@mangowingstravels: 📌✋ထိုင်းလေဆိပ်လဝကဖြတ်ဖို့ အင်္ဂလိပ်လိုမရမှာ စိုးရိမ်နေတယ်ဆိုရင် ဒါတွေမှတ်သွားပါ။ လဝက counter ရောက်ရင် ဘာဖြေရမှန်းမသိမဖြစ်ဖို့ ဒီမေးခွန်း (၈) ခုနဲ့ အဖြေအပြည့်အစုံကို ကြိုပြီး လေ့ကျင့်ထားပါ။ 1. "What is the purpose of your visit?" (ခရီးရဲ့ရည်ရွယ်ချက် ဘာလဲ) → "I am here for tourism." (သို့) "I am here for a holiday." 2. "How long will you stay in Thailand?" (ဘယ်နှစ်ရက်နေမလဲ) → "I will stay for 5 days." (မိမိနေမယ့် ရက်အတိအကျ ဖြေပါ) 3. "Where will you be staying?" (ဘယ်မှာနေမလဲ) → "I am staying at [Hotel Name]." → Hotel booking confirmation ကို တစ်ခါတည်း ပြပါ။ 4. "Do you have a return ticket?" (ပြန်လက်မှတ် ရှိလား) → "Yes, here is my return ticket." (လက်မှတ်ပြပါ) 5. "How much money do you have with you?" (ငွေဘယ်လောက်ပါလဲ) → "I have 20,000 Baht in cash." 6. "Are you traveling alone or with someone?" (တစ်ယောက်တည်းလား၊ ဘယ်သူနဲ့လဲ) → "I am traveling alone." (သို့) "I am traveling with my family / friends." 7. "Have you been to Thailand before?" (ထိုင်းကို အရင်ရောက်ဖူးလား) → "No, this is my first time." (သို့) "Yes, I have been here before." 8. "What do you do for work?" (အလုပ်ဘာလုပ်လဲ) → "I am a company employee." (သို့) "I run my own business." 💡အကြံပြုချက်အနေနဲ့ - TDAC (Digital Arrival Card) ကို ခရီးမတိုင်မီ (၃)ရက်အလို ကြိုတင်ဖြည့်ထားပါ။ အပိုတွေ မလိုအပ်ဘဲ လျှောက်မရှင်းပါနဲ့၊ မေးတာကိုပဲ တိုတိုနဲ့ ယုံကြည်မှုရှိရှိ ဖြေပါ။ 💁♂️ကျွန်တော်တို့ MangoWings မှာတော့ ဝန်ဆောင်မှုယူသူတိုင်းကို ဒီလို အမေးအဖြေတွေအပြင် လေဆိပ်အတွင်းသွားလာရမယ့်အဆင့်ဆင့်ကိုလည်း တစ်ခါတည်း လမ်းညွှန်ပြင်ဆင်ပေးပါတယ်။ 💬စာလေးပို့ပြီး ဆက်သွယ်နိုင်ပါတယ်။ "MangoWings - အရှပ်အရှင်းကင်းတဲ့ လေယာဥ်လက်မှတ်" #mangowings #flightticket #လေယာဥ်လက်မှတ် #ထိုင်းလေဆိပ် #bangkokAirport