@kyayko89: သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်က လေ သူ တန်ဖိုးထားရတဲ့ဆက်ဆံရေးတစ်ခုကို… အဆင်မပြေလို့ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ လွယ်လွယ်ကူကူလေး မစွန့်ခွါတတ်ဘူး ။ ပထမ အဆင်မပြေဘူးဆိုတဲ့အရာတွေကို ညှိယူဖို့ ကြိုးစားလိမ့်မယ် ပြောပြလိမ့်မယ် အဲ့လို ပြောပြနေခြင်းတွေက အဆင်မပြေတာတွေ ပိုဖြစ်လာရင် မြိုသိပ်ဖို့ တွေးမိလိမ့်မယ် တကယ် သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ကလေ သူ မကြိုက်ဘူးဆိုတဲ့အရာတွေကို သူသိပ်ချစ်တဲ့ လူတစ်ယောက်က လုပ်နေခဲ့ရင် အဲ့ဒီအရာကို သဘောကျတတ်ဖို့ တစ်ခါတော့ ကြိုးစားကြဖူးတယ်တဲ့ ။ ထားပါတော့ … အဆင်မပြေတဲ့အရာတွေကို မြိုသိပ်ထားရင်းက နာကျင်လာရတဲ့ နေ့ရက်တွေမှာ အရင်လို ပြန်ဖြစ်လာရင်ဆိုတဲ့ မျှော်လင့်ချက်လေး ထားတတ်ကြသလို အဲ့ဒီနေ့ရက်တွေထိ သူ … တန်ဖိုးထားရတဲ့ ရပ်ဝန်းကနေ လှည့်ထွက်ဖို့ တွေးတောင် မတွေးရဲသေးပါဘူး ကျွန်မ … သိပ် နာကျင်နေရတယ်ဆိုတဲ့ စကားလုံးလေးနဲ့ ဂရုစိုက်ဖို့ သတိပေးခဲ့လိမ့်မယ် ကျွန်မ … လှည့်ထွက်မိသွားလိမ့်မယ်ဆိုတဲ့ စကားလုံးလေး သုံးလာတဲ့ ရက်တွေကျရင်တော့ သူက … တကယ်ပဲ မျှော်လင့်ချက် မဲ့နေခဲ့တာ သေချာပါတယ် နောက်ဆုံးကျတော့မှ … လမ်းခွဲရအောင်ဆိုတဲ့ စကားလုံးလေးပဲဖြစ်ဖြစ် ကျွန်မ နေခဲ့လိုက်တော့မယ်ဆိုတဲ့ စကားလုံးလေးပဲဖြစ်ဖြစ်သုံးပြီး သူ … သိပ်ချစ်တဲ့ လူတစ်ယောက်အနားက လှည့်ထွက်ခဲ့ဖို့ ရွေးတာပါ လွယ်လွယ်လေးနဲ့ဆိုပြီး လူတွေက မြင်ကြပေမယ့် တကယ်တမ်းကျတော့ လွယ်လွယ်ကူကူလေး မဟုတ်ခဲ့သလို နှစ်တွေအကြာကြီး ချစ်ခဲ့တဲ့လူတစ်ယောက်အနားက လှည့်ထွက်နိုင်ဖို့ဆိုတာ တော်ရုံနာကျင်မှုမျိုးနဲ့တော့ မဟုတ်ဘူး ။ တစ်ယောက်တည်းငို‌ပြီး… ညတွေအများကြီးကို ဖြတ်သန်းခဲ့ဖူးပြီဖြစ်သလို လမင်းကြီးနဲ့ကော ကြယ်တွေနဲ့ကော စကားပြောဖူးတဲ့အထိ အထီးကျန်ခဲ့ဖူးပြီမို့ အဲ့ဒီမိန်းကလေးက တစ်ယောက်တည်းလည်း ရှေ့ဆက်လျှောက်နိုင်တဲ့အထိ သန်မာလာအောင် ဒဏ်ရာတွေကပဲ သင်ပေးခဲ့တာပါ ။ #ကျေးကို (ရင်နှင့်ရင်း၍ရေးသည်)

𝒦𝓎𝒶𝓎 𝒦𝑜
𝒦𝓎𝒶𝓎 𝒦𝑜
Open In TikTok:
Region: MM
Sunday 13 September 2026 01:41:46 GMT
645
81
5
6

Music

Download

Comments

smartmrsdwk
ငွေလမင်း🍀🍀🌝 :
အရမ်းမှန်တယ် အဆုံးစွန်ထိသီခံနိုင်ခဲ့တယ်
2026-09-13 11:08:53
1
kyawzayar.minmin
Kyawzayar Minmin :
🥰🥰❤️❤️❤️❤️❤️
2026-09-13 08:57:48
1
s16803601
💞ပိုင်💞 :
မှန်လိုက်တာ😭
2026-09-13 04:11:16
0
user3588760009285
အေးမြတ်ခိုင် :
💗💗💗
2026-09-13 02:34:18
1
thazinhnin192
htz :
🥰
2026-09-13 03:37:52
1
To see more videos from user @kyayko89, please go to the Tikwm homepage.

Other Videos


About