@naw.kea.1: တစ်ခါတလေ ကိုယ်လည်း အချစ်ခံချင်လို့မဟုတ်ဘဲ ကိုယ့်အကြောင်းကိုယ်ရှင်းပြစရာမလိုဘဲ နားလည်ပေးမယ့်သူကိုပဲ လိုချင်မိတယ်။ စိတ်ညစ်တဲ့နေ့တွေမှာ “ဘာဖြစ်တာလဲ” လို့မေးမယ့်အစား တိတ်တိတ်လေး အနားမှာရှိနေပေးမယ့်သူ၊ ကိုယ်စိတ်မကောင်းတဲ့အချိန် ကိုယ့်အပြစ်ကိုပဲ မရှာဘဲ ကိုယ့်ခံစားချက်ကို နားလည်ပေးမယ့်သူ။ ဘာမှမတောင်းဆိုဘဲ “ငါရှိတယ်နော်” ဆိုတဲ့စိတ်နဲ့ ကိုယ့်ဘေးမှာနေမယ့်သူတစ်ယောက်ကိုပဲ လိုချင်တယ်။ အချစ်ဆိုတာ တစ်နေ့ကောင်းပြီး တစ်နေ့ပျောက်သွားတာမျိုး မဖြစ်ချင်ဘူး။ ပျော်တဲ့အချိန်မှာပဲ မဟုတ်ဘဲ ကိုယ်မလှပတဲ့နေ့တွေ၊ ကိုယ်စိတ်ရှုပ်တဲ့နေ့တွေ၊ ကိုယ်ချစ်စရာမကောင်းတော့ဘူးလို့ ကိုယ်တိုင်ထင်မိတဲ့နေ့တွေမှာပါ မထွက်သွားဘဲ ရှိနေပေးမယ့်သူမျိုးပါ။ ကိုယ်လိုချင်တာက ရင်ခုန်စရာတွေ အများကြီးမဟုတ်ဘူး… စိတ်အေးချမ်းစရာလေးတစ်ခုပါ။ လူတစ်ယောက်ဆီ ပြန်သွားတဲ့အခါ “ဒီနေရာမှာတော့ ငါလုံခြုံတယ်” “ဒီလူ့ရှေ့မှာတော့ ငါဟန်ဆောင်စရာမလိုဘူး” လို့ ခံစားရတာမျိုး။ အဲ့ဒါကြောင့်… ကိုယ်ရှာနေတာက အချစ်မဟုတ်ဘူး။ ကိုယ်ပင်ပန်းတိုင်း ပြန်လာချင်မိတဲ့ အိမ်လိုနွေးထွေးတဲ့ လူတစ်ယောက်ပါ။ 🖤
❦𝓚..𝓓..𝓛𝓪𝓎❦
Region: MM
Saturday 12 September 2026 12:01:11 GMT
Music
Download
Comments
Aung Naing Thu :
ခံစားချက်တွေပြည့်နေပြီးပေါ့
2026-09-12 13:12:05
1
z :
🥰
2026-09-12 12:47:11
1
kyawsanoo9916 :
🥰🥰🥰
2026-09-12 12:09:51
1
Thuya Aung :
[အသည်းနီ][အသည်းနီ]
2026-09-13 02:12:05
1
To see more videos from user @naw.kea.1, please go to the Tikwm
homepage.