@offica.acc4: 🇸🇮🔴| ဘောလုံး လက်ခံရရှိမှု မများပေမယ့် ရလာတဲ့အခွင့်အရေးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ ဘင်ဂျမင် ဆက်ရှ်ကို.... ဆက်ရှ်ကိုဟာ ၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယုံကြည်မှုကလည်း တဖြည်းဖြည်း တိုးလာနေပါတယ်။ ပွဲကစားခွင့် ပိုရလေလေ သူ့ရဲ့ ယုံကြည်မှုက ပိုမိုမြင့်တက်လာတာကို သိသိသာသာ မြင်တွေ့နေရပါတယ်။ ဘောလုံးထိတွေ့ခွင့် အများကြီးမရခဲ့ပေမယ့် ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာက တကယ့်ကို ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက်ရဲ့ လက္ခဏာပါ။ တချို့အခြေအနေတွေမှာ ဆုံးဖြတ်ချက်ချတဲ့အချိန် နည်းနည်းနှေးတာမျိုး ရှိနေသေးပေမယ့် အလုံးစုံကြည့်မယ်ဆိုရင် ပွဲစဉ်တိုင်း တဖြည်းဖြည်း တိုးတက်လာနေပါတယ်။ ဆုံးဖြတ်ချက်ချတဲ့အချိန်နဲ့ လှုပ်ရှားမှုအပိုင်းတွေကိုသာ တဖြည်းဖြည်း ပြင်ဆင်သွားနိုင်မယ်ဆိုရင်တော့ ဘင်ဂျမင် ဆက်ရှ်ကိုက ဒီထက်အများကြီး ပိုကြောက်စရာကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ - ဆာဘာနဲ့ပွဲစဥ်မှာ ဘင်ဂျမင် ဆက်ရှ်ကိုရဲ့ စွမ်းဆောက်ရည်.... ◉ ဘောလုံးထိတွေ့မှု — ၁၈ ကြိမ် ◉ ဂိုးကန်သွင်းခွင့် — ၂ ကြိမ် ◉ သွင်းဂိုး — ၁ ဂိုး ◉ ပြိုင်ဘက်ပင်နယ်တီဧရိယာအတွင်း ဘောလုံးထိတွေ့မှု — ၅ ကြိမ် ဒါဟာ တိုက်စစ်မှူးကောင်းတစ်ယောက်ရဲ့ အရည်အချင်းပါပဲ။ အခွင့်အရေးရလာရင် အဆုံးသတ်နိုင်ရမယ်။ ဆက်ရှ်ကိုကလည်း ဒီပွဲမှာ ပရိသတ်တွေကို စိတ်မပျက်စေခဲ့ပါဘူး။ ဂိုးသမားကို အေးအေးဆေးဆေး ပတ်ကျော်ပြီး ယုံကြည်မှုအပြည့်နဲ့ ဂိုးသွင်းယူသွားခဲ့ပါတယ်။ #footballnews #manchesterunited_team⚽💥👹

🐲Ko Phyo🌎(United boy fan)🐲
🐲Ko Phyo🌎(United boy fan)🐲
Open In TikTok:
Region: MM
Friday 11 September 2026 11:13:05 GMT
5982
393
3
0

Music

Download

Comments

user767829613
Ko Myo :
ဘာပြောပြောငါကတော့စောက်ရမ်းချစ်တာ🥰🥰🥰
2026-09-11 13:01:47
2
aungmyothantkolat
KO AUNG MYO THANT :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-11 12:32:40
0
To see more videos from user @offica.acc4, please go to the Tikwm homepage.

Other Videos


About