@jvyy_7: တကယ်ချစ်တဲ့သူ တစ်ယောက်ဟာ ကိုယ်ချစ်တဲ့သူရဲ့ အမှားတစ်ခုလောက်ကို စိတ်ကွက်ပြီး .. ချက်ချင်း စွန့်ပစ်နိုင်လိုက်တာမျိုး မရှိဘူး ။ ထပ်မဖြစ်ဖို့ သတိအတန်တန်ပေးထားပေမဲ့ အကြိမ်ကြိမ်ခွင့်လွှတ်ရ ၊ နားလည်ပေးနေရပြီး တစ်ဖက်လူက ဒီအပေါ် အကျင့်ပါလာခဲ့မှသာ .. စိတ်ကုန်ပြီး စွန့်လွှတ်ပစ်လိုက်တာ ဖြစ်တယ် ။ အဲဒီ စွန့်ပစ်ခံလိုက်ရတဲ့ နေ့မှာ.. ကိုယ်လုပ်မိတဲ့အမှား က သေးသေးလေးဖြစ်ကောင်းဖြစ်နေလိမ့်မယ် ။ ဒါကို တစ်ဖက်သတ်အတွေးနဲ့ ဒီလောက်လေး မှားမိတာကိုဆိုပြီး တွေးချင်တွေးမိလိမ့်မယ် ။ တကယ်တော့ ချစ်တဲ့သူတစ်ဦးကို ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးအတွက်နဲ့ လမ်းခွဲတယ်ဆိုတာ မရှိဘူး ။ လတ်တလော အခြေနေကိုသာကြည့်ပြီး သူ့အပေါ် နားမလည်နိုင်ရင် ရှေ့က ကိုယ့်လုပ်ရပ်တွေကို ပြန် သုံးသပ်ဖို့ လိုမယ် ။ သူဘယ်လို အရာတွေကို ခွင့်လွှတ်ပေးခဲ့သလဲ ၊ နားလည်ပေးခဲ့သလဲ … အဲသလို နားလည် ခွင့်လွှတ်မှုရခဲ့တာတောင် ကိုယ့်ဘက်က ပြုပြင်ခဲ့ရဲ့လားဆိုတာ ပြန်စဉ်းစားဖို့ လိုအပ်တယ် ။ လူတွေက ခွင့်လွှတ်ခြင်းခံရတာကို ကိုယ့်ရပိုင်ခွင့်လို့ ထင်တတ်ကြတယ် ။ အဲတာဟာ အခွင့်ရေးလို့ မမြင်ဘူး ။ အကြိမ်ကြိမ် အမှားလုပ်လည်း … သူ့ပုံစံအတိုင်း အခါခါ နားလည်ပေးမှာပဲ အထင်နဲ့ အကျင့်ပါလာတတ်ကြတယ် ။ သူ့ချစ်သူရည်းစားက ဖောက်ပြန်တာတောင် ခွင့်လွှတ်ပေးခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်က … သူပြောနေတဲ့စကားကို အလေးနက်ထားပြီး နားထောင်မနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းခွဲပစ်လိုက်တာကို တွေ့ဖူးတယ် ။ ဒီလိုလူကို ဆက်မတွဲဖို့ အကြိမ်ကြိမ် နားချတာတောင် ခေါင်းမာတဲ့သူက ရုတ်တရက် ခုလိုလုပ်ပစ်လိုက်တော့ အံ့ဩမိခဲ့သေးတယ် ။ နောက်ပိုင်း ကိုယ်တိုင်ကိုယ်ကျ ဒီအဖြစ်မျိုး ခံစားရတော့မှ သူ့အပေါ် နားလည်လာခဲ့တော့တယ် ။ ဘယ်သူက ဘယ်လို လမ်းပြပေးပေး … နှလုံးသားကို ဦးစားပေးပြီး ခေါင်းမာနေသရွေ့ စွန့်လွှတ်မှုက မလုပ်နိုင်ဘူး ။ အချိန်တစ်ခုထိ … ။ သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေ မှိန်ဖျော့မသွားခင်ထိ ။ သူ့ကို ပြုပြင်ပေးချင်စိတ်တွေ မကုန်သေးခင်ထိ ။ သူ့အတွက်ပေးထားတဲ့ အမှတ်တွေ အနုတ်ဘက် မရောက်ခင်ထိပဲ ။ တစ်နေ့မှာတော့ ချစ်နေရင်းကနေ ဆက်မချစ်နိုင်တော့ဘူး ။ အမှားတွေတိုင်း နားလည်ပေးခဲ့ပေမယ် … ကိုယ်မကြိုက်ပါဘူးဆိုတဲ့ အဲဒီအမှားမျိုးကို အခါခါ လုပ်ပြီး အကျင့်ပါလာတဲ့အခါ စေတနာမရှိတော့ဘူး ။ အဲဒီအခါ စိတ်မဆိုးတော့ဘူး … စိတ်ကုန်သွားတာ ။ ကိုယ်ဘယ်လို နာကျင်ရကြောင်း ၊ ကိုယ်ဘယ်လိုတောင် မကြိုက်ကြောင်း ပြောမပြတော့ဘူး ။ သူဟာ အမြဲတမ်း သူပါပဲဆိုတဲ့ စိတ်နဲ့သာ ကိုယ့်ကိုကိုယ်ပဲ ဆုံးမချင်တော့တယ် ။ သူ့အပေါ် စိတ်ဖြတ်ဖို့ ဆုံးဖြတ်တဲ့နေ့ ၊ သည်းခံနိုင်မှုတွေ လုံလောက်သွားတဲ့နေ့က သူလုပ်လိုက်တဲ့အမှားဟာ သေးသေးလေးဆိုရင်တောင် … တောင်းပန်စကားပဲပါပြီး ၊ ပြုပြင်မှုမပါတဲ့ သူ့လုပ်ရပ်တွေဟာ ချိန်ကိုက်ဗုံးတစ်လုံးလို နှလုံးအိမ်ထဲ ရှိနင့်နေပြီးသားဖြစ်တယ် ။ စကားတွေဟာလည်း ပြောပြီး လေထဲလွင့်သွားတာ မဟုတ်ပဲ … ဦးနှောက်ထဲ စွဲအောင် ထင်ကျန်နေခဲ့ပြီးသားဖြစ်တယ် ။ ဒါကြောင့် အကြိမ်ကြိမ် ခွင့်လွှတ်ပြီး အခါခါ ရွေးချယ်ခဲ့သူ တစ်ဦးရဲ့ … တစ်ကြိမ်တစ်ခါ ပစ်ပယ်မှုဟာ စိတ်ဆိုးစိတ်ကောက်မပါဘူး ။ ခဏနေပြန်ချော့ရင် ပျော့သွားမဲ့ အခြေနေမဟုတ်တော့ဘူး ။ သူ့ရဲ့ self - esteem ကို ရှာတွေ့သွားပြီ ။ သူ့မေတ္တာကို သူကာကွယ်တတ်သွားပြီ ။ အဲဒီလူရဲ့ စိတ်ကုန်မှုဟာ ဘယ်လိုပြန်ခေါ်ခေါ် မလာတော့ပါဘူး ။ တစ်ကြိမ်လောက်လေးမှားရုံနဲ့ စွန့်ပစ်လိုက်နိုင်တဲ့ .. အတ္တ မာနမျိုးဟာ တကယ်ချစ်ရတဲ့သူဆီမှာ အလုပ်မလုပ်ဘူး ။ အခါခါ ကျူးလွန်နေတဲ့ အမှားတွေ ၊ အရိုသေမဲ့တဲ့ လုပ်ရပ်တွေကသာ ချစ်စိတ်ကို ခမ်းခြောက်သွားစေတတ်တာပဲ ဖြစ်တယ် ။ ကျောက်ဆောင်တွေဟာ ဘယ်လောက်မာမာ … အကြိမ်ကြိမ် ပုတ်ခတ်လာတဲ့ လှိုင်းဒဏ်ကိုတော့ ခံနိုင်ရည် မရှိဘူး ။ လူတစ်ယောက်ကို ဘယ်လောက်ချစ်ချစ် … အခါခါ နားလည်ပေးနေရတဲ့ နှလုံးသားမှာ အကြင်နာတွေဟာ အမြဲရှင်သန်နိုင်မှာ မဟုတ်ဘူး ။ -crd#jvywaterproof #moost #fypppp

Jvyy
Jvyy
Open In TikTok:
Region: MM
Thursday 10 September 2026 17:04:28 GMT
20439
2843
18
257

Music

Download

Comments

enzo1665464
Enzo Xzzll :
ဖောက်ပြန်တာဆိုရင်ရောbro
2026-09-11 14:32:53
9
not_yan21
♒ :
တကယ်ချစ်ရင်တော့ အရာရာခွင့်လွတ်နိုင်ရမာပေါ့"..
2026-09-11 14:01:33
1
kjmytt
繁星 :
first
2026-09-10 17:15:34
2
kmklbaby2
KK :
တကယ်ပါ ကိုကိုဟာ အရာရာတိုင်းကို ငါ့ကိုချစ်တဲ့စိတ်နဲ့ ငါ့ရဲ့အားသာချကိ မကောင်းတဲ့အကျငိ့တွေကို အပြစ်မမြငိ ချစ်စရာလို့မြငိပြီးချစိပေးခဲ့တယ်
2026-09-12 17:25:46
0
h1311004
Hnin Yati 🎀 :
တကယ် ပင်ပန်းသွားခဲ့တာ ကြာတော့ကိုယ့်ကိုကိုယ် သနားလာခဲ့တော့တာ
2026-09-12 17:45:41
0
maytae45
May :
မချုပ်ချယ် မဖောက်ပြန် သူ့မျက်နှာတစ်ကမ္ဘာ ဘာလုပ်လုပ်ခွှင့်လွတ်ပေးခဲ့ နောက်ဆုံးကြတော့လဲ စိတ်ဆိုးစိတ်ကောက်တာ ကိုယ်စာပို့လို့ပြန်စာမလာလို့ စာလေးဖျက်မိတာကို ကလေးဆန်တယ် မရင့်ကျက်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့၁နှစ်နဲ့၇လ သံယောဇဉ်တွေ အမှတ်တရတွေ ကိုယ်လုပ်ပေးထားတဲ့အရာတွေကို လွယ်လွယ်နဲ့ မေ့ပစ်ပြီး ထားသွားခဲ့တာ ထားသွားတဲ့အချိန်မှာတောင် စိတ်ပျက်အောင်တမင်လုပ်နေခဲ့သိသိရက်နဲ့ စိတ်ပျက်နေလောက်ပါပြီဆိုတဲ့ မေးခွန်းတောင်ပြန်လာမေးခဲ့သေးတာ ကိုယ့်ဘက်ကဘာမှမဖစ်ဘူး စိတ်လဲမပျက်ဘူး စိတ်လဲမကုန်ဘူးဆိုတာတောင် ဖျက်သွားခဲ့သေးတာ 💔
2026-09-12 04:25:22
1
To see more videos from user @jvyy_7, please go to the Tikwm homepage.

Other Videos


About