@u_nandarsiri: အရင်တုန်းက တစ်ခုခုဒေါသထွက်ရင် ချက်ချင်းမစဉ်းစားပဲ ပြန်ပြော ပြန်လုပ်တက်ပေမဲ့ အခုတော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့ ပေါက်ထွက်တော့မယ့် ဒေါသတွေကို အချိန်မီ ပြန်မျိုချတက်လာတယ်..... အရင်တုန်းကတော့ သူများဝေဖန်ရင် အိပ်ရေးပျက်တဲ့အထိ ခံစားတက်ပေမယ့် အခုတော့ တစ်ဖက်နားကဝင်ပြီး အခြားတစ်ဖက်က ပြန်ထွက်သွားတယ်.... အရင်တုန်းက လူတစ်ယောက်ကို လွယ်လွယ်ကူကူ ယုံကြည်တက်ပေမယ့် အခုတော့ အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ကြည့်ပြီးမှ ယုံတက်လာတယ်...... အရင်တုန်းကတော့ ချစ်ရင် ချစ်တယ် မုန်းရင် မုန်းတယ် နေလို့ရခဲ့ပေမယ့် အခုတော့ မုန်းတဲ့လူကို ပြုံးပြပြီး ချစ်တဲ့လူကို ဥပေက္ခာပြုတဲ့ အလေ့အကျင့်တွေလည်း ပိုင်ဆိုင်လာတယ်.. အမှန်တိုင်းပြောရရင် ငယ်စဉ်က စိတ်ထဲရှိသလို နေရတဲ့ဘဝလေးကို သတိရတယ်...... ဒါပေမယ့် ရောမ ရောက်ရင် ရောမလို ကျင့်ရတယ်ဆိုတဲ့ စကားပုံအတိုင်း အသက်အရွယ်နဲ့အတူ ပြောင်းလဲလာရတယ်...... အမှားတစ်ခုစီက သင်ခန်းစာတွေ ပေးခဲ့တယ် တစ်ချို့အမှားတွေက ပြင်းထန်လွန်းလို့ အမာရွတ်တွေ ကျန်ခဲ့တယ်.... ဒါပေမယ့် အဲ့ဒီအမာရွတ်တွေကို ဆုတံဆိပ်တွေအဖြစ် ဂုဏ်ယူစွာ တပ်ဆင်ထားတယ်..... ခက်ခက်ခဲခဲနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီအခြေနေထိရောက်လာတယ် ဆိုတာကို ဖော်ပြနေတဲ့ အမှတ်အသားတွေမို့ တန်ဖိုးထားတယ်... အသက်ကြီးလို့ လူကြီးဖြစ်နေတာထက် အသိကြီးလို့ လူကြီးဖြစ်တာကို ပိုသဘောကျတယ် ပိုပြီးမြတ်နိုးတယ် ပိုပြီးတန်ဖိုးထားတယ်#foryou #foryoupage #ကော်ဖီသောက်သွားအုန်း😍😁😘

Ashin Nandar Siri(Lewe)📚
Ashin Nandar Siri(Lewe)📚
Open In TikTok:
Region: MM
Sunday 13 September 2026 03:49:55 GMT
91149
9116
35
211

Music

Download

Comments

tachin25598
Μýø mîñ wâî :
"အသက်ကြီးလို့ လူကြီးဖြစ်တာထက် အသိကြီးလို့ လူကြီးဖြစ်တာကို ပိုသဘောကျတယ်" ဆိုတဲ့ ခံယူချက်ဟာ အလွန်တန်ဖိုးရှိပြီး ရင့်ကျက်တဲ့ စိတ်ဓာတ်တစ်ခုပါ။ မြန်မာစကားပုံမှာ "ရေလှိုင်းပုတ်သော်လည်း ကျောက်ဆောင်မလှုပ်" ဆိုသလို ပင်လယ်ထဲက ကျောက်ဆောင်ကြီးဟာ လှိုင်းတံပိုးတွေ ဘယ်လောက်ပဲ ရိုက်ခတ်ပါစေ မလှုပ်မယှက် တည်ရှိနေသလို ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့စကား၊ အကဲဖြတ်စကားဆိုတဲ့ လှိုင်းတွေ ဘယ်လောက်ပဲ လာရိုက်ခတ်ပါစေ မိမိရဲ့ ငြိမ်းချမ်းမှုကို မပျက်စီးစေဘဲ တည်တည်ငြိမ်ငြိမ် စိတ်ကို ထိန်းနိုင်ခြင်းက အဓိကပါပဲ။ "ရေသာခပ်၍ ရေနောက်မသောက်မိစေနှင့်" ဆိုသည့်အတိုင်း ပတ်ဝန်းကျင်ရဲ့ မကောင်းသော စကားများ၊ ပုတ်ခတ်မှုများဆိုတဲ့ "ရေနောက်" တွေကို ပြန်လည်တုံ့ပြန်ပြီး ဒေါသဖြစ်လိုက်တာဟာ ထိုရေနောက်ကို မိမိကိုယ်တိုင် သောက်မိလိုက်တာနဲ့ တူပါတယ်။ ဘာမှပြန်မပြောဘဲ စိတ်ကို အေးချမ်းသည့် "ရေသာခပ်၍" အဖြစ်သာ ထားရှိခြင်းဖြင့် မိမိကိုယ်ကို မလိုလားအပ်တဲ့ အဆိပ်ဓာတ်တွေ မဝင်အောင် ကာကွယ်ရာရောက်ပါတယ်။ ဒါ့အပြင် "အသံကျယ်သော ခေါင်းလောင်းသည် အတွင်း၌ လှိုဏ်းခေါင်းဖြစ်၏" ဆိုသလို အတွင်း၌ ဘာမှမရှိသော ခေါင်းလောင်း အခွံသည်သာ အသံကျယ်ကျယ် မြည်တတ်သကဲ့သို့ စိတ်ဓာတ်မရင့်ကျက်သူတို့သည် အရာရာကို အော်ဟစ်ငြင်းခုံ တုံ့ပြန်တတ်ကြသော်လည်း အသိဉာဏ် ပညာနှင့် ပြည့်စုံသော "အသိကြီးသူ" တို့သည်ကား တိတ်ဆိတ်စွာဖြင့်သာ မိမိ၏ ရင့်ကျက်မှုကို ဖော်ပြကြပါတယ်။ သူတစ်ပါးရဲ့ ပြုမူချက်အပေါ် တုံ့ပြန်မပြောခြင်းဟာ ကြောက်လို့ သို့မဟုတ် မတုံ့ပြန်နိုင်လို့ မဟုတ်ဘဲ မိမိ၏ စိတ်ချမ်းသာမှုကို သူတစ်ပါးလက်ထဲ ပေးမထည့်ချင်လို့ ဖြစ်ပါတယ်။ အသက်ကြီးလာတာဟာ သဘာဝတရားရဲ့ စေခိုင်းမှုကြောင့် ဖြစ်သော်လည်း အသိကြီးလာတာကတော့ မိမိကိုယ်တိုင် လေ့ကျင့်ယူရသည့် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုတစ်ခုဖြစ်ပြီး ထိုသို့ အေးချမ်းစွာ နေထိုင်ခြင်းဟာ မိမိအတွက်ရော ဘေးလူတွေအတွက်ပါ အေးမြတဲ့ အရိပ်စစ်စစ်ကြီးတစ်ခု ဖြစ်စေပါတယ်။🥰🥰
2026-10-17 10:11:57
1
hsuhm07
♡︎ 𝓗𝓼𝓾 𝓣𝓱𝓮𝓽 .....♡︎ :
shareခွင့်ပြုပါဘုရား🙏🙏🙏
2026-09-13 04:12:40
3
lae4384
LAE :
ပြန်တင်ခွင့်ပြုပါဘုရား
2026-09-13 11:12:31
1
soesoesan264
🐰အသေးလေး🤭🤌(မုတ္တမသူလေး) :
ပြန်တင်ခွင့်ပြုပါ🙏
2026-09-28 13:22:09
0
waihlianmoe
waihlianmoe :
တင်ပ့ဘုရား🙏
2026-09-13 03:52:24
2
nandaroo065
pay pay mommy 🖤🖤🖤 :
အရှင်ဘုရား ဘုန်းဘုန်း ဘုရားတွေက အိမ်ထောင်ရေးမာ ဝင်ရောက် ပါဝင် လို့ ရပါသလား ဘုရား🙏🏻🙏🏻🙏🏻
2026-09-28 08:09:50
0
hninhsi106
ROSY✨ :
စာသားပြန်တင်ခွင့်ပြုပါဘုရား🙏
2026-09-13 05:26:48
1
rai.bo7
꧁☯☂️𝓟𝓪𝓲 𝓑𝓸☂️☯꧂ :
စကားလေးက အနှစ်သာရရှိတယ် ဗျ
2026-09-13 15:48:12
1
kyawminmin303
❦︎𝕂𝕐𝔸𝕎 𝕄𝕀ℕ 𝔸𝕌ℕ𝔾❦︎ :
crdပါ အရှင်ဘုရား🙏
2026-10-05 10:55:15
0
xaio_49
Kaung Myat Thu🙊♏ :
စာသာလေး ပို့ပေပါလား ဘုရား🙏🥺
2026-09-14 22:56:20
0
no_th_ing22
YingYing’s :
Crd🙏
2026-09-16 10:35:44
0
duakar70
duakar :
🌹🌹🌹
2026-09-13 05:47:05
1
winlay8394
🥰🥰M🥰 :
ပြန်တင်ခွင့်ပြုပါဘုရား🙏🙏🙏
2026-09-13 10:10:29
1
aungko645
Aung Ko :
ပြန်တင်ခွင့်ပြုပါ 🙏🙏🙏
2026-09-14 04:17:55
0
msn3412
𝑵🧸 :
ပြန်တင်ခွင့်ပြုပါဘုရား🙏
2026-09-13 12:12:21
1
win625545
hTEt❔❕ :
ပြန်တင်ခွင့်ပြုပါဘုရား🙏🙏🙏
2026-09-17 14:49:36
0
wutyeepyone1
Wutt yee pyone :
ပြန်တင်ခွင့်ပြုပါဘုရား
2026-09-15 12:05:38
0
angel133022
Eaint Cho💜 :
ပြန်တင်ခွင့်ပြုပါဘုရား🙏🙏🙏
2026-09-13 04:02:39
2
moe.cherrytun
Cherry 🍒 :
ပြန်တင်ခွင့်ပြုပါဘုရား🥰
2026-09-14 16:08:36
0
aye.aye.moe458
👬အမွှာတို့မေမေ(Aye Aye Moe) :
ပြန်တင်ခွင့်ပြုပါဘုရား🙏🙏🙏
2026-09-14 17:07:03
0
ma.lay1294
Ma Lay :
🥰
2026-10-17 09:14:47
0
minhtetaung262829
Mine🍎မင်း :
copy ဘုရား🍀
2026-09-14 10:32:45
0
zinhtethtetlwin
🐻 Z 🐻 :
စာသားေလးချပေးပပါလားဘုရား
2026-09-15 00:49:34
0
vampire5678
အိမ်ပြေး🐦‍🔥 :
ချစ်ဆက်တဲ့ နှလုံးသား ဒီမောင်မှာရှိတယ်
2026-09-14 06:24:01
0
moethiri077
🪼🦂ジャプマ🪷🦂🪼 :
🙏🙏🙏
2026-09-13 04:05:36
2
To see more videos from user @u_nandarsiri, please go to the Tikwm homepage.

Other Videos


About