@aunglay.1984: ''တစ်ချိန်တုန်းက...ငါ့ဖုန်းထဲမှာ အခေါ်ဆုံး နံပါတ်တစ်ခု ရှိခဲ့တယ်... "ပျော်ရင်လည်း အဲဒီနံပါတ်ကို ခေါ်တယ်... ဝမ်းနည်းရင်လည်း အဲဒီနံပါတ်ကို ခေါ်တယ်... "အကြောင်းမရှိလည်း...အသံလေး ကြားချင်လို့...ဆိုပြီး ခေါ်ခဲ့ဖူးတယ်... "အဲဒီအချိန်တုန်းက...ဖုန်းတစ်ခါမြည်ရုံနဲ့ "ဟယ်လို..."ဆိုတဲ့ အသံလေးက တစ်နေ့တာရဲ့ ပင်ပန်းမှုကို ပျောက်သွားစေခဲ့ဖူးတယ်... "အခုတော့...အဲဒီနံပါတ်က ဖုန်းထဲမှာ ရှိနေသေးတယ်...Delete မလုပ်ရက်သေးဘူး... "ဒါပေမယ့်...ခေါ်ရဲတဲ့ သတ္တိတော့ ငါ့မှာ မရှိတော့ဘူး... "တကယ်တော့...မပြောင်းလဲသွားတာက ဖုန်းနံပါတ်ပဲ... "ပြောင်းလဲသွားတာက...အဲဒီနံပါတ်ရဲ့အဓိပ္ပာယ်ပဲ... "တစ်ခါတလေ...လက်ချောင်းက အလိုလို အဲဒီနံပါတ်ပေါ် ရောက်သွားတတ်တယ်... "Call ခလုတ်ကို နှိပ်ဖို့ တစ်စက္ကန့်လောက်ပဲ လိုတယ်... "ဒါပေမယ့်...နှိပ်မိရင်...ဘာကိစ္စလဲ...ဆိုတဲ့ စကားကို ကြားရမှာ ကြောက်တယ်... "တစ်ချိန်က...အချိန်မရွေး ခေါ်လို့ရတဲ့သူဟာ...အခုတော့...သတိရတိုင်း...နံပါတ်ကိုပဲ ငေးပြီး...ပြန်ပိတ်လိုက်ရတဲ့ ကိုယ့်စိတ်ပဲ... "လူတွေက..."ဖုန်းနံပါတ်လေးပဲ...ဖျက်လိုက်ပါ...လို့ ပြောကြတယ်... "ဒါပေမယ့်...ဖျက်ရခက်တာက နံပါတ် မဟုတ်ဘူး... "အဲဒီနံပါတ်ကို နှိပ်လိုက်တိုင်း...ရင်ခုန်ခဲ့ဖူးတဲ့ နှလုံးသားကိုပဲ... "တကယ်တော့...လူတစ်ယောက်နဲ့ ဝေးသွားတာက...လမ်းခွဲတဲ့နေ့မှ စတာ မဟုတ်ဘူး... "ကိုယ်ဖုန်းခေါ်ရမှာတောင်...အားနာလာတဲ့နေ့ကစတာပဲ... "နောက်ဆုံးတော့...ဖုန်းထဲမှာ နံပါတ်က ကျန်နေသေးတယ်... "နှလုံးသားထဲမှာလည်း အမှတ်တရက ကျန်နေသေးတယ်... "ဒါပေမယ့်...အရင်လို..."နေကောင်းလား..."ဆိုတဲ့ စကားတစ်ခွန်းကိုတောင် ပြောခွင့် မရှိတော့ဘူး... "အဲဒီအခိုက်အတန့်မှာ...ငါနားလည်သွားတယ်... "တချို့လူတွေဟာ...ဘဝထဲက ထွက်သွားတာ မဟုတ်ဘူး... "ဆက်သွယ်လို့ မရတဲ့ အမှတ်တရတစ်ခုအဖြစ် နဲ့ပဲ ကျန်ခဲ့တာ... "နာကျင်တာက...ဖုန်းမကိုင်တာ မဟုတ်ဘူး... တစ်ချိန်က... အချိန်မရွေး ခေါ်လို့ရတဲ့ လူတစ်ယောက်ကို... "အခု...ခေါ်ဖို့တောင် အကြိမ်ကြိမ် တွေးနေရတာပဲ... "တချို့ဖုန်းနံပါတ်တွေက...ခေါ်မရလို့ မဟုတ်ဘူး...ခေါ်ခွင့် မရှိတော့လို့... "နှလုံးသားထဲမှာပဲ တိတ်တိတ်လေးသိမ်းထားလိုက်ရတာ...
♡︎ စပ်စုစိန် ♡︎ _ ♡︎ စာတို ♡︎
Region: MM
Saturday 12 September 2026 01:53:52 GMT
Music
Download
Comments
Kham :
မဖျက်ရသေးတဲ့ ဖုန်းနံပါတ်လေးရယ်၊မဖျက်ရ ေသးတဲ့အကောင့်လေးရယ်၊ ဆက်သွယ်ခွင့်မရှိတဲ့အခြေအနေတွေရယ် ဘယ်လောက်ထိ အချိန်ယူပီး မေ့ပစ်ဖို့ကို ကြိုးစားရအုံးမှာလဲ🥺
တချို့လူတွေ ပြောကြတယ် "အချိန်ကကုစားသွားမှာပါ"တဲ့ ဒါမဲ့ ကိုယ့်အတွက်ကျတော့ အချိန်ကြာလာလေ ပိုပီးမေ့မရလေဘဲ😭😭😭
2026-09-12 11:02:19
21
P :
မင့်postတစ်ခုကြောင့် ငါမနည်းငြိမ်းသက်နေရတဲ့ဒဏ်ရာတွေက အသစ်လိုပြန်ဖြစ်ခဲ့ရပြီ....ဒါပေမယ့် ငါကျေနပ်ပါတယ် အချစ်ဆိုတာ မပိုင်ဆိုင်ရလဲ မပျောက်ကွယ်သွားပါဘူး အရာအရာသူရွေးချယ်ခဲ့တဲ့အရာအပေါ်မှာ တစ်လေးတစ်စားလေးစား လက်ခံပေးရမှာပေါ့ အရာရာက သူပျော်ရွှင်ဖို့မဟုတ်ဘူးလား.....သူပျော်ရွှင်ဖို့ ခြားခဲ့တဲ့စည်းတွေကို ငါတို့ဂုဏ်သိက္ခာရှိရှိ လွမ်းရင်း/ချစ်ပေးရင်း/စိတ်ပူပေးရင်း နေနိုင်ခဲ့ရမယ်....
အဲ့ဒါ ငါသူ့အပေါ်ထားတဲ့ အချစ်ဘဲ....
8နှစ်ကျော်""""
2026-09-12 12:28:16
10
Thinzar 🌸🍒 :
Copy ချပေးပါအုံးဗျာ 🥺
2026-09-12 14:01:06
2
Mildey Chal (Tun Yaw Na) :
စာသားလေး copy com ချပေးပါလား ပြန်တင်ချင်လို့ပါ😓😓😓
2026-09-12 12:59:44
2
Your Htoo🍃 :
လွမ်းတယ်..တိုက်ဆိုင်မှုရှိတိုင်းကော မတိုက်ဆိုင်တဲ့အခါတွေမှာရော..ဒါပေမဲ့ဖုန်းခေါ်ချင်တဲ့စိတ်ကိုရအောင်ထိန်းတယ်..ကိုယ်ကလဲစွန့်လွှတ်ဖို့ရွေးချယ်ခဲ့သလို..သူကလဲပြန်မဆုံနိုင်တဲ့လမ်းကိုလျှောက်ခဲ့ပြီမလို့...ရေစက်ကဒီတခါတော့တကယ်ကုန်ပြီထင်တယ်..ဒါပေမဲ့သူမပျော်တာကို ကိုယ်အသိဆုံးမလို့..ဒီနေ့သူရယ်နေတဲ့ video လေးတက်လာတာတွေ့တော့..ပျော်မိတယ်..အမြဲတမ်းပြုံးနေစေချင်တာသိတယ်မလား..အမြဲတမ်းလဲပျော်အောင်နေနော်...
2026-09-12 14:38:31
4
🤍𝓝𝓸𝓮🤍🦋 :
စာသားလေးယူချင်ပါတယ်ရှင့်🥰
2026-09-12 11:45:19
1
♍Zin Mar Oo♍ :
စာသားလေးချပေးပါ
2026-09-12 03:59:37
2
Suri🐥 :
12 yrs ကြာထိခေါ်ခဲ့ဖူးတယ်🥺🥺
2026-09-12 11:25:55
3
Kizzy🍒 :
ယူတင်ပါရစေ
2026-09-12 12:29:54
1
※*~𝘾﹒𝙎﹒𝙒~*※ :
မနက်အိပ်ယာနိုးတာနဲ့ဝင်နေကျဖုန်းခေါ်လေး
ညဘက်ဝင်နေကြဖုန်းခေါ်လေး ဝင်မလာတော့တာ1နှစ်ရှိပြီး အဲ့ဖုန်းကောလေးကလွဲပြီးလည်းဘယ်ဖုန်းကောမှမဝင်တော့ဘူး😔
2026-09-12 13:05:03
2
Mee Mee :
ခေါ်ခွင့်မရှိ တော့ပါဘူး🥺
2026-09-12 12:52:18
2
Kyawt Kay Khaing(ဓနုဖြူသူလေ) :
လွန်ခဲတယ့် 2018ထဲက
ကိုကိုယ်တိုင်ပေခဲ့တယ် ဖုန်ကတ်လေကို အခုထိသုံးနေတုန်ဘဲတယ့်
ဒါပေမယ့် ခေါ်ခွင်မရှိတောဘူလေ
2026-09-12 14:10:24
1
Hsu Myat Noe :
အမြဲခေါ်ဖို့ ကြိုးစားတယ် မခေါ်ပဲပြန်နေလိုက်ရတယ် အနှောက်ယှက်မဖစ်စေချင်လို့ လွမ်းတာတော့ အရမ်းပဲ ရင်နဲ့မဆန့်အောင်ပဲ😭😭😭
2026-09-12 13:44:05
1
Ýã Ÿă :
ခေါ်ခွင့်မရှိတော့တဲ့......😔
2026-09-12 12:40:41
1
EL LA :
တစ်ရက် လဲကျသွားတဲ့နေ့ကသာ အဆုံးသတ်ဖြစ်နေမယ်ဆို ကိုယ့်ဖုန်းကို ကြည့်ပြီး ဆက်သွယ်ရမယ့် နံပါတ်ကို ရှာခဲ့ကြမယ်ဆို အဲ့နံပါတ်လေး ဖြစ်နေခဲ့မှာ အသေအချာပဲ ….
2026-09-12 13:00:13
1
Micro🤗 :
အခုစားသားနဲ့လက်ရှိဖြစ်နေတာနဲ့ တစ်ထပ်ထည်းပဲ ကွယ်
2026-09-12 08:00:01
1
🌷နှောင်းတစ်ခေတ်🌷 :
ပြန်တင်ပါရစေတိုက်ဆိုင်နေလို့
2026-09-12 11:39:12
1
K.Lay 9/ Forever lover😘💕 :
ပြန်တင်ပါရစေ🥰🥰
2026-09-12 09:15:13
1
My little world🤍 :
မှတ်ညဏ်နည်းတဲ့ကိုယ်က အဲ့နံပါဒ်လေးတော့သေချာမှတ်ထားတယ်🥺
2026-09-12 13:30:29
4
NAY AUNG :
🥺🥺🥺
2026-09-12 05:01:30
2
Azh :
ဝေးတော့ မဝေးသေးဘူး
ဒါပေမယ့် ဆက်ရမှာ အားနာစပြုမှန်းမသိ ကာလတစ်ခုကို ကျော်လွန် စတင်လာခဲ့ပြီ
အလုပ်တွေကြား စိတ်ပင်ပန်းနေမလား
ဆက်လိုက်ရင် အနှောင့်အယှက်များ ဖြစ်သွားမလား အတွေးတွေနဲ့ Click တချက်နှိပ်ဖို့ တွန့်ဆုတ်ခဲ့တဲ့ ဂဏန်းမျှသာ ဖွဲ့စည်းထားသည်ဟု ထင်ခဲ့ဖူးသော သူ့နံပါတ်လေးတစ်ခု.......................😔
2026-09-12 15:14:29
0
🍂M🍁မောင်ရေခဲ🧊 :
ပြန်တင်ခွင့်ပြုပါbro
2026-09-12 15:39:14
0
ゆき :
စာသားလေးကြိုက်လိုပေးပါလား
2026-09-12 15:48:20
1
Htet Naingtoe :
ဆွံ့အ နံပါတ်ပိုင်ရှင်ကကော ငါ့ဖုန်းခေါ်တာ မျှော်နေပါ့မလား
2026-09-12 15:30:29
0
𓂃🦋⃟•ᥫ᭡ ⚘ ☂ ☪ :
copy ပါရစေရှင့်[Vergüenza]🥺💞
2026-09-12 04:44:43
0
To see more videos from user @aunglay.1984, please go to the Tikwm
homepage.
© 2021-2026 TikWM. All rights reserved.