@koaung163413: အရင်က ကျွန်တော်ဟာ သံယောဇဉ်ကို အလေးအနက်ထားလွန်းတဲ့ ယောက်ျားတစ်ယောက်ပါ။ လူတစ်ယောက်ကို ခင်တွယ်ပြီဆိုရင် ကိုယ့်ဘက်က ရာနှုန်းပြည့် ပုံအောပေးတတ်တာ ကျွန်တော့်ရဲ့ အကျင့်ပေါ့။ အချစ်မှာပဲဖြစ်ဖြစ်၊ ခင်မင်မှုမှာပဲဖြစ်ဖြစ် "ဦးစားပေး" ရမယ်ဆိုရင် ကျွန်တော်က အမြဲတမ်း နောက်ဆုံးမှာပဲ နေခဲ့ပြီး သူတပါးကိုပဲ ရှေ့တန်းတင်ခဲ့တာ။ ဒါပေမဲ့ အဲဒီလို သံယောဇဉ်ကြီးတာကပဲ ကိုယ့်ကိုကိုယ် ပြန်သတ်နေတဲ့ လက်နက်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။ တစ်ဖက်လူရဲ့ စာတစ်ကြောင်းကို မျှော်နေရတာ၊ ကိုယ်က ဂရုတစိုက် မေးမြန်းသမျှကို သူက အဖတ်မလုပ်သလို နေတာ၊ ကိုယ့်ရဲ့ စေတနာတွေကို အပိုတွေလို့ သတ်မှတ်ခံရတာတွေက ကြာလာတော့ နှလုံးသားကို ညောင်းညာစေပါတယ်။ အချိန်တိုင်း တစ်ဖက်လူရဲ့ အလိုကျ လိုက်ဖြည့်ဆည်းပေးနေရတဲ့ ဘဝက "သက်တောင့်သက်သာ" မရှိမှန်း ကျွန်တော် သိလာရတယ်။ အခုတော့ ကျွန်တော် ပြောင်းလဲသွားပါပြီ။ လူတွေကတော့ ကျွန်တော့်ကို အရင်လို မဟုတ်တော့ဘူး၊ "အေးစက်သွားတယ်" လို့ ပြောကြတယ်။ "ဟုတ်ပါတယ် ကျွန်တော် အေးစက်သွားတာပါ' ဒါပေမဲ့ အဲဒါဟာ တစ်ဖက်လူကို မုန်းလို့ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့ အချိန်ပေးလိုက်တာပါ။ အရင်လို ဖုန်း Notification လေးတက်လာဖို့ မျှော်မနေတော့ဘူး။ သူ ဘာဖြစ်နေလဲ၊ ဘယ်သူနဲ့ ရှိနေမလဲဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ခေါင်းကို အပူမပေးတော့ဘူး။ တစ်ဖက်လူက အကြောင်းမပြန်ရင်လည်း "အင်း... သူ အလုပ်ရှုပ်နေလို့ ဖြစ်မှာပါ" လို့ ရိုးရိုးလေးပဲ တွေးပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်လိုက်တယ်။ ဒီလို အေးစက်စက် နေလိုက်ရတာက ပိုပြီး သက်တောင့်သက်သာ ရှိပါတယ်။ သံယောဇဉ်တွေ တနင့်တပိုးနဲ့ တစ်ဖက်လူနောက်ကို အပြေးလိုက်နေရတဲ့ အလုပ်က တကယ်တော့ ပင်ပန်းလွန်းပါတယ်။ အခုလို ဘာမှ မျှော်လင့်မထားတဲ့ "ဥပေက္ခာ" စိတ်လေးနဲ့ နေလိုက်တဲ့အခါမှပဲ ကျွန်တော့်ကမ္ဘာလေးက ပိုပြီး ငြိမ်သက်သွားတော့တယ်။ အေးစက်သွားတယ်ဆိုတာ... နှလုံးသားက သေဆုံးသွားတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ခံစားချက်တွေကို မထိုက်တန်တဲ့နေရာမှာ မဖြုန်းတီးတော့ဖို့ "Safe Zone" တစ်ခု တည်ဆောက်လိုက်တာပါ။ အခု ကျွန်တော် အေးချမ်းပါတယ်... ဘယ်သူ့အပေါ်မှ အငြိုးအတေးမရှိသလို၊ ဘယ်သူ့ဆီကမှလည်း အထူးတလည် ဂရုစိုက်မှုကို မတောင်းခံတော့ဘူး။ ဒါဟာ ယောက်ျားတစ်ယောက်ရဲ့ ရင့်ကျက်တဲ့ အေးစက်ခြင်းပေါ့.......။ #crd

Ya Wai Aung
Ya Wai Aung
Open In TikTok:
Region: TH
Friday 11 September 2026 12:08:55 GMT
149816
9974
148
736

Music

Download

Comments

shein.bo27
ပေါမိုက်တေလေငပေဘိုရှိန်း :
သူလည်းသူ့အကြောင်းနဲ့သူပါ ကိုမှမဟုတ်တာ !! ဘ၀က အရာရာလိုက်ခံစားရင်ရူးယုံပဲရှိမယ် !! ပေးတယ် ရတယ်မလား ပြီးပြီ မရဘူးမလား ပြီးပြီ ဒွိဟလား ကိုကဖြောင့်အောင်သွားဖို့ပဲ အချိန်တွေ က အတိတ်တွေကြားထဲ နစ်မွှန်းဖို့မှ မဟုတ်တာ
2026-09-18 13:50:25
15
usern5298
zaw phyoe 🤍 :
[Teary eyed]
2026-09-18 15:35:34
1
foodie.fix7
🇲🇲 🍀 CHEF LEON🍀 🇦🇪 :
good jobs
2026-09-18 18:03:42
0
hlaing.htet.aung305
KO hLAinG KO🔷7️⃣8️⃣9️⃣🔷 :
စာသားလေး copy ချပေးပါလားဗျ
2026-09-17 14:46:28
4
chan713711
Lin Myat :
အရူးတစ်ယောက်လို
2026-09-19 00:38:07
1
shwejue1984
🐷Տɧաe ʝՄe🐷 :
နေတတ်နေပီ အမြဲတမ်း အချစ်မခံရ မိသာစုမှာ ချစ်တာတောင်ကျော်ပီးကျန်ခဲ့ရ သူငယ်ချင်းထား လည်း ကျော်သွားခံရ အရွယ်ရောက်တော့လည် ကျော်သွားခံရလွန်းလ်ု့ ဒေါ်ရွှေဂျူးကျော်လေးဖစ်နေပါပီ ခုဆို သူတို့သင်ပေးခဲ့လိူ့ နေတတ်နေပီ ဘဝကြီးရေ😔😔😔😔😔😔🥺🥺🥺🥺🥺
2026-09-18 18:54:17
3
moe.htet.yan28
你不爱我 :
ခုချိန်ထိ မပြောင်းလဲနိုင်တော့ အမြဲခံစားရတုန်းပါဗျာ ဘယ်လိုများ လေ့ကျင့်ယူရမလဲ ပြောပြကြပါအုံးဗျာ အိပ်ကိုမပျော်တော့ပါဘူး အိပ်ပျော်တော့လဲ အိပ်မက်ထဲထိပါ ပါနေတော့လည်း 😭😭😭😭😭😭😭😭😭
2026-09-19 01:15:27
4
hteteditz0927
ᑌ ᕼTᗴT ᗴᗪɪᴛᴢ 🫆 :
ဆွံ့အရုံကလွဲ၍ ဘာမန့်ရမှန်းမသိအောင်ပဲ 💔🥀
2026-09-18 16:52:13
1
ye.lin3713
Ye Lin :
ကူးယူခွင့်ပြုပါဗျာ
2026-09-18 17:32:01
1
tharmanya.thar.la
Tharmanya Thar Lay :
31..7...2569 နေ့က သူမအားဘူးတဲ့ သူဍေးမ မွှေးနေ့ပွဲအတွက်ပြင်ဆင်ပေးရမယ်ဆိုပိး ယနေ့ထိတိုင်ပါ သူမအားတော့ဒါကို ဒီအချိန် ရက် လ တွေပြောင်းသွားတယ် မပိးသေးဘူးမွှေးနေကဘယ်နှလလုပ်မလဲမသိဘူး သတင်းတောင်လိုက်ရှာမရတော့ဘူး😭😭😭
2026-09-18 08:20:28
2
xike777
Thu :
ပြောင်းလဲလိုက်ပါပိးဗျာ ကျနော်ဆက်ပိးမနာကျင်ချင်တော့ပါဘူး ပြောင်းလဲတာမကြာသေးမိုလို့လာတော့မသိဘူး နည်းနည်းခံစားနေရတယ်
2026-09-19 03:07:48
1
thura.aung5869
Ko Thu Ra :
":သူတို့က ပျော်ပါတယ် ပျော်အောင်ထားပေးချင်တဲ့သူတွေပဲ မပျော်ရတာ အရှေ့ကိုက်100တွင် လမ်းခွဲရှိသည် ။ ဘယ်လမ်းရွေးရွေး ဝေးရမည်....🍀🙂
2026-09-19 02:52:17
1
ko.ko92727
🍃🌱AUNG🌱🍃 :
copy ယူပရစေ
2026-09-18 05:36:06
1
xiaoming4100
Awng Tsawm :
မခွဲချင်လို့သူမနေတဲ့မိသာစုအိမ်သွားပီးအကြိမ်ကြိမ်မျက်ရည်နဲ့တစ်နှစ်တိတိတောင်းပန်ခဲ့ဖူးတယ်
2026-09-18 17:38:21
3
csw658
✌✌✌☺☺☺👻👻👻 :
ပြန်တင်ပါ့ရ ေစ
2026-09-18 23:55:20
1
karen.lay5546
karen lay :
ခံစားချက်လေးနဲ့တိုက်ဆိုင်လို့ပြန်တင်ခွင့်ရနိုင်မလားဗျား
2026-09-15 16:45:35
1
pyi.taw.pyan
✫Cˣᴬᴺ Mᵞᴬᴱ Aᵁᴺᴳ✫ :
စာသားလေးကြိုက်လို့ copy ချပေးပါလားဗျ
2026-09-15 08:53:50
1
zk.lin1
🚬🖤Xenon🖤♂️ :
စားသားလေးယူသုံးမယ်နော့🤗
2026-09-18 12:26:25
2
painglay48341
painglay :
အရာအားလုံးကိုနာလည်ပေးခဲ့ပေမယ့်ကို့ကိုကျနားလည်မပေးဘူးကိုချစ်သလိုပြန်အချစ်မခံရတော့လဲခုကျတော်ပြောင်းလဲနေပါပီ🥺
2026-09-18 13:03:26
0
ye.htut6960
Ye Htut :
ပြန်တင်ခွင့်ပြုပါ😍
2026-09-18 05:38:48
1
user5346266546334
မမရယ်ချစ် :
ကျေဇူပါ
2026-09-19 03:38:03
1
lucas.822026
꧁༒༺ Lucas ༻༒꧂ :
ပြန်တင်ခွင့်ပြုပါ
2026-09-19 00:42:35
1
heinhtetnaing6575
ko moe6575 :
😌😌
2026-09-19 04:53:24
0
kokhant9907
王林🏞️ :
crd ပေးပါတယ်နော်
2026-09-19 02:07:34
1
linlin12345678894
lin lin (ဘိတ်သားလေးပါ) ဗျာ :
🥰🥰🥰
2026-09-19 02:44:44
1
To see more videos from user @koaung163413, please go to the Tikwm homepage.

Other Videos


About