@zayartbz7news: UN တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေး ယူကေရောက် မြန်မာ တိုင်းရင်းသားများ လန်ဒန် ပါလီမန်ရှေ့ ဆန္ဒထုတ်ဖော် ရန်ကုန်၊ စက်တင်ဘာ ၁၂ ကုလသမဂ္ဂ (UN) တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း မှ ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ယူကေရောက် မြန်မာ တိုင်းရင်းသား မိသားစုများသည် ယနေ့ (စက်တင်ဘာလ ၁၂ ရက်) မွန်းလွဲပိုင်းက လန်ဒန်မြို့ရှိ ဗြိတိန်ပါလီမန် အဆောက်အအုံရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim Aris)၊ သရုပ်ဆောင် မေမြတ်နိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယူကေ ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကို နှင့် ယူကေရောက် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။ ဆန္ဒထုတ်ဖော်ပွဲတွင် တက်ရောက်လာသူများက နိုင်ငံတကာ အစိုးရများအနေဖြင့် UN တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေး ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထောက်ခံပေးကြရန်၊ SCEF ၊ NUG စသည့် ပြည်သူ့ကိုယ်စားလှယ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အာဏာသိမ်း စစ်ကောင်စီအား အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် တိုက်တွန်း တောင်းဆိုခဲ့ကြသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ နှစ်ပတ်လည် အစည်းအဝေးများ နီးကပ်လာချိန်တွင် နိုင်ငံတကာရောက် မြန်မာနွေဦးတော်လှန်ရေး မိသားစုများသည် UN ၌ မြန်မာနိုင်ငံ ကိုယ်စားပြုမှုနှင့် ပတ်သက်၍ အကြမ်းဖက် စစ်ကောင်စီအား တရားဝင်မှု မပေးဘဲ ပြည်သူ့ဘက်တော်သား သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက် အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးများတွင် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။@ZayarTBZ 11 News @ZayarTBZ 7.1News🍉 #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ဒေသသတင်းရင်းမြစ် #zayartbz #ပြည်တွင်းသတင်း #မြန်မာသတင်း
ZayarTBZ 7 News
Region: TH
Sunday 13 September 2026 06:30:02 GMT
Music
Download
Comments
Daw Hla :
ထောက်ခံပါတယ်ဦကျော်မိုးထွန်းပါ🥰🥰
2026-09-13 14:28:13
2
ko aung :
မြန်မာပြည်သူကဦးကျော်မိုးထွန်းပေါ့
2026-09-13 14:05:33
2
Koko Aung :
ေထာက်ခံပါသည်
2026-09-13 12:04:22
2
Nay Min Hlaing ✅💯 :
ထောက်ခံပါတယ်
2026-09-13 17:23:01
1
ကိုသားကြီးကိုသားကြီး :
ဦကျော်ပဲ
2026-09-13 14:34:03
1
U Than :
ထေက်ခံပါတယ်
2026-09-14 14:31:14
0
yinkyaw123 :
NO
2026-09-13 08:53:30
0
Tavee Suidee :
ထောက်ခံပါတယ်
2026-09-13 09:10:01
1
Htay Maung Maung :
2026-09-13 11:36:26
0
Htay Maung Maung :
2026-09-13 11:36:21
0
user9231029949335 :
သၽဝတိပ်တတ်လေ
2026-09-13 10:36:42
0
🥑 :
We UN Ambassador
Oo Kyaw Moe Tun🥰
True Voice of Myanmar🇲🇲
2026-09-13 08:21:17
0
🦷🧠🗣👀 :
ဆုတောင်းလေ
2026-09-13 10:56:02
0
ဇော်ထက် ဇော်ထက် :
🥰🥰🥰
2026-09-13 08:09:37
1
p💤 :
🥰🥰🥰
2026-09-13 06:40:11
1
Phyo Gyii :
🙏🙏🙏
2026-09-13 07:59:10
1
soe. paing :
💞💞💞
2026-09-13 08:13:26
1
Daw Kyiv Tin :
🥰🥰🥰🥰
2026-09-13 07:00:40
1
ZawOo :
🥰🥰🥰🥰🥰
2026-09-13 10:58:50
0
Babagyi :
😳😳😳
2026-09-13 11:00:06
0
Ko Hla Tun :
🥰🥰🥰
2026-09-13 08:12:35
1
UHlaAye :
🥰🥰🥰
2026-09-13 14:50:39
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.