@tawinnwe.sad: ဘယ်တော့မှ မင်းအပေါ်မှာ စိတ်ချလက်ချနဲ့ အပြည့်အဝ ယုံကြည်နေမှာ မဟုတ်ဘူး ...... " ဒါက မင်းကို အမြဲတမ်း သံသယ ဝင်ပြီး စောင့်ကြည့်နေတာမျိုး မဟုတ်ပါဘူး .... သူတကယ် မြတ်နိုးမိပြီဆိုရင် သူ့ရင်ထဲမှာ မင်း ကို "မဆုံးရှုံးချင်တဲ့စိတ်"၊ "စိတ်မချရတဲ့စိတ်" နဲ့ "သဝန်တိုတတ်တဲ့စိတ်" တွေက အလိုလို အတိုင်းအဆမရှိ ကြီးစိုးလာလို့ပါပဲ ..... တကယ်ချစ်တဲ့ ယောက်ျားလေးတွေအတွက် အစိုးရိမ်ဆုံးနဲ့ အထိမခံနိုင်ဆုံးအရာကလေ ... "တခြားကောင်လေးတွေနဲ့ ပတ်သက်တဲ့ကိစ္စ" ပဲ "ဟိုလူနဲ့ မရောနဲ့ ဒီလူနဲ့ မပေါင်းနဲ့" ဆိုပြီး တခြားအရာတွေမှာ လိုက်စွက်ဖက်တာထက် ကောင်လေးတွေနဲ့ ပတ်သက်လာရင်တော့ သူတို့မှာ နည်းနည်းလေးတောင် နားလည်ပေးနိုင်မှာ မဟုတ်ဘူး .... ဒါဟာ.... မင်းရဲ့ အကျင့်စာရိတ္တကို မယုံကြည်လို့မဟုတ်ပဲ ဆုံးရှုံးရမှာကို သေလုမတတ် ကြောက်နေလို့ပါ .... မင်းဘက်က ဘယ်လောက်ပဲ ရိုးသားပါစေ ... "တခြားယောက်ျားလေးတစ်ယောက်ရဲ့ စိတ်ကော ရိုးသားရဲ့လား" ဆိုတာ ယောက်ျား လေးချင်းပဲ သိနိုင်တဲ့ လျှို့ဝှက်ချက်မို့လို့ပါ ...... တစ်ခါတလေ နှစ်ဦးစလုံးက တကယ်ရိုးသား နေရင်တောင်မှ ကိုယ်ချစ်တဲ့သူက မိမိကလွဲလို့ တခြားသူကို ဦးစားပေးနေတယ် ဂရုစိုက်ပြ နေတယ်ဆိုတဲ့ အသိမျိုးကို ဘယ်ယောက်ျားလေးမှ ခံနိုင်ရည်မရှိကြပါဘူး .... ဒါကြောင့် ...... ယောက်ျားလေးတစ်ယောက်က မင်းကို တကယ်ချစ်ရင် အပြည့်အဝ စိတ်မချနိုင်ဖြစ်နေလိမ့်မယ် ...... အဲ့ဒါဟာ အချစ်ကြီးလွန်းလို့ ဖြစ်ပေါ်လာတဲ့ စိုးရိမ် စိတ် သက်သက်ပါပဲ ..... အဲ့ဒီလို သဝန်တိုပြီး လိုက်စစ်နေတတ်တာကို အပြစ်မမြင်ပါနဲ့။ သူတို့ဟာ စိတ်ပူလွန်းလို့ အရာရာ လိုက်ပြောချင် ပြောမိ လိမ့်မယ် ဒါပေမဲ့ ...... သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ အချစ်ကတော့ အင်မတန် ဖြူစင်ပါတယ် ... ( တကယ်မချစ်တဲ့သူကသာ "မင်းလုပ်ချင်တာလုပ် ငါ့ကိစ္စမဟုတ်ဘူး" ဆိုပြီး ဂရုမစိုက် အလေးမထားပဲ ပစ်ထားမှာပါ ) မင်းဘက်က "ချုပ်ချယ်လွန်းတယ်" လို့ မတွေးမိခင် သူ့နေရာမှာ တစ်ခါလောက် ဝင်ခံစား ကြည့်ပေးပါ သေချာလေး တွေးကြည့် ပေးစေချင်ပါတယ် ........ ကိုယ့်ဆီမှာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးဖြစ်တဲ့ "အချစ်စစ်" ကို ပိုင်ဆိုင်ထားရလျက်နဲ့ ... ကိုယ်တိုင် နားမလည်ပေးနိုင်မှုကြောင့် လက်လွတ် မဆုံးရှုံးမိပါစေနဲ့ဗျ ......... #အားလုံးကိုချစ်ပါတယ်♥♥♥♥♥♥♥♥ #crdပေးပါတယ် #ကိုသစ္စာ🌷🌷🌷 #ချစ်တဲ့စိတ်နဲ့ဖတ်နော်
🌸 စံပယ်ဖြူ 🌸
Region: MM
Sunday 13 September 2026 12:20:34 GMT
Music
Download
Comments
ချစ်သမီး :
ဟုတ်ပါတယ်ဒို့ကိုယ်တိုင်ခဲစားဖူးပါတယ်
တစ်အားချုပ်ချယ်ပြီးဟိုမသွားရဘူးဒီမသွားရဘူးမျက်စိအောက်ကအပျောက်မခံခဲ့ဘူး
ဒါကိုဒို့ကချစိတယ်လို့မထင်ခဲဘူး
2026-09-13 13:46:41
1
SWE Lay :
ဟုတ်တယ်ကွာ
2026-09-14 16:29:34
0
Su Haing :
မှန်ပါတယ်တချိန်ကအချစ်ခံခဲရတယ်ခုတောနောင်တရတယ်😢
2026-09-14 14:30:19
0
𝒦𝒴𝒜𝒲 𝒵ℐ𝒩 𝒯ℋℰ𝒯 :
ယုံကြည်ခဲ့ပါတယ် မချစ်လို့မဟုတ်ပါဘူး အရမ်းချစ်လို့ပါ ကိုယ့်အပေါ်ကို နည်းနည်းလေးမှ စိတ်ကွက်သွားမှာကို မလိုလားလို့ပါ
ဒါမဲ့အခုတော့ သူ့အပေါ်ကို ယုံကြည်လွန်ကဲခြင်းက ကိုယ့်ကို အရမ်းနာကျင်စေခဲ့ပြီလေ ယနေ့တိုင် ချစ်နေဆဲပါပဲ မေတ္တာလည်းမပျက်ပါဘူး
2026-09-14 16:53:50
0
HWaiyanlinm :
သူကသိမှာမဟုတ်ပါဘူးဗျာ
2026-09-14 16:20:57
0
သားသမီးရတနာ :
အမယောက်ကျားလဲအဲလိုဘဲ။
2026-09-13 14:24:13
0
nay myo thu :
ဘာမှလုပ်မရတော့ပါဘူး
2026-09-14 11:47:01
0
Shwe Lunchi :
တကယ်မှန်တယ်👍👍🥰🥰🥰🥰🥰👍👍👍👍👍👍👍👍👍👍👍
2026-09-14 14:30:35
0
shwehla081 :
အားလုံးမှန်ပါတယ်
2026-09-14 15:19:07
0
လွမ်းဝေ :
သစ်စာမရှိတဲ့သူကိုချစ်ခဲ့မိတာနောင်တရပါတယ်😭😭😭😭😭😭
2026-09-14 14:52:43
0
💯💯khin 💯💯👅 :
2026-09-14 12:40:52
0
khinkhin :
ဟုတ်တယ်လေခင်လဲအဲလိုခံစားရနေတယ်လေ[Red heart][Red heart][Red heart][Red heart][Red heart]
2026-09-14 11:41:27
0
Ms :
❤️❤️❤️
2026-09-14 11:11:37
0
ဘဝသစ် :
2026-09-14 13:51:47
0
🌹Nge Htwe🥰 :
💕💕💞💞💞💞💞💞
2026-09-14 14:41:05
0
MonMon :
ကြုံခဲ့ဘူးပါတယ်အခုဒီစာဖက်ပီးမှနောင်တရမိပါတယ်အဆင်ပြေအောင်ပြန်ကြိုးစားပါ့မယ်
2026-09-14 02:27:12
1
win win :
😔😔😔😔🥹🥹🥹🥹
2026-09-14 11:28:54
0
အချစ်စံအိမ်လေး :
[Heartwarming][Heartwarming][Heartwarming]
2026-09-14 02:37:51
0
Tin Mang soe :
😂
2026-09-14 01:41:46
0
San san :
🥹🥹🥹🥹
2026-09-13 21:43:49
0
Äđēlïnê❤😘 :
🥰🥰🥰
2026-09-14 06:04:57
0
To see more videos from user @tawinnwe.sad, please go to the Tikwm
homepage.