@kyawoo392: " တစ်နေ့မှာ.. သည်းခံတတ်တဲ့ ယောက်ျားတစ်ယောက်၊ Overthinking ဖြစ်တတ်တဲ့ ယောက်ျားတစ်ယောက်၊ သစ္စာကို အသက်ထက်တန်ဖိုးထားတဲ့ ယောက်ျား တစ်ယောက်၊ ကလေးဆန်ဆန် ချစ်တတ်တဲ့ ယောက်ျားတစ် ယောက်၊ ဘယ်လောက်နာကျင်ရပါစေ "ရပါတယ်" ဆိုပြီး အရာအားလုံးကို ခွင့်လွှတ်ပေးခဲ့တဲ့ ယောက်ျားတစ် ယောက် အဲ့ဒီယောက်ျား ထွက်ခွာသွားတဲ့အချိန်မှာတော့.. သူပြန်မလာတော့ဘူး။ အရင်လို့ စာမပို့တော့ဘူး၊ အရင်လို စိတ်ပူုမေးမနေတော့ဘူး၊ အရင်လို အမှားတွေကို နားလည်ပေးမနေတော့ဘူး၊ အရင်လို "ရပါတယ်" ဆိုတဲ့ စကားကိုလည်း မပြော တော့ဘူး။ ဘာလို့လဲဆိုတော့.. သူချစ်တာ မလျော့သွားလို့ မဟုတ်ဘူး။ သူ့နှလံးသားက ပင်ပန်းလွန်းသွားလို။ အမြသည်းခံနေတဲ့လူတစ်ယောက်လည်း တစ်နေ့ တော မခံနိုင်တော့ဘူး။ အမြဲခွင့်လွှတ်နေတဲ့လူတစ်ယောက်လည်း တစ်နေ့ တော့ စိတ်ကုန်တတ်တယ်။ အမြဲလိုက်ထိန်းသိမ်းနေတဲ့လူတစ်ယောက်လည်း တစ်နေ့တော့ လက်လွတ်တတ်တယ်။ လူတော်တော်များများက ထွက်သွားတဲ့လူကို အပြစ်တင်ကြတယ်။ ဒါပေမဲ့ သူဘာ့ကြောင့်ထွက်သွားရတယ်ဆိုတဲ့ အကြောင်းကိုတော့ မစဉ်းစားကြဘူး။ ယောက်ျားတစ်ယောက်က တကယ်ချစ်ရင် အရာအားလုံးကိုသည်းခံပေးနိုင်တယ်။ ဒါပေမဲ့ အဲ့ဒီ သည်းခံမှုကို အားနည်းချက်လို့မြင်လာတဲ့အချိန်... သူ့ရဲ့တန်ဖိုးကို မလေးစားတော့တဲ့အချိန်... သူ့ခံစားချက်ကို အလေး မထားတော့တဲ့အချိန်... အဲ့ဒီအချိန်ကစပြီး သူ့ရဲ့နှုတ်ဆိတ်မှုက အဖြေဖြစ်လာတယ်။ တကယ်တမ်းကြောက်စရာအကောင်းဆုံး က ဒေါသထွက်တဲ့ယောက်ျားမဟုတ်ဘူး။ ဘာမှမပြောတော့ဘဲ တိတ်တိတ်လေးထွက်သွားတဲ့ယောက်ျားပဲ ဘာလို့လဲဆိုတော့ သူ့ဆုံးဖြတ်ချက် ဒေါသကြောင့်မဟုတ်ဘူး။ အကြိမ်ပေါင်းများစွာ နာကျင်ပြီးတဲ့နောက် ချလိုက်တဲ့ ဆုံးဖြတ်ချက်မို့လို့။ ဒါကြောင့် ကိုယ့်ဘဝထဲမှာ သစ္စာရှိတဲ့၊သည်းခံတတ်တဲ့၊ ကလေးဆန်ဆန်ချစ်တတ်တဲ့၊ အမြဲနားလည်ပေးနေတဲ့ ယောက်ျား တစ်ယောက်ရှိနေသေးရင်... သူ့ကိုတန်ဖိုးထားလိုက်ပါ။ တစ်ခါတလေ ဆုံးရှုံးပြီးမှ တန်ဖိုး သိရတဲ့လူတွေက ပြန်ခေါ်လို့မရတော့ဘူး။
"𝓚.♫︎❤︎
Region: TH
Sunday 13 September 2026 03:59:17 GMT
Music
Download
Comments
Hɪᴋᴀʀɪ :
အဲ့လို လူမျိုးကိုပိုင်ဆိုင်းထားရင် အခွင့်ကောင်းမယူကြပါနဲ့ သစ္စာမမဲ့ကြပါနဲ့ တကယ်မချစ်ပဲမပက်သက်ကြပါနဲ့ အရာ"နားလည်ပြီးသစ္စာရှိတဲ့သူမှာလဲ limit ဆိုတာရှိပါတယ် အဲ့limit ပြည့်သွားတဲ့တစ်နေ့ကြအဲ့လူကိုဘယ်တော့မှပြန်ရမှာမဟုတ်တော့ဘူး တန်ဖိုးထားကြပါ...။
2026-10-01 16:47:33
10
❤️Ŷ❤️ :
လိမ်နေမှန်းလဲ သိတယ် ကိုယ်က အရမ်းချစ်လို့ ခွင့်လွှတ်ပေးထားတယ် ယောက်ျားတစ်ယောက်နဲ့စကားပြောတယ် တစ်ခါပြောလိုက်တယ် မသိချင်ယောင်ဆောင်နေလိုက်တယ် ကြာလာရင် ဒီလူတစ်ယောက်က ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး အရင်လို စကားတွေအများကြီးမပြောတော့သလို အရင်လိုလဲ ဂရုစိုက်ပေးချင်စိတ်တွေမရှိတော့ဘူး သည်းခံရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုက်ပါဘူး မခံစားဘူးတဲ့သူက မသိနိုင်တဲ့ ခံစားမူမျိုးပါ
သစ္စာနဲ့မေတ္တာတရားကို တန်ဖိုးထားလွန်းတဲ့အတွက် ကိုယ့်အပေါ်မှာ သစ္စာမရှိတော့ရင် ကိုယ်ပေးခဲ့တဲ့မေတ္တာတွေကို ရင်ဝယ်ပိုက်ပြီး ပြန်လှည့်ထွက်လာခဲ့မှာပါ
2026-10-07 12:19:50
5
✞︎𝐌𝐢𝐧 𝐤𝐡𝐚𝐧𝐭ಠ_ಠ :
ပြန်တင်ပြီ
2026-09-30 15:45:53
1
ⓦⓐⓘ ⓗⓛⓐⓝ ❤️🩹😊🥀🥀 :
စာလေးပေးပါလား 🥺
2026-10-05 01:46:47
1
HYDRA💦 :
စော်ရှာပေး☺️
2026-10-08 16:48:45
0
🕷️建國🫧♋️ :
စာသားယူသုံး ပါရစေ
2026-10-09 23:50:32
0
LAZY 11 :
🫀🔥
2026-10-10 01:03:29
0
စာတို :
ယူသုံးလိုရလာ
2026-10-04 07:53:05
1
🇲🇲𐌊𐋅𐌀𐌍𐌕(เซนที่ดี)🇹🇭 :
ပြန်တင်ခွင့်ပြုပါနော်
2026-09-26 15:30:38
2
♡⑅⃝ɕʉาɛ_𝐥𝐚Ⓜ️♊️♑️ :
ကျွန်တော့accထဲမှာလဲတင်ထားတာlikeလေး၀င်ပေးကြပါအု ဗျာ
2026-09-15 23:50:11
1
くコ♡Torris:彡 :
ကိုကိုရဲ့ သည်းခံမှု အလျှော့ပေးမှု အနိုင်မယူမှု အားနည်းချက်လို့မြင်လာတဲ့အချိန် ကိုကိုကတန်ဖိုးမဲ့လာ ဘဲ
2026-10-09 14:41:34
0
OLiver :
မဖြစ်နိုင်ဘူးဘရို ချစ်ခဲ့ပေးလည်း
2026-10-09 15:42:54
0
Lwan Naung :
အလိုယွကျားကို ဘယ်မိန်းမကမှ တန်ဖိုးမထားဘူး ပေါ့ပျက်ပျက်နဲ့ ကိုကတော့ အရာရာနဲ့လဲပြီးသူ့ကိုရွေးချယ် သူကြောင့်နဲ့ သူရှိရင်ရပြီဆိုပြီး အရာရာကိုစွန့်လွတ်ပြီးသူကိုပဲရွေးချယ် သူဘက်က ပေါ့တိပေါ့ပျက် ကတိမတည်တဲ့ စကားတွေကိုမကြိုက်တဲ့လုပ်ရက်တွေကိုလဲ ချစ်တဲ့စိတ်နဲ့ပဲ သည်းခံခဲ့ပါတယ် အမြဲသူကိုရွေးချယ်ခဲ့ပါတယ် ဒါပေမဲ့သူကတော့ ကိုယ်ကလွဲပြီး ကျန်တာတွေကိုရွေးချယ်သွားတယ် တော်ပါပီ အလိုအချစ်မျိုး အလိုမိန်းမမျိုးနဲ့ တွေ့ရတာ ဒီဘဝ နောက်ဆုံး ဖြစ်ပါစေ🤢
2026-10-09 11:48:53
0
:
စားသားလေးပေးပါလား😞
2026-10-09 14:42:24
0
那太😣🫶🏻 :
မဟုတ်ရပါဘူးဩ🥲🥺
2026-10-05 17:08:37
0
🌀💥♡မောင်" ကောက်♡💥🪽🗿🗿 :
2026-09-29 10:27:30
1
Neo :
2026-10-09 15:32:35
0
T's Brown eyes 🤎 :
2026-09-13 15:24:03
0
Mg Lewis :
2026-10-09 09:30:31
0
💥မောင်ကောက်💥 :
😭😭😭
2026-10-09 10:00:56
0
𝓜𝓰 𝓝𝔀𝓪𝔂𝓞𝓸𝓜𝓪𝓾𝓷𝓰 :
ဟူးး
2026-10-09 12:26:57
0
Kyaw Zay Min :
သူကိုသိစေချင်လိုက်တာ😥ဒါမယ့်လဲ ပြတ်သွားပီပဲလေ ဒါလေးမြင်ပီးစကားလာပြောရင် နားလည်ရင်ပြန်လာစေချင်တယ် တကယ်လက်မလွှတ်နိုင်သေးဘူး ဒါ့မယ်ဘလိုမှရှေ့ဆက်တိုးလို့မရတော့ဘူး
2026-10-09 19:06:35
1
💀ဘိုးထင်💀 :
song name🥺
2026-10-09 14:22:56
0
SASUKE :
အဲ့လိုအဖြစ်မျိုး ကိုယ်တိုင် ကြုံတွေ့ရမှ။
နာလည် တက်လာမယ်။🙂
2026-10-09 11:41:15
1
꧁༒༺ Lucas ༻༒꧂ :
ပြန်တင်ခွင့်ပြုပါဗျာ
2026-09-13 19:20:17
1
To see more videos from user @kyawoo392, please go to the Tikwm
homepage.