@lwin09795656893: အဆင်ပြေပြေ မပြေပြေ လူမသိစေနဲ့ " ................................................... နေတတ်အောင်နေပါ မနေတတ်ရင် အပူဟပ်တယ်။ အနေမတတ်တော့ အပူတွေမရပ်တော့ဘူးပေါ့ ကိုယ်မဆိုင်လဲ ဖြစ်တဲ့ကိစ္စဆို သွားမဆိုင်ပါနဲ့။ ကိုယ်မပါလဲ ဖြစ်တဲ့ကိစ္စဆို သွားပြီး ဝင်မပါနဲ့။ ကိုယ်မသိရလဲ ဖြစ်တဲ့ကိစ္စဆို မသိချင်ပါနဲ့။ သိချင်ရင် မေးလာလိမ့်မယ် လိုအပ်ရင် ပြောလာလိမ့်မယ် တွေ့ချင်ရင် ရောက်လာလိမ့်မယ် ကြားချင်ရင် ဆက်သွယ်လာလိမ့်မယ် အရေးပါရင် အရာသွင်းပါလိမ့်မယ်။ အမြဲရှိနေမပေးချင်နဲ့ အတင်းဝင် ဖြေရှင်းမပေးချင်နဲ့ မဆိုင်ဘူးထင်ရင် အရမ်းလည်းစိတ်မဝင်စားနဲ့ ဘာဖြစ်လို့လည်းဆိုတော့ ပင်ပန်းရတယ်။ နောက်ပြီးတော့ လိုတာထက်ပိုရင် ဘယ်ဟာမှမကောင်းဘူး အနေသာချင်တယ်ဆိုရင် တစ်ချို့ကိစ္စတွေမှာ အသာနေလိုက်ပါ။ ဒါကြောင့် နေတတ်အောင်နေ နောက်တစ်ခုက ရှိလဲ လူမသိစေနဲ့ မရှိလဲ လူမသိစေနဲ့ ပျော်နေလဲ လူမသိစေနဲ့ မပျော်နေလဲ လူမသိစေနဲ့ အဆင်ပြေလဲ လူမသိစေနဲ့ အဆင်မပြေလဲ လူမသိစေနဲ့ အများနဲ့နေရလဲ သိုသိုသိပ်သိပ်နေ တစ်ယောက်တည်းနေရလဲ သိုသိုသိပ်သိပ်နေ။ အထီးကျန်နေရင်တောင် အထီးကျန်မှုနဲ့ အသားကျအောင်နေလိုက် အထီးကျန်နေတယ်ဆိုပြီး အဖော်မရှာနဲ့ လိုက်မရောနဲ့ စိတ်အားငယ်မနေနဲ့ စိတ်ကို မအားအောင်ထား တစ်ခုခုလုပ်နေ။ အများနဲ့နေရတာထက် တစ်ခါတလေ တစ်ယောက်တည်းနေရတာက ပိုလွတ်လပ်တယ် ပိုအေးချမ်းတယ် ပိုအလုပ်ပြီးတယ် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မြင်နိုင်တယ် အဆင်ပြေပြေ မပြေပြေ လူမသိစေနဲ့။ ကိုယ့်စိတ်အတတ်အကျကို သတိနဲ့စောင့်ကြည့်ပြီး တကယ်အေးချမ်းရာအစစ်ဟာ ငါ့အတွက်ဘာဖြစ်မလဲဆိုတာတွေးပြီး နေတတ်အောင်နေပါ။ #စာပေဗဟုသုတ #စားဖတ်ချင်းကိုမြတ်နိုးပါ😇🥰 #အားပေးမှုတိုင်းအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ #foryoupage #fypシ
🎀𝓐𝓾𝓷𝓰 𝓚𝔂𝓪𝔀 𝓛𝔀𝓲𝓷🎀
Region: MM
Friday 11 September 2026 13:10:11 GMT
Music
Download
Comments
𓂀𝔸𝕤𝕙𝕚𝕟 𝔸𝕣𝕣𝕤𝕒𝕪𝕒♒𓂀 :
တစ်ယောက်ထဲဆို တရားနဲ့နေတဲ့🙏
အများနဲ့ဆို သည်းခံစိတ်နဲ့နေတဲ့🙂
မိသားစုနဲ့နေရင် ချစ်ခြင်းမေတ္တာနဲ့နေတဲ့🥰🫰
2026-09-12 12:55:17
81
꧁♡အရှင်ကာရုဏိက♡꧂ :
နေတက်အောင်နေပါ..
အနေတက်ရင်
အသေမြတ်တယ်..,.🙏🙏🙏
2026-09-12 02:15:59
98
👒💍🏝May 🤍🏝👗🥼 :
Thanks you par
2026-09-12 15:44:59
0
Khant Kyaw :
All good🥰🥰🥰👏👏👏
2026-09-12 12:12:06
0
May Lay :
very good
2026-09-12 11:01:36
1
(:))"U' Tint :
think you 🥰
2026-09-12 02:32:46
1
user6201869365062 SoeChitthu :
ပြန်တင်ခြင်လို့စာသားလေးချပေးပါလားရှင့်
2026-09-12 01:40:14
3
Thein. Myint :
ဟုတ်ပါတယ်ဗျာ
အသိလဲရ
ပညာလဲရ
ကျေးဇူးတင်ပါတယ်ဗျာ👑👑👑👑👑
2026-09-12 05:17:58
9
Rain :
correct
2026-09-12 02:37:56
2
MIN ZAW :
ကျေးဇူးတင်ပါတယ်။လိုက်နာနိုင်အောင်လုပ် ပါ့မယ်။
2026-09-12 04:09:37
6
ngwe ngwe :
စာသားလေး ကော်ပီ ယူခွင့်ပြုပါရှင့်😍
2026-09-12 14:09:05
1
လွှမ်းမိုးအောင်{ကြက်ဆီထမင်း} :
စာသးနဲ့ သီချင်းတွေက အရမ်းတိုက်ဆိုင်နေတယ်ဗျာ ကျေးဇူးပြု၍ ပြန်တင်ခွင့်ပြုပါခင်ဗျာ🙏🙏🙏
2026-09-12 14:43:33
1
🐯🌻Kham Phawe ၶမ်းၽူၺ်း🌻🐯 :
ကောင်းလိုက်တဲ့စာသားပါ
2026-09-12 12:36:38
1
ah saiahsai :
အမှန်ကိုအစဉ်မပြေဘူးစိုသူများဝမ်းသာတယ်
2026-09-12 05:22:27
1
Hein Zar Ni :
copy ခွင့်ပြုပါ
2026-09-12 13:03:57
1
khin san htwe :
ခဏခဏပြန်ဖက်မီ🥰🥰
2026-09-12 04:16:55
1
KoThaw Thar Thaw Thar :
သိပ်ကောင်းတယ်
2026-09-12 01:51:24
1
ဒေါ်တင်ဦး :
ဟ👍
2026-09-12 03:16:01
1
ET (အီးတီ) :
မဂ်လာပါ
2026-09-12 05:55:02
1
😚may💐⚡⚡ :
ဟုတ်ကဲ့ပါ
2026-09-12 04:21:54
1
Rain Moe :
🥰🥰🥰🥰🥰🥰🥰🥰မှန်လိုက်တာ
2026-09-12 06:24:28
1
သောကြာ :
အမှန်ပေါ့
2026-09-12 04:14:40
1
ကြွေရုပ် :
ဟုတ်ကဲ့
2026-09-12 04:14:18
1
Thaw Thaw :
ခုချိန်ကစပြီးနေတက်အောင်ကြိုးစားတော့မယ်
2026-09-12 06:20:41
1
U Myo Aung :
Thank
2026-09-12 06:34:13
1
To see more videos from user @lwin09795656893, please go to the Tikwm
homepage.