@sitisuhaibah287: #Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်း အစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာပြည်သူလူထုကို ကိုယ်စားပြုပြီး ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု အပါအဝင် ပုဒ်မအများအပြားနဲ့ အမှုဖွင့်ထားပြီး အမေရိကန်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်မယ်လို့ အကြမ်းဖက်စစ်တပ်က ဒီနေ့ စက်တင်ဘာ ၁၃ ရက်ထုတ် စစ်တပ်ဝါဒဖြန့်သတင်းစာတွေကနေတစ်ဆင့် ခြိမ်းခြောက်ထားပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်မှာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ရေပူမီးပွိုင့်အနီးရှိ ယာဉ်ထိန်းရဲကင်း ပျက်စီးသွားပေမယ့် လူထိခိုက်မှုမရှိဘူးလို့ မြဝတီမြို့ခံတွေဆီက သိရပါတယ်။ -စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအနီးရှိ အရက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်နေတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ တပ်ကြပ် ကိုကိုလွင်အပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ Myaung Ogree Column – MOC မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးဟာ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက် ဦးတည်ချက်တစ်ခုတည်းနဲ့ ပြန့်ပွားခဲ့တာမဟုတ်ဘဲ တောင်ဘက်ကို ရွေ့လျားပြီးနောက် မြောက်ဘက်ကို ပြန်လည်ဦးတည်ခဲ့တဲ့ ရှားပါးငလျင်ဖြစ်စဉ်ဖြစ်တယ်လို့ ဂျပန်နိုင်ငံ တက္ကူဘာတက္ကသိုလ်က သုတေသီတွေက တွေ့ရှိခဲ့ပြီး လေ့လာချက်ကို Seismica သိပ္ပံဂျာနယ်မှာ ဖော်ပြထားပါတယ်။ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးက လာမယ့် ဒီဇင်ဘာလမှာ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့မှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်လည်း တက်ရောက်ပြီး နှစ်ဦးစလုံးကို ဖိတ်ကြားမယ်ဆိုရင် ပူတင်နဲ့ တွေ့ဆုံဖို့ အသင့်ရှိတယ်လို့ ပြောတဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ @💕ကိုကိုရဲ့ညီမလေး💕👬
💕ကိုကိုရဲ့ညီမလေး💕👬
Region: MY
Sunday 13 September 2026 11:49:18 GMT
Music
Download
Comments
𝑱𝒆𝒏𝒏𝒚ᥫ᭡ :
👍👍👍
2026-09-13 12:08:10
0
. :
😳
2026-09-13 12:44:25
0
To see more videos from user @sitisuhaibah287, please go to the Tikwm
homepage.