@laolao199585: စိုင်းစိုင်းခမ်းလှိုင် (၁၀ ဧပြီ ၁၉၇၉ မွေးဖွား) သည် မြန်မာနိုင်ငံသား အဆိုတော်၊ တေးရေး၊ သရုပ်ဆောင်၊ မော်ဒယ်၊ စာရေးဆရာနှင့် ထုတ်ဝေသူတစ်ဦး ဖြစ်သည်။၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုနှင့်အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ‘ပိတောက်ကတဲ့ ဂီတ’ ဇာတ်ကားဖြင့် ရရှိထားသည်။ ကိုယ်ရေး အချက်အလက်များ မွေးဖွား ၁၀ ဧပြီ၊ ၁၉၇၉ (အသက် ၄၇)[၁] တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ဂီတဟန် R&B, Hip hop, Pop အလုပ်အကိုင် တေးရေး၊ အဆိုတော်၊ဒါရိုက်တာ၊သရုပ်ဆောင် တက်ကြွသည့်နှစ်များ ၁၉၉၉–လက်ရှိ ဝက်ဘ်ဆိုက် saisaionline.com စိုင်းစိုင်းခမ်းလှိုင် ကို ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့တွင် အဖ စိုင်းခမ်းလှိုင်၊ အမိ စဝ်ဝေဠုသိင်္ဂီ တို့မှ ၁၉၇၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသား ဖြစ်ပြီး ညီမငယ် ၂ ယောက်နှင့် ညီတစ်ယောက်ရှိသည်။ အဖိုး (မိခင်၏ အဖေ) သည် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ဖြစ်သည်။ ၁၉၈၄ မှ ၁၉၉၆ အထိ တောင်ကြီးမြို့ အ.ထ.က (၁) တွင် တက်ရောက်ခဲ့သည်။ ၁၉၉၆ ခုတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ အသက် ၁၀ နှစ်တွင် အဆိုတော် ဇော်ဝင်းထွဋ်၏ အယ်လ်ဘမ်ကို စတင်နားထောင်ပြီး ဝါသနာပါရာ ဂီတကို စတင်တွေ့ရှိခဲ့တယ်ဟု ဆိုသည်။ ၄ တန်းအရောက်တွင် မိဘနှစ်ပါး ကွာရှင်းသည်။ မိခင်မှာ ဩစတေးလျသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒဂုံတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)‎ များတွင် ပညာဆည်းပူးသည်။ ၂၀၀၆ ခုနှစ်တွင် ဖခင် တိမ်းပါးသည်။ အနုပညာခရီးလမ်းကို ၁၉၉၆ ခုတွင် မော်ဒယ်အနေဖြင့် စတင်သည်။ ဂျွန်လွင်မော်ဒယ်အေဂျင်စီ ၏ မော်ဒယ်အဖြစ် အသက်မွေးသည်။ ၂၀၀ဝ ပြည့်၊ မတ်လတွင် ပထမဦးဆုံးတေးစီးရီး ချောကလက်ရောင် ရေခဲအိပ်မက် ထွက်ရှိသည်။ ထိုစီးရီးသည် ပေါက်ခွေ မဟုတ်ခဲ့။ နောက် ၅ လ အကြာတွင် ဟစ်ဟော့အဖွဲ့သစ် ACID သည် မြန်မာနိုင်ငံအနှံ့ အောင်မြင်သွားသည်။ ACID ခွေထဲတွင် စိုင်းစိုင်းခမ်းလှိုင်က ဘဝသီချင်းကို တွဲဖက်သီဆိုခဲ့ရာ အတန်ငယ် လူသိလာသည်။ ထို့နောက် ကောင်းမြတ်လေး (Lil' Kaung Myat) နှင့် တွေ့ဆုံမိသည်။ ကနဦးဆွေးနွေးကြပြီးနောက် စိုင်းစိုင်းခမ်းလှိုင်၊ ကောင်းမြတ်နှင့် ငယ်ငယ် သုံးယောက်တွဲပြီး သီချင်းဆိုဖို့ ဆုံးဖြတ်ကြသည်။ ၂၀၀၁ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် ဘလေဇွန် ကုန်တိုက် (Blazon Shopping Centre) တွင် ပြုလုပ်သည့် စီးရီးသစ် သူငယ်ချင်းများစွာ အတွက် စတင်ရောင်းချခြင်းနှင့် ဖျော်ဖြေပွဲသို့ ပရိသတ် ၃၅၀ ခန့် လာရောက်အားပေးခဲ့ကြသည်။ ဗွီစီဒီကို ၂၀၀၂ ခု၊ နိုဝင်ဘာလတွင် ထုတ်ဝေနိုင်ခဲ့သည်။ ၂၀၀၂ ခုနှစ်၌ပင် တက္ကသိုလ်ရိပ်သာလမ်းသစ်နေအိမ်သို့ ပြောင်းနေသည်။ သူ၏ နာမည်အကျော်ဆုံး သီချင်းဖြစ်လာမည့် ဝမ်းနည်းမှတ်တမ်း ကို ထိုနှစ်တွင်ပင်ရေးသည်။ ရန်ကုန်သို့ ဘောလုံးကန်ရန် ရောက်လာသည့် တောင်ကြီးမှ သူငယ်ချင်း နန္ဒစိုင်းနှင့် ချိတ်ဆက်မိသည်။ နန္ဒစိုင်းကို တောင်ကြီးမပြန်စေတော့ဘဲ ရန်ကုန်တွင် အနုပညာလုပ်ငန်းများ အတူလုပ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။ စိုင်းစိုင်းဘတ်ဒေး အခွေတွင်လည်း ချစ်ကောင်းနှင့် တွဲဖက်သီဆိုခဲ့သည်မှာ အောင်မြင်မှုရရှိခဲ့သည်။ အဲဗားဂေါ်လီ အခွေထွက်သည်။ ထို့နောက် ဒိတ်ဒိတ်ကြဲ ကို ထုတ်ဝေသည်။ ၂၀၁၄ ခု၊ ဒီဇင်ဘာလ ၂၉ ရက်တွင် ဒိတ်ဒိတ်ကြဲဒီစီဒီ ဖြန့်ချိသည့်ပွဲကို ရန်ကုန်မြို့ Junction Square ၌ ကျင်းပခဲ့သည်။ ယခုနောက်ဆုံးထွက်ခဲ့သည့် အခွေမှာ Sai Sai Is Sai Sai အမည်ရှိ တေးစီးရီးဖြစ်သည်။ ပြင်ပဘဝ ၂၀၀၉ ခုနှစ် မေလတွင် People Magazine နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူသည် ပြိုကွဲနေ‌သော မိသားစုမှ လာသည်ဖြစ်၍ မင်္ဂလာဆောင်နှင့် ပတ်သက်၍ မသေချာသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ တစ်ကိုယ်တော် ခွေများ ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက် ချောကလက်ရောင် ရေခဲအိပ်မက် ၂၀၀၀၊ မတ် သူငယ်ချင်းများစွာ ၂၀၀၁၊ ဇူလိုင် ဖေဖော်ဝါရီ မှတ်တမ်း ၂၀၀၃၊ မတ် စိုင်းစိုင်း လိုက်ဖရှိုး ၂၀၀၄ စိုင်းစိုင်းဟု ခေါ်သည် ၂၀၀၅ Happy Sai Sai Birthday ၂၀၀၇ အဲဗားဂေါ်လီ ၂၀၀၉ ဒိတ်ဒိတ်ကြဲ ၂၀၁၂ Sai Sai Is Sai Sai ၂၀၁၈ ဝတ္ထုရေးသားခြင်းကိုလည်း ဆောင်ရွက်ခဲ့ပြီး ၎င်း၏ ပထမဆုံးစာအုပ် စက္ကူငှက်ကို ၂၀၀၆ ခုနှစ်တွင် ကြောင်နှစ်ကောင် စာပေမှ ထုတ်ဝေခဲ့သည်။ ဤဝတ္ထုကို မီးပွားက ရုပ်ရှင်ရိုက်ဖူးသည်။ ၂၀၀၈ ခု၊ စက်တင်ဘာလတွင် ဒုတိယစာအုပ် ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ ကို ကြောင်နှစ်ကောင် စာပေမှပင် ဖြန့်ချိသည်။ ဆုမျာနှင့်ဆန်ကာတင်စာရင်းများ ခုနှစ် ဆု အမျိုးအစား ပါဝင်သောဇာတ်ကား ဆုရရှိမှု ၂၀၂၀ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ပိတောက်ကတဲ့ဂီတ ဆုရရှိ ၂၀၂၀ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ပိတောက်ကတဲ့ဂီတ ဆုရရှိ ၂၀၂၄ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု စိတ်ကကြိုး ဆန်ခါတင် မူရင်းရေးသူကိုcrdပေးပါတယ်။#saisaikhamleng #saisaishow2026 #SaiMdy26 #စိုင်းစိုင်းခမ်းလှိုင် #စိုင်းစိုင်းရဲ့အကြောင်း

Nang Lao 🌸
Nang Lao 🌸
Open In TikTok:
Region: MM
Saturday 12 September 2026 17:16:20 GMT
156750
6062
61
203

Music

Download

Comments

user8421575706510
user8421575706510 :
တကယ်တော်တဲ့အနပညာရှင်လေးပါနာမည်ပျက်မရှိကြိုးစားတယ်ရိုးသားတယ်တယောက်ထဲလင်းလက်နေတယ်အောင်မြင်မှု့ကိုထိန်းနိုင်တယ်ဂုဏ်ယူစရာပါတကယ်ကိုချီးကျူးပါတယ်
2026-09-13 08:24:33
18
khaing7518
Khaing :
Congratulatious Sai Sai🥰🥰
2026-09-13 15:17:44
1
thuzarnwai
𝔗𝔥𝔲ℨ𝔞𝔯𝔑𝔴𝔞𝔦 :
MyIdo。GM😎😁😁🥰🥰🥰
2026-09-13 01:38:14
5
kzlm.tgi
K Z L M :
ဦးစိုင်းစိုင်းခမ်းလိုင် က ကိုယ့်ထက် နှစ်လဘဲ အသက်ပိုကြီးပါတယ် 😏 တောင်ကြီးမှာဘဲ ကျောင်းတက်တာခြင်းလဲတူ ဆယ်တန်းအောင်တဲ့နှစ်ခြင်းလဲတူ ကျောင်းသာတူရင် သူငယ်ချင်းဖြစ်လောက်တယ် 😜 ထ ၄ နဲ့ ထ ၁ ဘဲ လွဲသွားတာ နှစ်လအသက်ကြီးပေမဲ့ ဦးစိုင်းစိုင်းခမ်းလိုင်က ဥက္ကဌ နေရာမှာသာရရှိမှာပါ ကိုယ် ကတော့ မိန်းမ မရမခြင်း ဂုဏ်ထူးဆောင်နာယက မြန်မာနိုင်ငံလူပျို/အပျိုများအဖွဲ့ချုပ် နေရာမှာရှိနေပါမယ် 😁
2026-09-13 05:09:04
5
nzin56311555082173
Ngwe Zin (တိုးပွားမေမေ)🕊️🕊️ :
ညီမ ေတွနဲ့ ညီ မတွေ့ဖူးဘူးကော
2026-09-13 12:21:12
2
lilihan49
ℒ𝒾ℒ𝒾♎ :
အသက်ကအဲ့လောက်တောင်လား ဝိုးးးးးမထင်ရဘူး😳😳😳🥰
2026-09-13 03:34:07
2
user9879958823567
Hlaing Hlaing :
စိုင်းစိုင်းကအရမ်းတော်တယ်။
2026-09-13 08:36:24
5
zawmyinthtwe2
Zaw Myint Htwe :
အမေတူ
2026-09-13 03:14:11
1
pyaephyokyaw24246969
Pyae Phyo Kyaw :
Sai Sai က 10 4 1979 ကိုယ်က 10 4 1997 ကတ်ကင်းပဲ 😂😂
2026-09-13 06:03:32
3
radana.sport
RadanaSportCorner AungLan :
စိုင်းစိုင်းLiveက စတင် လူသိအများဆုံး Albumပါ ပြီးSAI SAILiveပါ
2026-09-13 07:08:55
1
nyonyo762110
💙💙သားဘုန်းခန့်ကိုမေမေ💙💙 :
ဒုတိယ ထုပ်ဝေထားတဲ့စာအုပ်အရမ်းကြိုက်တာ ကိုယ်ဆီမှာအခုထိရှီသေးတယ် အဲ့စာအုပ်လေး ဟောင်းနေလဲသိမ်းထားတာ ကြိုက်လွန်းလို့ပေါ့🥰
2026-09-13 03:25:30
2
mi.mi.kyaw381
Mi Mi Kyaw :
သူဆယ်တန်းအောင်တော့ကိုယ့်အသက်ကတစ်နှစ်ပဲရှိသေးတာပဲ😁
2026-09-13 05:51:29
1
le.min.ho.fans
ℒℯℯ 𝒎𝒊𝒏 ℋ𝒐 𝒵 𝒂𝓃 ᥫ :
2026-09-13 01:16:36
4
lili023247
LiLi (အပြုံး) :
တကယ်တော့ တော်လို့ကို သဘောကျတာပါ super brain 😍
2026-09-13 15:18:03
1
cmnightdress
cmnightdress095135925 :
အကယ်ဒမီ ရပြီးတာလား
2026-09-13 23:35:17
1
kzlm.tgi
K Z L M :
ကျန်သေးတယ် 😅 ….. ဦးစိုင်းစိုင်းခမ်းလိုင် ဥက္ကဌ ၊ မြန်မာနိုင်ငံ လူပျို/အပျိုများအဖွဲ့ချုပ် 😁 မိန်းမတရားဝင်မယူမခြင်း ဥက္ကဌ နေရာတွင် ရှိနေမည်။ 😜
2026-09-13 05:05:28
2
123imchaecy
Siena. :
ကျွန်မဖေဖေနဲ့အသက်တူ😁
2026-09-13 14:37:07
1
myatnoewai7613
🌻 ɱყąɬ ŋơɛ ῳąı 🌻 :
သူဆယ်တန်းအောင်တော့ငါ့အသက်က 1နှစ်😂
2026-09-13 15:55:43
1
nuyeelwin5
nuyeelwin :
2026-09-13 01:43:23
3
laelaethetpaing2023
လဲ့လဲ့သက်ပိုင်( အမိမြေ) :
ဘက်စုံတော်သော..ချစ်သူလေး[Kiss drop][Kiss drop][Kiss drop][Snicker][Snicker][Snicker][Snicker][Snicker]
2026-09-14 07:03:42
0
thithiwin816
Thi Thi :
ကြိုက်တယ် အမြဲတမ်းအား ပေးလျှက်
2026-09-14 09:11:13
0
toetataungmdy
တိုးတက်အောင် :
အမေတူသားလေးလားလို့🥰🥰🥰🥰
2026-09-14 11:09:16
0
To see more videos from user @laolao199585, please go to the Tikwm homepage.

Other Videos


About