@tsawranja77: အမျိုးသားတစ်ယောက်က မင်းကို တကယ် ချစ်လာပြီဆိုရင်... ဘယ်တော့မှ မင်းအပေါ်မှာ စိတ်ချလက်ချနဲ့ အပြည့်အဝ ယုံကြည်နေမှာ မဟုတ်ဘူး..." ဒါက မင်းကို အမြဲတမ်း သံသယ ဝင်ပြီး စောင့်ကြည့်နေတာမျိုး မဟုတ်ပါဘူး။ သူတကယ် မြတ်နိုးမိပြီဆိုရင် သူ့ရင်ထဲမှာ မင်း ကို "မဆုံးရှုံးချင်တဲ့စိတ်"၊ "စိတ်မချရတဲ့စိတ်" နဲ့ "သဝန်တိုတတ်တဲ့စိတ်" တွေက အလိုလို အတိုင်းအဆမရှိ ကြီးစိုးလာလို့ပါ။ တကယ်ချစ် တဲ့ ယောက်ျားလေးတွေအတွက် အစိုးရိမ်ဆုံးနဲ့ အထိမခံနိုင်ဆုံးအရာက "တခြားကောင်လေး တွေနဲ့ ပတ်သက်တဲ့ကိစ္စ" ပဲ။ "ဟိုလူနဲ့ မရောနဲ့၊ ဒီလူနဲ့ မပေါင်းနဲ့" ဆိုပြီး တခြားအရာတွေမှာ လိုက်စွက်ဖက်တာထက်၊ ကောင်လေးတွေနဲ့ ပတ်သက်လာရင်တော့ သူတို့ နည်းနည်းလေး တောင် နားလည်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါဟာ မင်းရဲ့ အကျင့်စာရိတ္တကို မယုံကြည်လို့မဟုတ် ဘဲ ဆုံးရှုံးရမှာကို သေလုမတတ် ကြောက်နေ လို့ပါ။ မင်းဘက်က ဘယ်လောက်ပဲ ရိုးသား ပါစေ... "တခြားယောက်ျားလေးတစ်ယောက် ရဲ့ စိတ်ကော ရိုးသားရဲ့လား" ဆိုတာ ယောက်ျား လေးချင်းပဲ သိနိုင်တဲ့ လျှို့ဝှက်ချက်မို့လို့ပါ။ တစ်ခါတလေ နှစ်ဦးစလုံးက တကယ်ရိုးသား နေရင်တောင်မှ ကိုယ်ချစ်တဲ့သူက မိမိကလွဲလို့ တခြားသူကို ဦးစားပေးနေတယ်၊ ဂရုစိုက်ပြနေတယ်ဆိုတဲ့ အသိမျိုးကို ဘယ်ယောက်ျားလေး မှ ခံနိုင်ရည်မရှိကြပါဘူး။ ဒါကြောင့် .. ယောက်ျား လေးတစ်ယောက်က မင်းကို တကယ်ချစ်ရင် အပြည့်အဝ စိတ်မချနိုင်ဖြစ်နေလိမ့်မယ်။ အဲ့ဒါ ဟာ အချစ်ကြီးလွန်းလို့ ဖြစ်ပေါ်လာတဲ့ စိုးရိမ် စိတ် သက်သက်ပါ။ အဲ့ဒီလို သဝန်တိုပြီး လိုက် စစ်နေတတ်တာကို အပြစ်မမြင်ပါနဲ့။ သူတို့ဟာ စိတ်ပူလွန်းလို့ အရာရာ လိုက်ပြောချင် ပြောမိလိမ့်မယ်၊ ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ အချစ်ကတော့ အင်မတန် ဖြူစင်ပါတယ်။ တကယ်မချစ်တဲ့သူကသာ "မင်းလုပ်ချင်တာ လုပ်၊ ငါ့ကိစ္စမဟုတ်ဘူး" ဆိုပြီး ပစ်ထားမှာပါ။ မင်းဘက်က "ချုပ်ချယ်လွန်းတယ်" လို့ မတွေး မိခင်... သူ့နေရာမှာ တစ်ခါလောက် ဝင်ခံစား ကြည့်ပေးပါ၊ သေချာလေး တွေးကြည့်ပေးပါ။ ကိုယ့်ဆီမှာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးဖြစ်တဲ့ "အချစ်စစ်" ကို ပိုင်ဆိုင်ထားရလျက်နဲ့.. ကိုယ် တိုင် နားမလည်ပေးနိုင်မှုကြောင့် လက်လွတ် မဆုံးရှုံးမိပါစေနဲ့ဦး..... #ubt_bky01 #fypage #tiktok #crd

DarkVibeツ🖤
DarkVibeツ🖤
Open In TikTok:
Region: TH
Friday 11 September 2026 10:17:01 GMT
140371
7170
84
3585

Music

Download

Comments

dghjyv1
YeHtetAung :
ငါသူ့ကိုတစ်ကယ်ချစ်ခဲ့တာလား ? ဒါမှမဟုတ် ၃နှစ်ကျော်အချိန်တွေကြောင့်များလား ခနခနပြက်နေတော့ သတိတရတော့မရှိ့ဘူး ဆုပ်လဲဆူး စားလဲရူးဆိုတဲ့ အခြေနေမှာ သိပ်ကိုကြောင်ပျောက်ပါတယ်
2026-09-23 04:31:23
3
khinmaungkyaw254
Khin Maung Kyawမြင်းခြံသားလေး :
စာသားလေး ကော်ပီယူချက်လို့ပါဗျာ🥰
2026-09-22 13:47:22
2
zp...naung1
ZIN PHYO NAUNG :
အနေဝေးတော့ပိုစိုးပြီပေါ့ကွာ
2026-09-23 05:44:03
1
kyawgyi225747
𝔐𝔯-𝔎𝔶𝔞𝔴𝔊𝔶𝔦 :
သဝန်တိုနေတယ်ဆိုတာက မယုံကြည် လို့မဟုတ်ဘူး ဆုံးရှုံးရမှာ ကြောက်တာ စိတ်မချတာ နောက်ဆုံး ကုန်ကုန် ပြောရရင်လေ ကိုယ်က လွဲပြီး ဘယ် ယောက်ျား ကိုမှ အလေးပေး မခံချင်တာ......အဲ့တာ အချစ်ပါ သူနဲ့ ပတ်သက်ရင် ဘာကိုမှ သဘောထားကြီးမပေး နိူင်တာမျိုး...
2026-09-23 15:09:08
2
pone9732
🇲🇲 𝔎𝔏 𝔐𝔶𝔬 𝔏𝔞𝔶 🇲🇾 :
copy ယူပြစေ
2026-09-23 00:45:40
1
soe.gyi957
Soe Gyi :
အမှန်ပါဘဲဗျာ...အရမ်းချစ်တော့.🥰
2026-09-22 12:15:59
2
amgpaytoelinmyatmoe2008
𝗣𝗮𝘆𝘁𝗼𝗲𝗟𝗶𝗻𝗻🎸𝓦 🌻 :
မယုံဘူးဆိုတာမချစ်လို့မှမဟုတ်တာဗျာ
2026-09-26 04:52:40
1
rom3o811
❄ Sweet december ❄ :
ကူးယူပါရစေ 🥰🥰🥰
2026-09-22 10:19:40
2
user4628047737023
표웨이 :
အရမ်းသဝန်တိုတတ်လွန်းလို့တဲ့ အရင်လူနဲ့ လက်ထပ်သွားတယ် သားသားမီးမီးလေးတွေနဲ့ဗျာ သူပျော်နေမှာပါဗျာ
2026-09-22 12:11:41
1
n.l.a030
N.L.A :
သူသာနားလည်ခဲ့ရင် သိပ့် ကောင်းမှာပဲ😳
2026-09-22 16:47:51
1
nay.thaw21
သက်ကရာဇ် :
စာသားလေးချပေးအုနိး 🥰🥰🥰
2026-09-24 14:40:24
1
alinaa.thant
Saw Aung Thant Cho. :
တစ်ခါလောက်တော့ အရေးပေးတာခံဖူးချင်ပါရဲ့😌
2026-09-23 16:30:23
1
sxarhtet566
Kyal Sin Linn :
နားလည်မှု့ရှီ့ရှီ့နဲ့ဒီလိုလေးသာတွေးပေးမိ့ခဲ့ရင် ဝေးမှဝေးခဲ့ရပါ့မလားအချစ်ရယ်
2026-09-22 13:54:09
1
sitkunmpaing
S°paing :
မပြောတော့ဘူး
2026-09-22 14:24:57
1
ko.pyae2950
メ 𝑲𝒐𝑷𝒚𝒂𝒆 シ :
အရှုပ်ထုပ်ဖစ်နေမလား..😇
2026-09-22 17:12:23
1
kopainggyi281
@PAING GYI :
ဒီလိုပါပဲဗျာ
2026-09-22 13:08:34
1
nant.kyal.zin.cho7
KZ🐌 Cho🇲🇲~🇸🇬🐌🐌🐌 :
အဲဆို ချစ်တယ်တာပြောတာ အချုပ်ချယ်လည်းမခံရဘူး သ၀န်တုိလည်းမရှိဘူးဆုိရင် မချစ်လုိ့ပေါ့နော😁
2026-09-22 14:40:21
1
kohtet150011
Min Htet Kyaw ( ကိုထက် ) :
သိပါစေ....🥰🥰🥰
2026-09-23 05:48:37
1
hay.man.hay.man25
Ar Kar Thaw(Quiet) :
သဲလေးရယ်...
2026-09-22 15:03:47
1
ye.marn.owlet
Ye` Marn (Owlet) :
ဒါတွေသူမသိခဲ့ပါဘူး🥺
2026-10-06 05:37:29
1
genius1138
𝐂𝐎𝐂𝐎✦ :
2026-09-23 16:25:59
1
naungnaung471n
ᥫᩣÑ ᥫᩣ :
ကိုယ်စိတ်မချလို့ပြောမိတာကိုစိတ်ပျက်စရာကြီးအာရုံနောက်တယ်တဲ့လားအချစ်ရယ်💔
2026-10-06 00:07:07
1
mingjie56
…… :
ပြန်တင်လို့ရလားဗျ🥰
2026-09-23 16:11:55
1
aunggyi92920
👻𝑨𝒖𝒏𝒈 𝑮𝒚𝒊👽 :
2026-10-11 11:43:34
0
phoethar00231
phoethar :
ကို့ကိုကြည့်ရေးထားသလားပဲ[Big LOL]
2026-09-23 12:29:52
1
To see more videos from user @tsawranja77, please go to the Tikwm homepage.

Other Videos


About