@revan9k0: တစ်ချိန်က အိမ်ကနေ ခဏခဏထွက်ပြေးခဲ့တဲ့ အမေ့ရဲ့ ဒုက္ခအိုးလေးက အခုတော့ အိမ်နဲ့ဝေးလေလေ အိမ်ကို ပိုပြီးလွမ်းတတ်လာလေလေပဲ။ အရင်ကတော့ အိမ်ဆိုတာ ကိုယ်နေတဲ့နေရာတစ်ခုပဲ ထင်ခဲ့တာ။ အခုမှ သိလာတယ်… အိမ်ဆိုတာ အမေ့အသံကြားရတဲ့နေရာ၊ ကိုယ်ဘယ်လောက်ပဲ ပင်ပန်းလာလာ “သားရေ” လို့ ခေါ်ပေးမယ့်သူရှိတဲ့နေရာပါ။ တချို့ညတွေမှာ အိပ်ရာပေါ်လှဲပြီး မျက်လုံးမှိတ်လိုက်ရင် အိမ်က အမှတ်တရတွေချည်းပဲ ပြန်ရောက်လာတယ်။ အမေ့ရဲ့အသံ၊ အိမ်ရှေ့ကလမ်း၊ အတူစားခဲ့တဲ့ ထမင်းဝိုင်းလေး… အရာအားလုံးက မနေ့ကလိုပဲ။ အိမ်ပြန်ချင်တာက အပြင်မှာ မနေနိုင်လို့မဟုတ်ဘူး။ ဘဝကို တောင့်ခံရင်းနဲ့ ကိုယ်တကယ်လိုချင်တာက အမေ့ဘေးမှာ ခဏလောက် သားငယ်လေးအဖြစ် ပြန်နေချင်တာပါ။ လူတစ်ယောက်ဟာ အသက်ကြီးလာတာနဲ့ အိမ်ကို မလိုတော့တာမဟုတ်ဘူး… တကယ်တော့ အိမ်နဲ့ဝေးလာလေလေ “အိမ်” ဆိုတဲ့စကားလေးရဲ့ အဓိပ္ပါယ်ကို ပိုနားလည်လာတာပါ။ ဘယ်လောက်ဝေးတဲ့မြို့ကိုပဲ ရောက်ရောက်၊ ဘယ်လောက်ကြမ်းတဲ့ဘဝကိုပဲ ဖြတ်ဖြတ် စိတ်ပင်ပန်းတဲ့အခါတိုင်း ပြန်ပြေးချင်မိတဲ့နေရာက အမေရှိတဲ့အိမ်ပဲ။ တစ်နေ့ ပြန်လာတဲ့အခါ အမေ့ဆံပင်တွေ မဖြူခင်၊ အမေ့လက်တွေ မအားနည်းခင်၊ အမေ့အသံတွေ မတိတ်သွားခင် သားတစ်ယောက်အနေနဲ့ အမေ့ဘေးမှာ အချိန်တွေ ပြန်ဖြည့်ပေးချင်တယ်။ သားငယ်က အိမ်နဲ့ဝေးနေတာပါ… အိမ်ကို မေ့နေခဲ့တာ မဟုတ်ဘူး။ My heart still runs home. #2011📰 #ညီညီ🗡

𝑴𝒈 𝑲𝒐𝒐𝒏 𝑻𝒉𝒂 𝑵𝒚𝒊²
𝑴𝒈 𝑲𝒐𝒐𝒏 𝑻𝒉𝒂 𝑵𝒚𝒊²
Open In TikTok:
Region: MM
Thursday 10 September 2026 14:41:41 GMT
29526
3329
6
135

Music

Download

Comments

swanpyaeaung2k05
P TER :
စာသားလေး ယူသံုးချင်ပါတယ် brother 🥺🥰
2026-09-12 13:22:06
0
xnin2006.17
Xnin❄️❄️ :
စာသားလေး copy မယ်နော်
2026-09-12 01:15:07
0
m.s.k178
Mg Jerry :
2026-10-15 11:10:15
0
itzzur.kenx731
Keisuke. :
ယူသုံးမယ် Crd nw bro 🙊❤️
2026-09-14 12:05:03
0
sachiko99995
Sachikoo :
🥰🥰🥰
2026-09-10 14:43:42
1
To see more videos from user @revan9k0, please go to the Tikwm homepage.

Other Videos


About