@ko.thitsar33537: မျှော်လင့်နေတုန်းမှာ ပေါ်မလာခဲ့ဘဲ၊ တကယ်လိုအပ်နေတဲ့အချိန်မှာ အနားမှာ ရှိမနေခဲ့ဘဲ၊ လိုချင်တောင့်တနေတုန်းမှာ ရမလာခဲ့တဲ့အရာတွေဟာ အချိန်တွေအကြာကြီး ကုန်လွန်သွားတဲ့အခါမျိုးမှာတော့ တကယ်ကို မလိုချင်တော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ လူ့ဘဝမှာ အရာရာတိုင်းက အချိန်ကိုက်ဖြစ်နေဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်တိုင်က အားငယ်ပြီး လက်တွဲဖော်တစ်ယောက်၊ ဒါမှမဟုတ် သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အားပေးမှုကို မျှော်ကိုးနေချိန်မှာ ဘယ်သူမှ ရှိမနေခဲ့ရင် နောက်ပိုင်းမှာ အထီးကျန်ရတာကိုပဲ ကျင့်သားရသွားပြီး ဘယ်သူ့ကိုမှလည်း မမျှော်လင့်ရဲတော့သလို မလိုချင်တော့ပြန်ပါဘူး။ အခွင့်အရေးတစ်ခု၊ အောင်မြင်မှုတစ်ခု ဒါမှမဟုတ် သံယောဇဉ်တစ်ခုခုက ကိုယ်တိုင် စိတ်အားထက်သန်စွာနဲ့ အပြင်းအထန် လိုအပ်နေတဲ့အချိန်မှာ ရမလာခဲ့ဘဲ စိတ်ကုန်သွားတဲ့အခါမှ၊ သံယောဇဉ်တွေ ပြတ်တောက်သွားတဲ့အခါမှ ရောက်လာမယ်ဆိုရင်လည်း အဲဒီအရာတွေရဲ့ တန်ဖိုးက ပျောက်ဆုံးသွားခဲ့ပါပြီ။ အချိန်လွန်မှ ရောက်လာတဲ့အရာမှန်သမျှက ဘယ်လောက်ပဲ ကောင်းမွန်နေပါစေဦးတော့၊ နှလုံးသားထဲမှာ ခံစားချက်မရှိတော့တဲ့အတွက် ကြာလေလေ အပိုသက်သက်ကြီးလို ဖြစ်လာပြီး ကိုယ့်အတွက်လည်း ဘာအဓိပ္ပာယ်မှ ရှိမနေတော့ပါဘူး။ ဒါကြောင့် အချိန်မှန်ဖို့ဆိုတာ ဘဝရဲ့ ဆက်ဆံရေးတွေ၊ အခွင့်အရေးတွေမှာ အရမ်းကို အသက်ပါလွန်းလှပါတယ်။ ကိုယ်တိုင်ကလည်း တစ်စုံတစ်ယောက်အတွက် လိုအပ်တဲ့အချိန်မှာ အနားမှာ ရှိပေးနိုင်ဖို့ အရေးကြီးသလို၊ ကိုယ့်အနားက လူတွေကလည်း ကိုယ်တကယ် အားကိုးချင်တဲ့အချိန်မှာ ရှိမနေခဲ့ရင် အဲဒီလူတွေကိုပါ ဘဝထဲကနေ အလိုအလျောက် နှင်ထုတ်မိရက်သား ဖြစ်သွားတတ်တာမို့ အချိန်လွန်မှ ရောက်လာမယ့် ဘယ်အရာကိုမှ မမျှော်လင့်ဘဲ ကိုယ့်ဘာကိုယ်ပဲ အဆင်ပြေအောင် ရှင်သန် ဖြတ်သန်းသွားတာကသာ အကောင်းဆုံးပါပဲ။ #foryou #crd_to_owner_with_respect #H🍀

ကိုသစ္စာ{ 2 }Official
ကိုသစ္စာ{ 2 }Official
Open In TikTok:
Region: MM
Saturday 12 September 2026 01:48:15 GMT
5935
544
24
44

Music

Download

Comments

ktt646
kTT 🇲🇲 :
ဟုတ်ကဲ့ ပါ။ကိုသစာရေ🥰
2026-09-12 04:29:13
1
khaingsoe814
KayKhaingSoe 🏖⛱ :
လိုအပ်ချိန်အနားနားရှိနေပေးမှာပါ💗💞💗
2026-09-12 04:14:58
1
.e_wiltedheart1
အသက်ထက် ညှာ :
အမှန်ပဲ
2026-09-12 06:56:11
0
user3184134419928
အလင်းတန်း :
အော်
2026-09-12 10:55:34
0
use75119
ဖြူစင်ရိုးသားတောင်ပေါ်သား :
❤️❤️❤️❤️
2026-09-12 15:02:21
0
looneainlone
Rosé :
မှန်တာပေါ့ကိုသစ္စာရယ်[Heartwarming]
2026-09-12 05:31:33
0
user110750305
မနွယ် :
အမှန်တွေပါနော်
2026-09-12 07:23:02
0
aye.nndar
Aye Nandar :
စားသားလေးအရမ်းကြိုက်တယ်
2026-09-12 09:45:06
0
user831190324
Chan Chan :
အများကြီအချိန်ယူရအုံးမှာပါ
2026-09-12 03:34:38
0
tin.may.lay
Tin May Lay :
💐💐💐🌷🌷🌷💐💐💐
2026-09-12 02:20:42
0
kokou2977
KoKoU :
🥰💖🥰💖🥰💖🥰💖🥰💖
2026-09-12 05:42:07
0
hein55650
Hein thu :
👍👍👍
2026-09-12 16:06:20
0
mya.thida906906
MyaThiDar :
♥️♥️♥️
2026-09-12 05:56:28
1
saw.se65
ติดา😊 :
💞💞💞
2026-09-12 12:12:40
0
ma.hnin.si5517
ကြာပန်း :
👍👍👍
2026-09-12 11:44:06
0
u.san.pow
U San pow :
🥰🥰🥰
2026-09-12 10:53:20
0
user6129111652408
Daisy :
🥰🌹🌹🌹💕💕💕🥰
2026-09-12 06:02:36
0
1ss875
သက်တန့် :
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐❤️🌈😞
2026-09-12 05:54:46
0
kokyaw55500
#####KT ###🥺🥺🥺 :
❤️❤️❤️
2026-09-12 04:10:46
0
manan4820
Nan :
🥰🥰🥰
2026-09-12 03:57:32
0
htet.lin.cho1
Htet Lin Cho :
🥰🥰🥰
2026-09-12 03:43:21
0
naythurain5545
🇨🇷WAW(ဝေါ)သားလေး🇲🇲 :
🥺🥺🥺
2026-09-12 03:33:09
0
naymin.aung349
NayMin Aung :
🥰🥰🥰
2026-09-12 14:39:04
1
To see more videos from user @ko.thitsar33537, please go to the Tikwm homepage.

Other Videos


About