@soemoekyaw7920: သားတို့သမီးတို့... ဆရာကို နိုင်ငံခြားသားတစ်ဦးက မေးဖူးတယ်။ ဆရာတို့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေဟာ ဘာလို့ ဒီလို ပုခုံးတစ်ဖက်ဖော်တဲ့ Uniform ကို ဝတ်ဆင်ကြတာလဲ။ Style သက်သက်လား။ Sexy ကျတယ်လို့ မြင်စရာ ဖြစ်မနေဘူးလားတဲ့။ ဆရာ ပြုံးမိတယ်။ ပြီးတော့မှ ဆရာဖတ်ဖူးထားတာလေး ရှင်းပြလိုက်တယ်။ ဗုဒ္ဓဘာသာမှာ ဘယ်ဘက်ကို ဘုန်းတန်ခိုး ညာဘက်ကို ပညာလို့ အယူအဆရှိတယ်။ တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ ရှင်မဟာမောဂ္ဂလာန်ကို ဘယ်လက်ရုံးထားပြီး ပညာဧတဒဂ်ရှင် ရှင်သာရိပုတ္တရာကို ညာလက်ရုံးထားတယ်လေ။ ဘယ်ဘက်ကို ဖုံးပြီး ညာဘက်ကို ဖော်ဝတ်တဲ့ အစဉ်အလာက "ဘုန်းတန်ခိုး၊ အာဏာပါဝါဆိုတာ ဖုံးဖုံးဖိဖိ ထားရတယ် ပညာကမှ အမြဲဖော်ပြထားလဲ တင့်တယ်တယ်" ဆိုတဲ့အဓိပ္ပာယ်ပဲ။ တန်ခိုးအာဏာ လုပ်ပိုင်ခွင့်တွေကို အမြဲထုတ်ပြမနေသင့်ဘူးဆိုတာကို သတိထားဖို့ ဒီဒီဇိုင်းကို Uniform အဖြစ် သတ်မှတ်ခဲ့တာပါ။ တရားထိုင်ရင်တောင် ဘယ်လက်ပေါ်မှာ ညာလက်တင်ပြီး ထိုင်ရတယ်မလား။ အဲဒါဟာ တန်ခိုးအာဏာပါဝါတွေကို အသိဉာဏ်ပညာလေးနဲ့ ထိန်းချုပ်ဖို့ဆိုတဲ့ လက္ခဏာပဲလေ။ အဝတ်အစားဆိုတာ အပေါ်ယံအခွံတင် မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိတဲ့ သင်္ကေတတွေပါပဲ။ သားတို့သမီးတို့လည်း ဘဝမှာ ပါဝါတွေ အရည်အချင်းတွေကို အပေါ်ယံ ကြွားဝါပြသတာထက် ပညာဉာဏ်နဲ့ အေးချမ်းစွာ ထိန်းကျောင်းနိုင်တဲ့ လူရည်ချွန်တွေ ဖြစ်ကြပါစေ။ စိုးမိုး (ဝထက) အယူအဆ တစ်ခုအနေနဲ့ မဆိုလိုပါ။ ငယ်ငယ်က ဖတ်ဖူးတာလေးပါ။ တည်တောဆရာတော် စာအုပ်မှာ ထင်ပါတယ်။ သိသူများ ပြောပေးကြပါ။ 💞🥰🙏🥰💞
စိုးမိုး ဝထက 🇯🇵
Region: MM
Sunday 13 September 2026 12:50:21 GMT
Music
Download
Comments
Thu Ta :
ကိုရင် နှစ်ခါ ရဟန်းတစ်ခါ ခံပီးပီ အသက် နှစ်ဆယ့်တစ်မှ သိလိုက်ရတယ် အဖိုးထိုက်ရတနာ ကို ခုမှ သိခွင့်ရတယ်🙏🙏🙏
2026-09-14 14:06:59
1
Daw Khin Hnaung :
အသိပညာတွေရလို့ ကျေးဇူးပါ ဆရာ။
2026-09-14 01:37:50
17
Sxarr Khant May :
ပုံပါ ပုံမှန်မဟုတ်သော မေးခွန်းနှင့် ပတ်သက်၍ ရှင်းပြပေးပါမည်။
ပုံထဲတွင် ရဟန်းတော်တစ်ပါးသည် သင်္ကန်းကို ပုခုံးတစ်ဖက်ဖောက်လျက် (တစ်ဖက်လွတ်) ဝတ်ဆင်ထားသည်ကို တွေ့ရပြီး၊ အထက်ပါစာသားတွင် "ရဟန်းတော်တွေ သင်္ကန်းကို ဘာလို့ ပုခုံးတစ်ဖက်ဖောက်ပြီး ဝတ်တာလဲ" ဟု မေးမြန်းထားသည်ကို တွေ့ရပါသည်။
ဗုဒ္ဓဘာသာဝင် ရဟန်းတော်များ သင်္ကန်းကို ဧကသုတ္တန် (သို့မဟုတ်) ပုခုံးတစ်ဖက်ဖောက်၍ ဝတ်ရခြင်း၏ အဓိက အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
မြတ်စွာဘုရား၏ အဆုံးအမနှင့် ဝတ်ပုံဝတ်နည်း (ပညတ်ချက်): ဘုရားရှင်လက်ထက်တော်က ရဟန်းတော်များသည် ရိုသေသမှုပြုရန်၊ ဆွမ်းခံကြွရန်နှင့် တရားနာရန် စသည့် ကာလများတွင် အရိုအသေပေးသောအားဖြင့် ပုခုံးတစ်ဖက်ကို လွှမ်းခြုံလျက် (ဧကသီတင်လျက်) ဝတ်ဆင်ကြရန် ညွှန်ကြားထားခြင်း ဖြစ်ပါသည်။
ရိုသေလေးစားမှု ပြသခြင်း: လူ့လောကတွင် လူကြီးသူမများရှေ့၊ သို့မဟုတ် တရားနာယူရာတွင် ရိုသေလေးစားမှုကို ပြသသည့်အနေဖြင့် ပုခုံးတစ်ဖက်ကို ဖော်၍ ဝတ်ဆင်ကြခြင်းသည် ရှေးယခင်ကတည်းက အရှေ့တိုင်းယဉ်ကျေးမှုနှင့် ဗုဒ္ဓသာသနာ့ဝတ်စဥ် တစ်ရပ် ဖြစ်ခဲ့ပါသည်။
အလုပ်အကိုင် ဆောင်ရွက်ရာတွင် ပေါ့ပါးလွယ်ကူစေရန်: ရဟန်းတော်များသည် ဆွမ်းခံကြွခြင်း၊ ကျောင်းသန့်ရှင်းရေးပြုလုပ်ခြင်း စသည့် ကိုယ်တိုင်လုပ်ကိုင်ရသည့် သံဃာ့ကိစ္စများကို ဆောင်ရွက်ရာတွင် ပုခုံးတစ်ဖက်ဖောက်ထားခြင်းက လှုပ်ရှားရ ပေါ့ပါးလွယ်ကူစေပါသည်။
2026-09-14 14:46:07
9
Ma Ma Nawe :
အသိတစ်ခုတိုးလို့ကျေးဇူးတင်ပါတယ်ရှင့်
2026-09-15 06:51:19
1
K.W :
မှန်ပါတယ်။ ကြာသိဘူးတာလဲ အဲလိုပါဘဲ
2026-09-15 07:52:42
1
April Foll :
ဖတ်ဖူးတယ် အဲ့မှာမရှင်းတာရှိတယ် အဂ္ဂသာဝက ၂ပါးမပေါ်ခင် ရဟန်းတော်တွေ ဘယ်လို သင်္ကန်ရုံလဲလို့
2026-09-14 05:14:16
4
Daw Thida :
ဒီလိုစာပေမျိုးကို ရှာဖွေဖတ်တဲ့ ဆရာ့လိုအရွယ်ဆရာလဲ ယနေ့ခေတ်မှာရှားပါးပစ္စည်းပါဆရာ နောက်ပြီးရှက်ရှက်နဲ့ပြောရအုန်းမယ် ကျွန်မတီချယ်မဟုတ်ပါဘူးဆရာ ကျောင်းသားမိဘပါ စာဖတ်တာဝါသနာပါလို့ပါ ကျေးဇူးပါ[စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-09-14 01:22:33
8
Win htun Aung :
သက်န်း ရုံခြင်းရဲ့ အဓိပ္ပါယ်ကို အခုမှသိရ၏။ ကျေးဇူးတင်ပါသည်။
2026-09-15 06:10:04
1
Soe Sandar Oo :
သိခွင့်ရခဲ့ပီ
2026-09-15 06:06:35
1
ခင်ချစ် :
ပြောပြပေးတဲ့အတွက်ကျေးဇူးပါရှင့်
2026-09-14 13:51:48
1
Aung Aung :
ဦးတင်ပါတယ်ဘုရား
2026-09-14 13:53:40
1
Nyi (Love) Thoon :
ဘယ်လက်ရုံး ညာလက်ရုံးဆိုပြီး ဘယ်ပုခုံးသည် တန်ခိုးအာနုဘော်ကိုဖော်ပြပြိး ညာလက်ရုံးသည်ပညာကိုအာနုဘော်ကို ဖော်ပြတယ် ရဟန်းတွေဆိုတာ ညာပုခုံးဆိုတဲ့ ပညာကိုပြသခွင့်ရှိပြီး ဘယ်ပုခံူးတန်ခိုးတော်ကိုပြသခွင့်မရှိကြောင်းမြတ်စွာဘုရားချမှတ်ထားပါတယ်ဗျာ🥰
2026-09-14 11:05:06
4
Lapyae win :
မိသားစုအတွက်တန်ဖိုးဖြတ်မရတဲ့သားလေးတွေပါကွယ်🙏🙏🙏🙏🙏🥰🥰🥰
2026-09-14 09:52:00
3
🌱 :
ကျွန်တော် သိထားတာနဲ့ ကွက်တိပဲ
2026-09-14 11:19:16
1
Pyone Pyone :
စာသားလေး လိုချင်ပါတယ်ဗျ။ copyယူမရလို့ပါ။ တန်ဖိုးရှိလွန်းလို့ ပြန်ရှယ်ပေးချင်လို့ပါ
2026-09-14 07:44:50
1
MimiLily :
သိ ချင်နေတာကြာပါပြီ အခုလိုသိရလို့ကျေးဇူးတင်ပါတယ်ဆရာ🙏🙏🙏
2026-09-14 05:02:04
1
Daw Thida :
ကျေးဇူးပါဆရာ လေးစားလွန်းလို့ဘာရေးရမှန်းကိုမသိတော့ပါဘူး[ဆုတောင်း][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-09-13 23:03:28
1
Daw Myint Myint :
အခုမှသိပါတယ် သိချင်နေတာ ကြာပါပြီ ကျေးဇူးပါ
2026-09-14 04:28:03
1
Soe Lay :
ဗဟုသုတ ပြည့်စုံတဲ့ငါ့မောင်အတွက် အမြဲဂုဏ်ယူနေရတယ် ❣️❣️❣️❣️💞💞💞💞
2026-09-14 02:51:54
2
wailinnphyoe♓♓♓ :
သူချင်းနာမ်မည်လေးပြောပေးပါလား
2026-09-14 13:53:51
1
kyawhtay1983 :
လူထွက်မိတာမှားတယ်🥺🥺
2026-09-15 08:08:21
1
????? :
အရင်ဆိုသတိတောင်မထားမိဘူး
2026-09-15 12:29:01
1
WMK pig :
ကျေးဇူးပါ
2026-09-15 14:47:12
1
Wah💛 ワー💛Hlaing :
အသိပညာတွေရပါတယ်
2026-09-13 15:58:00
1
To see more videos from user @soemoekyaw7920, please go to the Tikwm
homepage.