@bhai.ki.jaanu: “ဩစတြီးယားမှာ မွတ်ဆလင် မိန်းကလေးငယ်တွေ ခေါင်းစွပ်ဝတ်ခွင့် ပိတ်ပင်” ဩစတြီးယားနိုင်ငံမှာ အခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကစပြီး အသက် ၁၄ နှစ်အောက် မိန်းကလေးငယ်တွေ အစ္စလာမ် ဘာသာရေးဆိုင်ရာ ခေါင်စွပ်နဲ့ မျက်နှာဖုံး Hijab တွေ ဝတ်ဆင်ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဥပဒေကို အခု ပညာသင်နှစ်မှာ စတင်အသက်ဝင်ဖို့ ဩစတြီးယားလွှတ်တော်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ မဲခွဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီတားမြစ်ချက်ဟာ ကျောင်းသူပေါင်း ၁၂,၀၀၀ လောက်ကို သက်ရောက်စေမှာ ဖြစ်ပါတယ်။ ဒီဥပဒေကို ထိရောက်စွာ သက်ရောက်မှုရှိစေဖို့ အရေးယူမယ့်ပုံစံကို အဆင့်ခွဲပြီး သတ်မှတ်ထားပါတယ်။ ပထမအဆင့် ချိုးဖောက်ရင် ကျောင်းအာဏာပိုင်တွေက ကျောင်းသူနဲ့ မိဘတွေကို ခေါ်ယူ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့် ချိုးဖောက်ရင်တော့ လူငယ် စောင့်ရှောက်ရေး အေဂျင်စီထံ အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။ လိုက်နာဖို့ အကြိမ်ကြိမ်ပျက်ကွက်သူ မိဘတွေကိုတော့ ယူရို ၁၅၀ ကနေ ၈၀၀ အထိ ဒဏ်ရိုက်သွားမှာ ဖြစ်ပါတယ်။ အစိုးရကတော့ အခုလိုလုပ်ရတာဟာ အမျိုးသမီးတွေ တန်းတူညီမျှရေးနဲ့ လူမှုအဖွဲ့အစည်းအတွင်း ပေါင်းစည်းမှု ရှိလာရေးအတွက် ရည်ရွယ်လုပ်ဆောင်တာလို့ ပြောပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ မွတ်ဆလင်အသိုင်းအဝိုင်း ကတော့ ဒီ ဥပဒေဟာ မွတ်ဆလင်တွေကို သီးခြား ပစ်မှတ်ထားရာရောက်ပြီး ဘာသာရေး လွတ်လပ်ခွင့်ကို ကန့်သတ်ရာ ရောက်တဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်နေကြတဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံမှာ ကန့်ကွက်လွှာတွေ ပေးပို့သွားမယ်လို့ ပြောဆိုထားကြပါတယ်။ #crd #hijab #austria #islamicreminder #islamic_video
𝑹𝒖𝒉𝒊 𝑵𝒂𝒔𝒓𝒆𝒆𝒏ఌ︎
Region: MM
Sunday 13 September 2026 07:00:06 GMT
Music
Download
Comments
strawberry111 :
အရမ်းတော့ဖိနိမ့်ခံနေရပီ
2026-09-13 08:16:13
0
To see more videos from user @bhai.ki.jaanu, please go to the Tikwm
homepage.