@phyuphway.1992: အားကိုးရာ ဆရာဘုန်းကြီးက တရားကို ကြိုးစားစေချင်တာက တခြားကြောင့်မဟုတ်ဘူး။ ဦးတင်ကြီး ဘယ်ကလာသတုန်း...မပြောတတ်ပါဘူးဘုရား.၊ လူ့ပြည်တော့ ရောက်လာတာပဲ။ ဒါဖြင့် တရားပို့လိုက်တာပဲ။ ဦးသန်းမောင်ကြီး ဘယ်ကလာသတုန်း...မပြောတတ်ပါဘူး ဘုရား...မပြောတတ်ပါဘူး။ ခင်ဗျား ခြေချင် လာသလား...မပြောတတ်ပါဘူး ဘုရား။ တရားပို့လိုက်တာနဲ့ လူ့ပြည်ရောက်လာတယ်။ ခင်ဗျားတို့မှာ တရားပဲ အမိ၊ တရားပဲ အဖပဲ။ သူစီမံတာ ခံနေရတော့ သူ့လက်လွှတ်လို့တော်ပါ့မလား...(မတော်ပါဘူး ဘုရား)။ အားလုံး ဒကာ ဒကာမတွေ တရားပို့လို့ ရောက်လာကြတယ်။ ဦးသန်းမောင်ကြီး မွေးတာက ဒန်ဘီ၊ ကြီးပွားတာက ရန်ကုန်၊ ဘယ်သူက ပို့လိုက်တာတုန်းဆိုရင် တရားကပို့လိုက်တာ။ အဲ့ဒါကြောင့် တရားပဲ အားကိုးရာ ရှိတော့တယ်ဆိုတဲ့ဥစ္စာလည်း အသေအချာ မှတ်ပါ။ ဒကာ ဒကာမတွေ ဘာအားကိုးကြမယ်...(တရားပဲ အားကိုးရမှာပါ ဘုရား)။ ဒါနကုသိုလ်ကပို့တာ ကြိုက်သလား... သီလကုသိုလ်ကပို့တာ ကြိုက်သလား... သမထကုသိုလ်ကပို့တာ ကြိုက်သလား... ဝိပဿနာကုသိုလ်ကပို့တာ ကြိုက်သလား... အကုသိုလ်ကပို့တာ ကြိုက်သလား မေးတော့ ခု မေးခွန်းငါးခု ထွက်လာတယ်။ ၁။ မောင်ချစ်စိန်တို့က အကုသိုလ်ပို့တဲ့ဆီကို တပည့်တော် မသွားချင်ဘူး ဘုရား။ အပါယ်လေးပါး သွားရလိမ့်မယ်။ ၂။ ဒါနကုသိုလ်ပို့လိုက်ပြန်လည်း လူ့ပြည်နှင့် နတ်ပြည်ပို့လိုက်တယ်။ ဆရာသမားထံ ဆည်းကပ်နေတော့ ဟိုမှာ အိုးဘေး နာဘေး သေဘေး ရှိတယ်ဆိုတာ သိနေတော့ သူပို့တဲ့နေရာလည်း တပည့်တော်တို့ မသွားနိုင်ဘူး။ ၃။ သီလကုသိုလ်ကလည်း ပို့မှာပဲ။ အကနိဋ္ဌဗြဟ္မပြည်တိုင်အောင် ပို့မှာပဲ။ နတ်ပြည်ကစပြီး ဘယ်လိုပို့ပို့ သူကလည်း အိုဘေး နာဘေး သေဘေးရှိတဲ့ဆီ ပို့တာပဲ။ ဒါဖြင့် သီလကုသိုလ်ပို့တဲ့ဆီလည်း ဦးသန်းမောင်ကြီး သွားလို့တော်ပါ့မလား...ဟိုမှာ ဒုက္ခသစ္စာရှိနေတယ်။ အဲ့ဒီကော သွားချင်ကြရဲ့လား... ၄။ သမထကုသိုလ် အားထုတ်ပြီးသကာလ သမထကုသိုလ်ပို့ရာ သွားမလားဆိုတော့ ဦးတင်ကြီး ဗြဟ္မာနှစ်ဆယ် သွားရလိမ့်မယ်။ သွားချင်ကြရဲ့လား... သက်ဆိုးရှည်နေတာပဲ။ ခန္ဓာဝန်ထမ်းပြီးသကာလ အိုဘေး နာဘေး သေဘေးတွေနဲ့ အတူတူနေရတာဖြစ်နေသောကြောင့်လည်း သမထကုသိုလ် ပို့တဲ့ဆီကို မသွားဘူး။ ဘာကြောင့်တုန်း...အသက်ရှည်ပြီး ဒုက္ခရောက်နေတာ။ ဒုက္ခသစ္စာကြီးထမ်းပြီး လည်နေရတာကိုး။ ၅။ ဝိပဿနာ ကုသိုလ်ပို့တဲ့နေရာတော့ မကြိုက်ဘူးလားလို့ ဒီ ဒကာ ဒကာမတွေ မေးလိုက်လို့ရှိရင်ဖြင့် သူကတော့ နိဗ္ဗာန်ပဲ ပို့မယ်။ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ပဲ ပို့မယ်။ ရှင်းကြပြီလား... ဒါဖြင့်ဘယ်ဟာ အကြိုက်ဆုံးတုန်း... ဒါကြောင့် ဝိပဿနာဆိုတာ ဘာတုန်းလို့ မေးတဲ့အခါကျတော့ တရားလို့ ဆုံးဖြတ်ချက်ချလိုက်စမ်းပါ။ ဒါဖြင့် တရားပို့တာကို ကျုပ်တို့ သွားရလိမ့်မယ်။ 🙏မိုးကုတ်ဆရာတော်🙏 Credit to original 🙏🙏🙏 #တရားအသိဖြင့်ဘဝတွေအေးချမ်းကြပါစေ🙏🙏🙏

Phyu Phway
Phyu Phway
Open In TikTok:
Region: MM
Sunday 13 September 2026 02:28:39 GMT
1820
254
12
11

Music

Download

Comments

user7804249396574
mg mg :
သာဓုသာဓုသာဓု
2026-09-13 07:34:27
0
ko.soe.moe.aung573
ဂျိုးဖြူ :
သာဓုသာဓုသာဓုသာဓုပါဘုရာ း
2026-09-13 10:04:58
0
myint.htay.aung95
🇲🇲 Myint Htay Aung 🇨🇳 :
🙏🙏🙏 သာဓု သာဓု သာဓု
2026-09-13 02:45:37
0
luphyogyi8
အောင်ခန့် :
မှန်လှပါဘုရား
2026-09-15 13:21:05
0
shin.thuta65
Shin thuta :
2026-09-26 14:03:09
0
user55951045307908
user55951045307908 :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-09-15 09:55:03
0
thoonthoon123484
@thoonthoon1234 :
🙏🙏🙏 သာဓု သာဓု သာဓုပါဘုရား
2026-09-17 07:23:52
0
kyawnaing36521
ပKyaKyawnaning :
2026-09-13 03:48:40
0
kyawsaing884
ဦးကျော်ဆိုင် :
2026-09-15 16:53:40
0
mya.mya.aye45
myamyaaye142 :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-09-13 07:18:30
0
barbertzk
💈Barber💈TZK :
[စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-09-13 02:38:42
0
kyawsaing884
ဦးကျော်ဆိုင် :
[Pray][Pray][Pray]
2026-09-15 16:53:45
0
To see more videos from user @phyuphway.1992, please go to the Tikwm homepage.

Other Videos


About