@ko.sai536: . "ညနေခင်းတွေမှာ လမ်းမပေါ်က လူတွေဟာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားကြတယ်... "တချို့လူတွေကတော့ ကိုယ်မပိုင်တဲ့လမ်းပေါ်ကို ဝင်လာမိပြီးမှ... နောက်ဆုံးမှာ ကိုယ့်ခြေလှမ်းကိုယ် ပြန်ဆုတ်ပေးရတတ်တယ်... "ကျွန်တော်ဟာ... ခင်ဗျားရဲ့ ကမ္ဘာထဲမှာ ဘယ်တော့မှ နေရာမမှန်ခဲ့တဲ့ လူပိုတစ်ယောက်ပါ... "ကျွန်တော့်ဘက်က အသက်ရှူဖို့တောင် မေ့ထားပြီး အရူးအမူး ဂရုစိုက်ခဲ့တဲ့ အချိန်တွေမှာ... "ခင်ဗျားက ကျွန်တော့်ကို “မလိုအပ်တဲ့ဝန်ထုပ်ဝန်ပိုး” တစ်ခုလို သဘောထားခဲ့တယ်... "ကျွန်တော့်ရဲ့ တည်ရှိမှုက ခင်ဗျားတို့နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေ ဖြစ်စေတယ်ဆိုတဲ့... "အကြည့်တွေက ကျွန်တော့်ရဲ့ စေတနာတွေကို တစ်စစီ နာကျည်းလာစေခဲ့တယ်... "ဒါပေမဲ့ ချစ်ခဲ့မိတာကိုတော့ အပြစ်တင်လို့မရခဲ့ဘူး...ခင်ဗျားတို့ အဆင်ပြေဖို့အတွက်... "ရင်ဘတ်တစ်ခုလုံး အပိုင်းပိုင်းပြတ်အောင် ခံစားပြီး ကျွန်တော် နောက်ဆုတ်ပေးခဲ့ပါတယ်... "ကိုယ်ချစ်တဲ့လူနှစ်ယောက် ပျော်ရွှင်နိုင်ဖို့ ကိုယ့်ရဲ့ဆန္ဒတွေကို နောက်မှာထားခဲ့တာကို “အနစ်နာခံမှု” လို့ပဲ ကျွန်တော် သတ်မှတ်ခဲ့တယ်... "ဒါပေမဲ့ ခါးသီးဖို့ကောင်းတာက... ကျွန်တော့်ရဲ့ အနစ်နာခံမှုကို ခင်ဗျားက... "မချစ်လို့ ထားခဲ့တာ...ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကျွန်တော့်ကို “အပြစ်သား” အဖြစ် ထပ်ပြီးသတ်မှတ်ပြန်တယ်... "ချစ်ပေးပြန်တော့လည်း... အရေးမပါသလို အပယ်ခံရတယ်... "နောက်ဆုတ်ပေးပြန်တော့လည်း... ရက်စက်သူအဖြစ် အထင်မှားခံရတယ်... "ဘယ်ဘက်ကို လှည့်လှည့်... ကျွန်တော့်အတွက် အဖြေမရှိခဲ့ဘူး... "ကျွန်တော့်ဘဝက လှိုင်းပုတ်သမျှ ခံနေရပေမဲ့ ဘယ်ကမ်းခြေကမှ လက်မခံတဲ့ “မျှောစာ” တစ်ခုလိုပါပဲ.. "ခင်ဗျားတို့ ကမ္ဘာမှာ ကျွန်တော့်အတွက် “နေရာ” ဆိုတာ အစကတည်းက မရှိခဲ့တာပါ... "ဒီအမှန်တရားကို သိလာတဲ့အချိန်မှာ နာကျည်းမိတယ်... "ကျွန်တော်ပေးခဲ့တဲ့ ဂရုစိုက်မှုတွေ...စောင့်ဆိုင်းမှုတွေ...နားလည်ပေးခဲ့မှုတွေကို ပြန်စဉ်းစားတိုင်း... "ငါက ဘာအတွက် ဒီလောက်ထိ ချစ်ခဲ့မိတာလဲ ဆိုတဲ့ မေးခွန်းက ရင်ထဲမှာ တိတ်တိတ်လေး နာကျင်နေမိတယ်... "ကျွန်တော်ဟာ ခင်ဗျားအတွက် “အဖြေရှာမရတဲ့ ပုစ္ဆာ” တစ်ပုဒ်ဖြစ်နေမယ့်အစား... "ခင်ဗျားတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုအတွက် အတားအဆီး မဖြစ်တော့အောင် ကိုယ့်ခြေလှမ်းကိုယ် ပြန်ဆုတ်ပေးလိုက်ပါ့မယ်... "ခင်ဗျားတို့နှစ်ယောက်... ကျွန်တော့်ကြောင့် စကားမများရတော့ဘဲ စိတ်ချမ်းသာစွာ လက်တွဲနိုင်ကြပါစေ... "ကျွန်တော်ကတော့ အတိတ်ထဲက နာကျင်မှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြည်းဖြည်းချင်း လွှတ်ချရင်း ကိုယ့်ဘဝကိုယ် ပြန်လျှောက်ပါ့မယ်... "တောင်းပန်ပါတယ်... ခင်ဗျားတို့ အဆင်ပြေဖို့အတွက် ကျွန်တော့်ရဲ့ ထွက်ခွာခြင်းကို ခင်ဗျားအတွက် “ရက်စက်မှု” လို့ မြင်ခဲ့မယ်ဆိုရင်ပေါ့... "တကယ်တော့ ကျွန်တော် ရက်စက်ချင်လို့ နောက်ဆုတ်ခဲ့တာ မဟုတ်ဘူး... "ချစ်လွန်းလို့ နေရာတောင်းခဲ့မိတယ်...နားလည်လွန်းလို့ ခံခဲ့မိတယ်... "အနစ်နာခံလွန်းလို့ ကိုယ့်နေရာကိုယ် ပျောက်ခဲ့မိတယ်... "နောက်ဆုံးမှာတော့...''နေရာမရှိတဲ့ကမ္ဘာမှာ ချစ်ခဲ့မိတဲ့'' ကျွန်တော်ဟာ... "ခင်ဗျားတို့ရဲ့ ကမ္ဘာကို မဖျက်ဆီးဘဲ ကိုယ့်လမ်းကိုယ် ပြန်လျှောက်ဖို့ပဲ ရွေးချယ်လိုက်ရပါတယ်... 📖 𝑲𝒐 𝑺𝒂𝒊 🖋️
📖 𝑲𝒐 𝑺𝒂𝒊 🖋️
Region: MM
Saturday 12 September 2026 10:49:07 GMT
Music
Download
Comments
လဝန်းရတီ :
စာသားလေးတွေကခံစားရပါတယ်
2026-09-12 23:13:03
1
🦁Lin Htut🦁♋ :
ဟူး ခံစားဖူးမှကိုယ်ချင်းစာတတ်မယ့်ဘဝမျိုးတွေပါ
2026-09-13 01:20:26
1
🩵Win.🇲🇲.Win.🩷.🇴🇲 :
စာသာလေးတွေ့ဖက်ပြီး ဝမ်းနည်းနဲ့လိုက်တာရှင်🥺ဘာကိုဝမ်းနည်းမိသိ🥺😔
2026-09-12 17:53:37
1
👑AngeI👑 :
ထပ်တူပါဘဲ ကိုစိုင်းရေ နေရာမရှိတဲ့ ကမ္ဘာငယ်လေးတစ်ခု ချစ်ခဲ့မိတယ် သို့သော် နေရာမရှိခဲ့သလို မျှော်လင့်ချက်လဲမရှိခဲ့ဖူးဘူး ဒါပေမဲ့ အဲ ကမ္ဘာငယ်လေးကိုယ် အရမ်းချစ်နေတုန်းပါဘဲ💔
2026-09-12 15:45:36
1
🍒Shay🎼🎀 :
မျှော်လင့်ချက်တွေမရှိနိုင်တော့ပေမယ်အဲ့ကမ္ဘာငယ်လေးကိုခုထိမေ့မရပဲချစ်မိနေတုန်း
2026-09-15 00:30:16
1
*** Helen mai *** :
ခေါင်းစဉ်နဲ့တင် နှလုံးက အောင့်ပြီ😭😭😭
2026-09-12 13:42:01
1
🎼🎼🎼 :
အဲ့ဒီမရှိတဲ့နေရာလေးကိုပဲမရမကကပ်တွယ်ထားရတာပါဗျာသူနဲ့စကားပြောခွင့်လေးဆုံးရှံုးသွားမှာကြောက်လို့😌😌😌
2026-09-12 16:13:47
1
Bunny Tales :
❤️အမှန်ပါဘဲမောင်လေး❤️
2026-09-13 11:15:30
1
Htoo :
💕💕
2026-09-15 02:00:42
1
LANBANDAR🪻 :
မူရင်းအတိုင်းဘာမှမပြောင်းလဲပဲတင်ခွင့်ပြုပါကိုစိုင်းရေ
ကျေးဇူးပါနော်
2026-09-14 03:58:35
1
Ma Ei :
ကိုယ့်လမ်းကိုယ်ပြန်လျှောက်ဖို့ရွေးချယ်လိုက်ပါတယ်
စစမှန်တဲ့ချစ်ခြင်းတွေအတွက်နေရာမရှိခဲ့ပါဘူးကိုစိုင်းရေ
2026-09-12 11:05:19
1
Shwe♥️👭 :
စာလေးဖတ်ပီးဝမ်းနည်းလိုက်တာ🥹🥹🥹
2026-09-12 14:28:09
1
💞💞Phyu💗💖 :
နေရာမရှိတဲ့ ကမ္ဘာမှာ ချစ်ခဲ့မိခြင်း ဆိုပါလား ခေါင်းစဉ်ဖတ်လိုက်တာနဲ့ အစအဆုံးမဖတ်ပဲ မနေနိုင်အောင် ဆွဲဆောင်မှု ရှိလိုက်တာ
2026-09-12 12:57:19
2
မိုးမခနိုင် :
မဆိုင်တော့ပေမဲ့ သတိရမိသေးတယ်ထပ်ပတ်သက်ဖို့မျှော်လင့်ချက်မျိုးမဟုပ်ပါဘူးချစ်သူရေ မင်းလေးအဆင်ပြေတာလေးကြာရင်ဝမ်းသာမိသလို အခက်ခဲတခုခုရင်ဆိုင်နေရတဲ့ကြားတဲ့အခါ ကူညီဖြေခြင်းပေးခြင်မိသေးတယ် ကိုယ့်နေရာမဟုပ်တော့ပေမဲ့ ဖြည့်တွေးနေမိတာတော့ခွင့်လွတ်ပါ😳😳😳😳😳
2026-09-13 12:13:45
1
Apple&Tz🍎❤️🩹🍎 :
I like🌹👌🌹
2026-09-13 11:28:08
0
kyawt kyawt mon :
2026-09-12 16:58:23
1
Maung Oo :
သီချင်းနာမည်လေး
2026-09-16 16:06:25
0
Aung ko ko :
ရိုးသားတဲ့အချစ်ကို သူကနားလည်တော့ နေရာမရှိတဲ့ကမ္ဘာမှာ ချစ်နေရခြင်းကလဲ တစ်မျိုးလေး နာကျင်ရတာပေါ့
2026-09-13 10:30:53
0
သုည(0) :
နေရာမရှိသောကမ္ဘာမှာချစ်ခဲ့မိခြင်းဟာ
တစ်ယောက်ထည်းထီးကျန်စွာနောင်တတွေနဲ့နာကျင်နေရဆဲပေါ့ကိုစိုင်းရေ
2026-09-13 06:58:55
0
Mee🖤 :
တိုက်ဆိုင်သော....🥰🥰😭😭🖤🖤
အတိတ်ကို.. ထားခဲ့လိုက်ပါပီ
2026-09-13 05:00:59
0
Thu rain😊😊 :
ကိုစိုင်းရယ် ခင်များရဲ့စာသားလေးတွေက
ကျုပ်ရဲ့နှလုံးသားလေးတွေကို မြေမှာခ့ကြွေစေတယ်ဗျာ တိုက်ဆိုင်တာလေးတွေက
များနေလေတော့ တခါတရံတော့လည်း
ဖတ်ရင်းနဲ့ပဲ မျက်ရည်တွေပါ ကျရတဲ့အထီ့ပါ ကိုစိုင်းရယ် တကယ်တော့
ကျုပ်ရဲ့ နှလုံးသားလေးက အဖာအထေးတွေနဲ့ မိုးမလုံ လေမလုံတဲ့ ဘ၀မို့ နာရီတွေများစွာ အချိန်တွေများစွာနဲ့ ဖြတ်သန်းနေရတာပါ🥹🥹🥹🥹🥹
2026-09-17 13:13:03
1
malay0673 :
တဖက်က လိုလိုလားလား မရှိတော့တဲ့အခါ ရပ်တန့်ပေးလိုက်ရတဲ့ အလိုက်သိမှုကလဲ ချစ်ခြင်းမေတ္တာပါပဲဗျာ
2026-09-12 14:37:40
2
ကံကော်ဖြူ :
copy ယူခွင့်ပြုပါ💓💓💓
2026-09-13 07:21:54
1
Myo Min Oo :
song nam လေး please🙏
2026-09-13 05:52:44
0
muditar(မုဒိတာ)👩👧 :
💕💕💕
2026-09-12 12:01:27
1
To see more videos from user @ko.sai536, please go to the Tikwm
homepage.