@press.officials: နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယား ခေတ္တနိုင်ငံတော်အကြီးအကဲ ဆမ်ဒက်ဟွန်ဆင် ဂုဏ်ပြုကြိုဆို #Myanmar #Cambodia ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ (ခေတ္တနိုင်ငံတော်အကြီးအကဲ) ဆမ်ဒက်ဟွန်ဆင်က စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုသည်။ အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ နိုင်ငံတော်သမ္မတ ရောက်ရှိလာရာ ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့သည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲတို့သည် အလေးပြုခံစင်မြင့်ထက်တွင် တက်ရောက်နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို ခံယူခဲ့ကြသည်။ #Myanmar #Cambodia #UMinAungHlaing #StateVisit #MyanmarCambodia #CambodiaStateVisit #MyanmarDiplomacy #MyanmarForeignRelations #StateWelcomeCeremony #PPIB #MyanmarNews #Cambodia2026

PPIB Official
PPIB Official
Open In TikTok:
Region: MM
Friday 11 September 2026 11:57:19 GMT
184902
19065
521
766

Music

Download

Comments

kochan767977
𝕂𝕆 ℂℍ𝔸ℕ :
တို့မြန်မာနိုင်ငံကြီး စည်းလုံးသင့်ပြီ
2026-09-11 12:39:03
298
ak.474629
AK 47 :
နိုင်ငံရေးတော့နားမလည်ဘူး ဒီခမာ,ဗီယက်နမ် ,ထိုင်းခရီးစဥ်တွေ ကြည့်ပြီး တို့နိုင်ငံသားတွေသာ စည်းလုံးနေမယ် ညီညွတ်နေမယ် ဆိုရင် ဖြစ်နေမယ့် အာဆီယမ်ထဲက မြန်မာရဲ့အနေအထားကြီးကို တွေးပြီး အတော်ဝမ်းနည်းမိတယ်
2026-09-11 13:44:16
263
hein32531
hein :
ကမ္ဘောဒီးယားပြည်သူတေကတောင်အားပေးကြိုဆိုနေတာတို့မြန်မာနိုင်ကဘာလို့မကြိုဆိုရမလဲနော့်
2026-09-11 13:23:30
168
zwehtetpaing919
Lkomaung :
ဘုန်းတခိုး ကြီးမားလှပါတယ်ဗျာ
2026-09-11 12:53:46
51
eyelico88
Lico Concept :
Welcome 🙏 to Cambodia we need friendship , all we want both our Country stop war and development
2026-09-11 16:31:02
17
zwe.htet052
Zwe Htet :
Respect
2026-09-12 10:40:13
0
paopao125912
♍ :
ဟယ် ဟိုဘက်ရပ်ကွက်ကပြောသလို အဘကို ဖမ်းနေပြီ မလွှတ်တမ်းကိုဖမ်းနေတာ🤭
2026-09-11 13:34:52
155
koyeg378
KO YE :
ဝမ်းသားလွန်းလို့ မျတ်ရည်ပါ ကြတယ် 🥰🥰🥰🥰🥰
2026-09-11 12:07:29
86
user9331817628322
တန့်ဆည်သူ :
လေးစားလျှက်ပါ အဘ သမ္မတကြီးရှင့်
2026-09-11 14:20:24
57
kisskiss4368
kkk :
ကမ္ဘောဒီယားနဲ့မြန်မာဟာ ဒေသနှင့် စကားကလွဲပြီး ကျန်တာတွေ အကုန်နီးပါးတူညီကြပါတယ် အသားအရောင် အရပ်အမောင်း ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓအဆုံးအမတွေ ထုံမွှမ်းထားတဲ့နှလုံးသား နိုင်ငံဆင်းရဲမှု အတော်များများကို တူညီကြပါတယ်
2026-09-11 12:57:43
55
kyawpa12
Only One But Lion🦁 :
ပြုံးပြုံးကြီးကြည့်နေမိတာငါတစ်ယောက်ထဲလား🤔🥰
2026-09-11 15:03:59
34
myo.chit522
🆆🅰🅸 🆈🅰🅽 🅽🅰🅸🅽🅶🌿 :
ဒီအခြေအနေနဲ့တောင်မြန်မာနိင်ငံကိုလေးစားချစ်ခင်နေရင် စည်းလုံးညီညွတ်ပြီးတိုးတက်တဲ့နိင်ငံဖြစ်လာရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ
2026-09-11 14:05:45
74
user790033531
Zar Ni :
ကမ္ဘောဒီးယားသည် မြန်မာနိုင်ငံကိုချစ်တယ် အားကိုးတယ် ယုံကြည်တယ်....ရှေ့ရှေ့ကသမိုင်းအစဥ်အလာနဲ့ မှတ်တမ်းတွေက သက်သေတည်ပါတယ်
2026-09-11 14:04:12
20
samsung.galaxy9526
Samsung Galaxy :
နိုင်ငံရေးအကျဉ်းသားတွေ ပညာတက်လူငယ်တွေ အမေစုတို့ကိုပြန်လွတ်ပြီး တိုင်းရင်းသားအားလုံးနဲ့ ဖြစ်ခဲ့သမျှတွေခဝါချပြီး မာဏတွေမထားဘဲ တိုင်းပြည်နဲ့ လူမျိုးကိုပြန်ကြည့်ပြီးဆွေးနွေးအဖြေရှာ စစ်တက်ကလဲ ကိုယ်နေရာကိုယ်ပြန်နေ လက်နက်ကိုင်တွေကလဲ လက်နက်ချအလင်းဝင် စစ်တက်ကနောက်ဘယ်တော့မှအာဏာပြန်မသိမ်းပါဘူးလို့ ကတိပေးအရည်ချင်းရှိတဲ့သူကိုခေါင်းဆောင်တင်မြှောက်လိုက်ရင် ခနပါဘဲ အေးချမ်းသွားမှာ
2026-09-11 14:21:43
5
mghninwai94gmail.com
💫Myo.Myat.Aung💫တောင်ငူသား :
ဗမာနဲ့ခမာဟာ ခေတ်အဆက်ဆက်သွေးချင်းညီအကိုအရင်းပမားနေခဲ့ကြတယ် ခုချိန်ထိပေါ့ အင်ဘာယာအဆက်ဆက်မှာလည်း ရန်မမူခဲ့ကြဘူးရုပ်ရည်ရောဘာသာပါတစ်ထပ်ထည်းကျတဲ့ ဗမာ🥰🥰🥰🤝🥰🥰🥰ခမာ
2026-09-11 12:56:17
59
kyaw.mp3.thu
Kyaw MP3 Thu :
က ေမ္ဘာဒီယားနဲ့မြန်မာနှိင်ငံချစ်ကြည်ရင်းနီးမှု့အဓွန့်ရှည် ေစသား။🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-11 12:52:18
26
saw.lavender
🍋 :
ကြိုချင်လို့တော့ မဟုတ် ဌာန ပေါင်းစုံ မလာမနေရ စနစ် နဲ့ ပါ မြန်မာနိုင်ငံက ကျောင်းသားတွေ ၀န်ထမ်း တွေလိုပေါ့
2026-09-11 14:27:06
7
girn239
Like😻😻😻🤝🤝 :
တော်တော်အလုပ်လုပ်တဲ့ ခေါင်ဆောင်ပါကွာ နောက်မှာသာတိုင်းရင်သားတွေညီညွက်နေရင် တို့နိုင်ငံကြီဘယ်လောက်တိုးတက်လိုက်မလဲနော်
2026-09-11 14:21:18
45
jooonooo3
kyaw Htet :
ထိုင်းနဲ့ ခမ စစ်ဖြစ်တော့ US နဲ့ တရုတ် ဝင်ဆွေနွေတာတောင်မရဘူး မြန်မာနိုင်ငံကို ခမ.စစ်တပ် အရာရှိတွေလာတွေပြိ မကြာဘူး ထိုင်းနဲ့ ခမ စစ်ငြိမ်သွာတယ် အခုချိန်ထိ😁😁😁
2026-09-11 23:41:07
17
boetaw070
Red Devil :
ငါတို့ သမ္မတကို ICC အဖွဲ့ဝင်နိုင်ငံက လှိုက်လှဲပျူဌာစွာ ကြိုဆိုနေတာကြီး မြင်ရတော့.....အတော် ဖီလ်း တယ်ကွာ ဒီခရီးစဉ်ကိုအကြိုက်ဆုံးပဲ🥰🥰 ခင်ဗျားတို့ ဘေးနိုင်ငံတွေ မြန်မာဟာ ဘာလဲဆိုတာ သိပါတယ်
2026-09-11 12:59:54
40
mothers.son559
Mother's son :
ဘုန်းကံမြင့်လိုက်တာ သမ္မတကြီး လေးစားပါတယ်
2026-09-11 13:43:15
16
toe19907
u gyi toe :
လေးစားမှုဆိုတာတဖက်ကပေးရင်တဖက်ကပြန်ပေးရမယ်..ခမာတွေအခက်ခဲကိုဒို့မြန်မာတွေတတ်နိုင်သမျှစာနာနားလည်ပေးရမယ်..တို့သမ္မတကြီးသွားခဲ့တဲ့ခရီးစဥ်ထဲမှာခမာတွေကလေးစားမှုအရှိဆုံးလို့မြင်မိတယ်..🥰🥰🥰🥰..ကျေးဇူးပါ
2026-09-11 13:00:38
38
zaw.min.oo2453
Zaw Min Oo :
ICC ဘယ်ရောက်နလဲ .. ICC ရေ .. ICC .. 😂😂😂😂😂😂
2026-09-11 15:15:43
19
mt734105rz0
Mâ Pŭ Tŭ :
State Actor ဆိုတာ🥰
2026-09-11 12:53:25
59
To see more videos from user @press.officials, please go to the Tikwm homepage.

Other Videos


About