန်ငြိုးမှာလည်း စွဲလန်းမှု သမုဒယရှိတယ်။ အားလုံးဟာ ဒုက္ခဆိုတဲ့ မြစ်ဆီကိုပဲ စီးဆင်းသွားကြတာချည်းပါပဲ။ ငါတို့အားလုံးဟာ အပူမှန်း သိလျက်နဲ့ သမုဒယကိုပဲ နှင်းဆီပန်းတစ်ပွင့်လို ယုယုယယ ပွေ့ဖက်ထားမိကြဆဲ မဟုတ်လား။ ဆွဲကပ်ထားမိတဲ့ စိတ္တဇ အကူးအပြောင်းတွေကို ဖြတ်တောက်ဖို့ ကြိုးစားတိုင်း၊ ငါတို့ဟာ သမုဒယရဲ့ ပရိယာယ်ထဲမှာ ပိုပိုပြီး နစ်ဝင်သွားခဲ့ကြရတာပါ။ သမုဒယသစ္စာဆိုတာ အမှန်တော့ အချစ်ကြောင့်၊ သံယောဇဉ်ကြောင့်၊ ပိုင်ဆိုင်ချင်မှုကြောင့် ဖြစ်လာသမျှ ဒုက္ခအနိဋ္ဌာရုံတွေရဲ့ မူလမြစ်ဖျားခံရာ ပါပဲ…။ တိုတိုပြောရရင်တော့… ကိုယ့်လည်ပင်းကို ကိုယ်တိုင် ကြိုးကွင်းစွပ်ပြီး "အမလေး… ကျပ်လိုက်တာ" လို့ အော်နေတာမျိုးပေါ့။ စက္ကူစုတ်လေး တစ်ရွက်ကိုတောင် "ဒါလေးက သူပေးထားခဲ့တာ" ဆိုပြီး သိမ်းထားတတ်တာ သမုဒယ…။ ကိုယ့်ကို လုံးဝ ဂရုမစိုက်တော့တဲ့သူရဲ့ ဖုန်းနံပါတ်ကို မဖျက်နိုင်ဘဲ သောင်တင်နေတာလည်း သမုဒယပဲ…။ အဲဒီ သမုဒယဆိုတဲ့ ကောင်က ခက်တယ်။ ကိုယ့်ကို နာအောင် လုပ်မှန်း သိသိကြီးနဲ့ကို လွှတ်မချနိုင်ဘူး။ ဆရာတော်ကတော့ ဟောခဲ့တာပဲ… "သမုဒယကြောင့် ဒုက္ခဖြစ်တယ်" တဲ့။ ငါတို့ကလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ "မှန်လှပါဘုရား" ပေါ့။ ဒါပေမဲ့ ဘုရားကျောင်းကလည်ပြန် ရင်တော့ ဟိုကောင်မလေး ရယ်ပြလိုက်တဲ့ အပြုံးလေးနောက်ကို စိတ်က ပါသွားပြန်ရော…။ မခက်ဘူးလား…။ အင်းလေ… ဒုက္ခရောက်မယ်မှန်း သိလျက်နဲ့ကို သမုဒယတောထဲ တိုးဝင် ချင်ကြတဲ့ လူထဲကလူ အမျိုးအစားကိုး။ လူဆိုတာကလည်း ဆန်းတယ်။ အပူမှန်းသိရဲ့နဲ့ ရေနွေးပူ(သမုဒယ)ကို ပွေ့ထားချင်ကြသေးတာ…။ သမုဒယကို လွှတ်ချချင်သလား? လွယ်ပါတယ်။ ခေါင်းထဲက ပိုင်ဆိုင်ချင်စိတ်ကို ချွတ်ပစ်လိုက်ရုံပဲ။ ဒါပေမဲ့ ပြောရတာသာ လွယ်တာပါ။ တကယ်တမ်းကျ ငါတို့အားလုံးဟာ သမုဒယဆိုတဲ့ ခရီးသည်စခန်းမှာ သံယောဇဉ်အိတ်ဆွဲပြီး ဒုက္ခကို အဖော်ပြုနေကြတဲ့ ရူးနှမ်းနှမ်း လူသားတွေချည်းပါပဲ။ သမုဒယဆိုတဲ့ မြွေပွေးကို ရင်ခွင်ထဲ ပွေ့ပိုက်ထားမိသူတိုင်းဟာ နာကျင်ရမယ်ဆိုတာကို သိလျက်နဲ့ကို မစွန့်လွှတ်နိုင်ကြတာမျိုး…။ အမှန်တော့ ငါတို့ ဒုက္ခရောက်နေရတာဟာ သူတစ်ပါးကြောင့် မဟုတ်ဘူး။ ငါတို့ကိုယ်တိုင်ကပဲ ပိုင်ဆိုင်ချင်စိတ်၊ မစွန့်လွှတ်နိုင်စိတ် ဆိုတဲ့ သမုဒယကြိုးနဲ့ ကိုယ့်လည်ပင်းကို ကိုယ်တိုင် ပြန်ချည်နှောင်ထားကြလို့ပါ။ သမုဒယဆိုတာ မသိမသာနဲ့ အမြစ်တွယ်တတ်တဲ့ သစ်ပင်ကြီးတစ်ပင်နဲ့ တူတယ်။ အစပိုင်းမှာတော့ ပန်းတွေ ပွင့်မယ်၊ အရိပ်အေးတွေ ပေးလိမ့်မယ်။ ကြာလာတဲ့အခါ အဲဒီအမြစ်တွေဟာ ငါတို့ရဲ့ အသိဉာဏ်နဲ့ လွတ်လပ်မှုကိုပါ ဝါးမြိုသွားတော့တာပဲ။ အတ္တနိယာမရဲ့ နောက်ကွယ်မှာ သမုဒယဟာ နူးညံ့တဲ့ ဓားသွားတစ်လက်လို ခစား နေတတ်တယ်။ ချစ်ခြင်း ပရိယာယ်နဲ့ ရစ်ပတ်ထားသမျှ အပြုံးတွေရဲ့ နောက်ကွယ်မှာ၊ ငိုကြွေးခြင်းဆိုတဲ့ မျက်ရည်တွေ ကိန်းဝပ်နေရခြင်းရဲ့ ပထမဆုံး အကြောင်းတရားဟာလည်း ဒီ သမုဒယသစ္စာပါပဲ။ လွတ်မြောက်ချင်ရင်တော့… ပိုင်ဆိုင်လိုမှုနဲ့ ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို တဖြည်းဖြည်းချင်း ဖြေလျှော့ပစ်ရလိမ့်မယ်။ သမုဒယကို အနိစ္စလို့ မြင်နိုင်တဲ့နေ့မှပဲ ငါတို့ရဲ့ အနုသယ ဟာ သမုဒယနဲ့ဝေးရာ ငြိမ်းချမ်းခြင်း အစစ်အမှန်ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်….။ ချစ်ခြင်းအားဖြင့်…. #DrThanHtut #စောတင်မောင်ခင်

စောတင်မောင်ခင်
စောတင်မောင်ခင်
Open In TikTok:
Region: MM
Thursday 10 September 2026 11:57:01 GMT
878
86
11
5

Music

Download

Comments

user472794460763
ယုယုငြိမ်း :
သမုဒယသံယောဇဥ်ကတွယ်မမိရင်လွယ်လွယ်နဲ့ဖြတ်ပစ်ဘို့မလွယ်ပါဘူး ချစ်ခင်တုန်းကအပြစ်မမြင်မိုးမမြင်လေမမြင်ချစ်ခဲ့ကြတာ သူ့ကြောင့်အများကြီးပျော်ရွင်ခဲ့ရပါတယ် ကျေးဇူးတင်နေမဖှာပါ မေ့ဆော့မမေ့ဘူးသတိတရရှိနေမှာပါ ကံမကုန်ရင်ပြန်ဆုံချင်ပါတယ် သက်ဆုံးထိချစ်သွားမှာပါ🥰🥰
2026-09-10 23:31:46
0
24ayeayehan6
T Aye :
အားလုံးခြုံလိုက်ရင်တော့.. ဒုက္ခသစ္စာပါပဲကွယ်..
2026-09-10 14:54:42
0
pk13356
PK :
ကိုယ်တိုင်ဆိုထားတာထင်ပါတယ်
2026-09-10 13:52:35
0
user7904530480687
ကိုနိုင် :
good good
2026-09-10 13:50:06
0
user7941973819098
ကိုသူ :
😢😢😢
2026-09-10 16:04:59
0
daw.nyunt.nyunt35
Daw Nyunt Nyunt :
👌👌👌
2026-09-10 14:00:01
0
tin.tin.nyut1
Tin Tin Nyut :
🥰🥰🥰
2026-09-10 13:45:20
0
makhin772
မခင်နင်းဆီ :
[Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming]
2026-09-10 13:09:06
0
makhin772
မခင်နင်းဆီ :
[Heartwarming][Heartwarming][Heartwarming]
2026-09-10 13:07:54
0
u.tinwin.myanmar
U TinWin Myanmar :
😳😳😳
2026-09-10 16:48:53
0
To see more videos from user @tinmaung90, please go to the Tikwm homepage.

Other Videos


About