@myanmar_now: "တံတားဦးလေတပ်စခန်းက ဒေါ်လာ ၁၅ သန်းတန် Yak-130 တကယ်ထိခိုက်ပျက်စီးခဲ့သလား" တံတားဦးမြို့ တောင်ဘက် ၁၂မိုင်အကွာက တံတားဦးလေတပ်စခန်းမှာ ရပ်ထားတဲ့ တိုက်လေယာဉ်တွေထဲက တစ်စီးကို FPV အသေခံဒရုန်းနဲ့ ဝင်တိုက်ခဲ့တာတွေ့ရသလို၊ နောက်ထပ် ရုပ်သံဖိုင်တစ်ခုမှာလည်း ဒရုန်းတစ်စင်းဟာ လေတပ်ဝန်ထမ်းတချို့ကို ဦးတည်တိုက်ခိုက်နေတဲ့မှတ်တမ်း ထွက်ပေါ်လာပါတယ်။ တိုက်ခိုက်ခံရတဲ့လေယာဉ်ဟာ ရုရှားနိုင်ငံထုတ် Yak-130 အမျိုးအစား လေ့ကျင့်ရေးနဲ့ အပေါ့စားတိုက်ခိုက်ရေးဂျက်လေယာဉ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် တန်ဖိုးရှိပါတယ်။ ဒီတိုက်ခိုက်မှုကို NUG ကွပ်ကဲမှုအောက်က တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က Myanmar Now ကို အတည်ပြုပါတယ်။ စစ်တပ်ကတော့ တံတားဦးလေတပ်စခန်းဟာ FPV ဒရုန်း ခြောက်စင်းနဲ့ တိုက်ခိုက်ခံခဲ့ရပေမယ့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဟန့်တားနိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်ဟာ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေနဲ့ ကွဲလွဲနေပြီး လေယာဉ်ရဲ့ ပျက်စီးမှုအခြေအနေကိုတော့ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ တိုက်ခိုက်မှုအပြီးမှာ တံတားဦးလေတပ်စခန်းနဲ့ ကပ်လျက်ရှိတဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI ကလည်း မန္တလေးလေဆိပ်ကို ဆိုက်ရောက်၊ ထွက်ခွာမယ့် နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မချင်း ယာယီရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က တံတားဦးနဲ့ နွားထိုးကြီးမြို့နယ်အစပ်က ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ ကိုလှိုင်း/Myanmar Now #MyanmarNow #news

Myanmar Now
Myanmar Now
Open In TikTok:
Region: TH
Friday 11 September 2026 11:52:11 GMT
530332
31498
222
1323

Music

Download

Comments

khantkozaw.khantk0
♓.♓ :
အာ့ဆို ၂၀၂၁ ကပြောတဲ့ နေပြည်တော်ကို ၃ ရက်နဲ့ သိမ်းမယ်ဆိုတာ ဘယ်လိုလဲ အခြေနေလေး
2026-09-11 16:52:50
64
moe.wai010
Moe Wai :
ပျက်သွားရင်ထပ်ဝယ်ကြမှာပေါ့ သူတို့က ဘဏ္ဏာငွေတွေရှိတာဘဲ
2026-09-11 13:30:46
276
amaraamara1995
꧁ Ă̈m̆̈ă̈r̆̈ă̈ ꧂ :
အရှေ့မှာသံဇကာခံနေတယ်သေချာကြည့်ပါ
2026-09-12 06:30:37
45
thawthawma5
Thaw Ma :
2026-09-11 15:34:19
44
user4342866630817
wai phyo :
ပိုက်ထဲ တိုးတာလားလို့
2026-09-11 12:56:10
35
kohtetkyi977
Ko Htet Kyi :
ဟုတ်တယ်ဟ ပိုက်ကြီးမြင်နေရတယ်
2026-09-11 13:59:15
18
tzo477
🍀1992🍀 :
2026-09-11 13:14:12
17
wia.wiaa141742
wia wiaa141742 :
ပိုက်တိုးတစ်ချို့ထိအကုန်မပါ
2026-09-11 13:39:09
10
user38992316
user3899231 :
တကယ်တန်းစဉ်းစားကြည့်ရင် အဲ့လိုတိုက်လို့ NUG က နိုင်သွားရင်တောင် မြန်မာနိုင်ငံက ဘဏ္ဍာရေးအရ အတော်အထိနာနိုင်တယ် ပြီးရင်လဲ NUG အစိုးရကပြန်ဝယ်ရမှာပဲလေ လေတပ်က နိုင်ငံတစ်နိုင်ငံမှာမရှိလို့မှမရတာ
2026-09-11 16:41:26
5
helloworld73334
Meo :
စဉ်းစားကြည့် တပ်က ခြောက်စီးလို့ပြောတယ် တားနိုင်တယ်ပြောတယ် ဟုတ်လည်းဟုတ်တာပဲ ဗီဒီရိုက နှစ်စီးပဲမြင်ရတာ နှစ်စီးပဲကျော်သွားနိုင်လို့လို့ပဲယူဆ တစ်စီးက လူကိုမကျဘဲ ကားကိုတောင်ကျော်ထွက်သွားတယ် နောက်တစ်စီးက ပိုက်ကြီးထင်းနေတာ ပိုက်ကိုတိုးပြီးပေါက်ရအောင်လည်း drone ကာဖို့သုံးတဲ့ ပိုက်ကို အပ်ချည်နဲ့တော့ ဘယ်ျကာင်မှမကာဘူး
2026-09-11 19:19:30
13
4kchou7
小三 :
ပျက်သွားရင် ပြည်သူစီကအခွန်းတိုးကောက်မှာပဲ စိတ်ပျက်စရာရီး ဘယ်အဖွဲ့အစည်းပဲလုပ်လုပ် ခံရတာကပြည်သူတွေပဲ💔
2026-09-12 12:09:42
4
zenith1799
N :
လူတေပြောတိုင်စလဲယုံကြတာပဲ
2026-09-12 06:34:07
1
swan7401
swan :
ai
2026-09-12 11:21:23
0
user19112629241
@Aung Thu@ :
အဲလောက်လွယ်နေတာလား
2026-09-12 03:47:07
1
user1739813631818
ကရင်ကောင်လီး🥰🥰🥰 :
4 စီးဆိုတော့ မြန်မာငွေ သိန်း 32 သိန်း ကုန်သွားတာပေါ့
2026-09-12 05:21:17
4
aungthuyaoo1
Å ⚡ :
ဂျန်ဘာ မရှိတာလား
2026-09-11 14:57:08
5
juniorhtetaung23
Junior Htet Aung :
အဲ့လောက်ထိတောင်လေကြောင်းရန်ကာကွယ်ရေးစနစ်ကကောင်းလား
2026-09-11 14:23:04
5
sinpyangyii
ဆင်ပျံကြီးဇီးထုပ် :
အဲ့တာအမှန်ဘဲလား အတည်ပြုကြပါအုမ်း စိတ်ပူလို့
2026-09-11 16:16:19
1
pyae.phyo65632
Pyae Phyo :
ရှေ့မှာအကာကြီးနဲ့ပါ
2026-09-12 00:45:05
3
aung.min.ko191
Aung Min Ko :
ပြောပြပါအုံးလေဆိပ်ပိတ်ရတာ စစ်တပ်ညံ့လို့ဘာလို့အခုမင်းတို့ကအဲ့လိုလုပ်လေအောင်လည်းမအောင်မြင်ဟိုမှာပိုက်ခွံကြီးကာနေတာအသိတာကြီးမဖြစ်စလောက်လေးနဲ့အခုပြည်သူတွေပဲအခက်တွေ့တာပြည်သူတွေပဲကြားထဲကခံရတာ
2026-09-12 13:05:29
3
kaung1013
Kaung myat :
ကြည့်အဲမှာပိုက်ကာထာတယ်သေချာကြည့်
2026-09-11 19:00:45
1
kotuta.official.account
ကိုသုတ(Official Account) :
2026-09-11 18:33:17
1
ahtun235
AUNG MOE HTUN :
2026-09-12 02:33:18
1
dradlock1
Mr.T....🇰🇷 :
❣️❣️❣️❣️❣️❣️
2026-09-11 12:15:26
0
To see more videos from user @myanmar_now, please go to the Tikwm homepage.

Other Videos


About