@htay.htay9611: မိန်းမတစ်ယောက်ကို ထမင်းကျွေးထားနိုင်ရုံနဲ့ ကိုယ်ဟာ ကျေးဇူးရှင်ကြီး၊ ကိုယ်ဟာ အိမ်ဦးနတ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်လိုက်ပါနဲ့။ ထမင်းတစ်နပ် စားရဖို့အတွက်နဲ့ ဘယ်မိန်းမမှ ယောက်ျားကို မယူပါဘူး။ အိမ်ထောင်တစ်ခုကို ရွေးချယ်တဲ့အချိန်မှာ သူမတို့က ထမင်းထက် ဘဝလုံခြုံမှု၊ စိတ်ချမ်းသာမှု၊ နားလည်မှု၊ လေးစားမှုကို ပိုလိုအပ်ကြတာပါ။ မိန်းမတစ်ယောက်ဟာ ကိုယ့်အပေါ် အနစ်နာခံပြီး ချစ်ပေးမယ်လို့ ယုံကြည်လို့ ဘဝကို ပုံအပ်ခဲ့တာပါ။ ကိုယ့်အိမ်ထဲ ဝင်လာတာက အခမဲ့ အလုပ်သမားဖြစ်ဖို့ မဟုတ်ဘူး၊ စိတ်ခံစားချက်မရှိတဲ့ စက်ရုပ်ဖြစ်ဖို့ မဟုတ်ဘူး၊ အနိုင်ကျင့်ခံဖို့ မဟုတ်ဘူး.. သူမတို့က ကိုယ့်ကို လေးစားပေးမယ်၊ ကိုယ့်ကို ကာကွယ်ပေးမယ်၊ ကိုယ့်အမှားတွေကို နားလည်ပေးမယ်၊ ကိုယ့်အောင်မြင်မှုကို အားပေးမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ဘဝကို ပုံအပ်ခဲ့တာပါ။ ဒါပေမဲ့ "ငါ ထမင်းကျွေးထားတယ်"၊ "ငါ လုပ်ကျွေးထားတယ်"ဆိုတဲ့ စကားနဲ့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို မလျော့သင့်ပါဘူး။ မိန်းမတစ်ယောက်က မိသားစုကို ထားခဲ့တယ်၊ မိဘရဲ့ မျက်ရည်ကို ထားခဲ့တယ်၊ ကိုယ့်ဘဝရဲ့ လုံခြုံမှုကိုတောင် စွန့်ပြီး ကိုယ့်အနားကို လာရောက်ခဲ့တာပါ။ အဲဒီလို လူတစ်ယောက်ကို ထမင်းတစ်နပ်နဲ့ တန်ဖိုးချမယ်ဆိုရင် အဲဒါဟာ အချစ်မဟုတ်ဘဲ အနိုင်ကျင့်မှု ဖြစ်သွားပါလိမ့်မယ်။ အိမ်ထောင်တစ်ခုမှာ ယောက်ျားက အလုပ်လုပ်ပြီး မိန်းမက အိမ်အလုပ်လုပ်တယ်ဆိုတာ ဘယ်သူက ဘယ်သူ့ထက် မြင့်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါဟာ တာဝန်ကို မျှဝေထားခြင်း သာဖြစ်ပါတယ်။ ယောက်ျားက ပင်ပန်းသလို မိန်းမလည်း ပင်ပန်းပါတယ်။ ယောက်ျားက စိတ်ဖိစီးသလို မိန်းမလည်း စိတ်ဖိစီးပါတယ်။ ဒါကို နားမလည်နိုင်ရင် အိမ်ထောင်တစ်ခုဟာ ငရဲဖြစ်သွားနိုင်ပါတယ်။ မိန်းမတစ်ယောက်ဟာ ပိုက်ဆံလိုလို့ ယူတာမဟုတ်ဘူး၊ ထမင်းစားဖို့ ယူတာမဟုတ်ဘူး၊ အိမ်အလုပ်လုပ်ဖို့ ယူတာမဟုတ်ဘူး။ သူမတို့က - လုံခြုံချင်လို့၊ နားလည်ခံချင်လို့၊ ချစ်ခြင်းကို ခံစားချင်လို့၊ ဘဝကို အတူတူ တည်ဆောက်ချင်လို့သာ ယူကြတာပါ။ ဒါကြောင့် မိန်းမတစ်ယောက်ကို ထမင်းကျွေးထားနိုင်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ဘုရားလို မထင်ပါနဲ့... သူမတို့ဟာ ကိုယ့်ဘဝထဲကို ဝင်လာတဲ့ မိဖုရား ဖြစ်ပါတယ်။ အလုပ်သမား မဟုတ်ပါဘူး... အနိုင်ကျင့်ခံ မဟုတ်ပါဘူး... ကိုယ့်ကို ယုံကြည်လို့ ဘဝကို ပုံအပ်ခဲ့တဲ့သူတွေကို လေးစားပါ... နားလည်ပါ... ချစ်ပေးပါ။ ဒါဟာ ယောက်ျားတစ်ယောက်ရဲ့ အကြီးမားဆုံး တာဝန်ပါ။ဘာတာဝန်မှမယူနိုင်ရင်တော့နောက်ဆုံးရလဒ်ကကျန်ခဲ့ခြင်းဆိုတာပါပဲ။ soewinkyaw-content creator (မင်းပြား) @HtayHtay #MarrigeRespect #HealthMarriage #RelationshipHealing #foryou #fyppppppppppppppppppppppp

Htay Htay
Htay Htay
Open In TikTok:
Region: MY
Saturday 12 September 2026 10:37:31 GMT
114367
10426
153
1323

Music

Download

Comments

phyu.sin0773
phyu Sin :
အိမ်ထောင်သည်ဖြစ်သွားပီဆိုတာနဲ့ပျော်စရာတေနဲ့ဝေးကွာခဲ့ရတာပါသားသမီးတေရလာတော့ပိုဆိုးပီပေါ့သူတို့လေးတေရှေ့ရေးကိုပဲတွေးနေရတယ်အလုပ်တေပိုပီးကြိုးစားနေရတယ်
2026-10-01 10:45:04
14
panea601
Pãñ Eî :
အိမ်ကအမျိုးသားလေးကိုယ် ဒီမိန်းမ ကျေးဇူးအများကြီးတင်ပါတယ် စိတ်လုံခြုံမူ့ယော စိတ်ချမ်းသာမူ့တေပါအမြဲပေးပါသော စိတ်ချမ်းသာရပါတယ် 🥰🥰🥰
2026-10-01 16:54:38
6
user2067517775540
ငုဝါ စိုး :
နောင်တတွေနဲ့ပေါ့ တစ်ယောက်တည်ထွက်သွားချင်ပေးမဲ့ ခလေးနစ်ယောက်တွက် ပြန်တွေ့ရပြန်ရေား တကယ်နာကျင်ရပါတယ် မပျော်တော့တာ ကြာပီ
2026-10-01 08:15:39
14
user17503113
Aye Thida Khaing :
ဟုတ်တယ် ကျမထမင်းမငတ်ပါဘူး ထမင်းစားရဖို့ယောက်ျားယူခဲ့တာမဟုတ်ဘူး
2026-09-30 14:35:05
2
thant2443thant
T & P (My Whole World) :
ပြန်တင်ခွင့်ပြုပါရှင့်
2026-10-04 10:39:06
0
am199886
🇲🇲`ဝ´မလေး🇲🇲 :
စာသားလေးလိုချင်ပါတယ်🥰🥰🥰🥰
2026-09-12 11:16:52
0
ei.ei.mon9772
Ei Ei Mon :
တစ်ခါတစ်လေမှာဆို နောင်တရတဲ့နေ့တွေရှိခဲ့ဖူးတယ်
2026-10-06 02:53:11
1
daw.aye.khin37
Nang Nang :
သားသမီးမိသားစုပေါ်တာဝန်ကျေလွန်ပြီးစျေးပေါခဲ့လေပြီ😳😳
2026-10-01 06:24:19
3
yulay19844gmail.com1
ခါးသက်သက်ချို ( Scorpio 🦂) :
စာလေးဖတ်ပြီး ဒီက ကျွန် မကြီး ရင်ကွဲနာကျနေပါပြီနော်
2026-10-01 07:42:03
4
user822262155
May may :
အခုခေတ်က ထမင်းစားဖို့အတွက် မယားယူနေကြပီ သူများသားသမီးယူ ပီ မလုပ်ကျွေးတဲ့ အပြင် သူတို့က ပြန် ထိုင်စားချင်ကြတယ်
2026-10-02 12:48:17
2
amon_286
Ommar Min Khat :
မိဘအိမ်မှာလင်ယောကျာ်ကျွေးတဲ့မိဘကကျွေးတဲ့ထမင်းကအပူကင်းပီးအေးချမ်းစွာစားသောက်ခွင့်ရတယ်ပုဂံတောင်မဆေးရဘူးဖြူစင်တဲ့မိဘမေတ္တာပါ🥰
2026-10-01 05:05:58
3
m0357976
Yati🦋 :
မရှိတဲ့လူကတစ်ချိန်ချိန်မှာရှိလာအုံးမှာတန်ဖိုးမသိတဲ့လူကတသက်လုံးသိမှာမဟုတ်ဘူး
2026-10-02 09:02:44
1
yaminkhin218
yaminkhin :
ကိုယ်ခံစားချက်ကိုသူနားမလည်တာခံရအခတ်ဆုံးပဲ
2026-10-02 04:23:36
2
phway.phway3455
Phway phway :
သိပ်ပြီးတော့မှန်တာပေါ့ တခါတလေ ကိုယ်လျှောက်ခဲ့တဲ့လမ်း ကိုနောင်တရမိတယ်
2026-10-02 05:11:42
2
usermyayadanar
👸Elena💃 :
ကိုကဘယ်လောက်ပဲပေးဆက်ပါစေပြန်ရတာနဲ့မတန်ခဲ့ဘူး ခုထက်ပိုလုပ်ပေးခဲ့ပါတယ် ဝဋ်ကြွေးလို့သတ်မှတ်လိုက်တယ်
2026-09-28 02:32:53
2
ueieo44
Moe Moe :
ပြန်တင်ပါရစေနော်
2026-09-30 15:27:22
1
user1747223584933
##ယွန်းဧကရီ😘မားမားပါ🥰😍 :
အရမ်းမှန်တာပဲမမရယ်🥰🥰👍
2026-10-02 05:50:32
1
mal60571
ต้นกล้า စံဘုန်းပြည့်ဦး မေမေ👶 :
မိန်းမသားတွေ ဘဝက တစ်ကယ် သနားဖို့ကောင်းတယ်😣
2026-10-01 15:58:24
1
khaing.khaing0393
Khaing khaing :
အရှေ့အနောက်မကြည့်ကြတာ သူတို့ကခုလက်ရှိအချိန်ကို သိပ်ဟုတ်တယ်လို့ထင်နေကြတာ နောက်မှသိရော နောင်တပဲရရော
2026-09-13 09:39:17
2
nyan.htay270
Nyan htay :
ဟုတ်ပါတယ်ကျန်မတို့သူတို့ရဲ၀ဋ်းကျေးတွေပါ သားသာမီး၀ဋ်းတွေပါ
2026-09-30 13:46:44
1
ma.khaing.khaing744
Ma Khaing🥰🥰🥰🤎🤎🤎 :
ကျမယောကျ်ားကတော့ပြောရှာပါတယ်မိန်းမငါအသက်ရှင်သရွှေ့မင်းဘယ်တော့မှသူများအောက်မကျစေရဘူးတဲ့ထမင်းမငတ်စေရဘူးတဲ့အဲဒါနဲ့ဘဲကျမလည်းကျေနပ်နေရတာပါ
2026-10-01 15:23:41
1
hnaung.nwe.ni7
Khwar Nyo :
အမှန်နော်
2026-09-12 10:46:05
1
nan.thi.dar45
Nan Thi Dar Aung :
စာသားလေးချပေးပါအုံးရှင့်
2026-10-01 02:37:26
1
phue.phue4027
Phue Phue :
🥰🥰🥰
2026-10-07 14:02:34
0
kay.thi.aung8788
Kay Thi Aung :
ဟုတ်
2026-09-24 04:51:08
0
To see more videos from user @htay.htay9611, please go to the Tikwm homepage.

Other Videos


About