@ei.thandar6629: မိဘလက်အောက်မှာ ဘာမှမသိခဲ့ရာကနေ ကုမ္ပဏီနှစ်ခုကို ဦးစီးနိုင်တဲ့အထိ ပြောင်းလဲပေးခဲ့တဲ့ သင်ဇာနွယ်ဝင်း ခင်ပွန်းရဲ့ အားကျဖွယ် စိတ်ဓာတ်.... မင်းသမီး သင်ဇာနွယ်ဝင်းဟာ အိမ်ထောင်မကျခင် မင်းသမီးဘဝတုန်းက ဘယ်သွားသွား မိခင်ဖြစ်သူနဲ့ပဲ သွားလာလေ့ရှိပြီး စီးပွားရေးအကြောင်း ဘာမှမသိခဲ့သလို မိဘတွေကပဲ ပိုက်ဆံကိုင်တွယ်ပေးခဲ့တာကြောင့် အနုပညာကြေး ဘယ်လောက်ရမှန်းတောင် မသိခဲ့ရသူဖြစ်ပါတယ် ။ ဒါပေမဲ့ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ကုမ္ပဏီနှစ်ခုကို ကိုယ်တိုင်ဦးစီးနိုင်တဲ့အထိ တိုးတက်ထက်မြက်လာခဲ့တာကြောင့် မိခင်ဖြစ်သူတောင် အံ့ဩခဲ့ရတာပါ ။ ဒီလိုမျိုး အရည်အချင်းရှိလာတာဟာ သူမဘာလုပ်ချင်လဲ အမြဲပံ့ပိုးပေးပြီး ကျရှုံးချိန်မှာလည်း ထပ်မံကြိုးစားဖို့ အခွင့်အရေးပေးကာ လက်တွဲခေါ်ယူခဲ့တဲ့ ဆရာကောင်းသဖွယ် ခင်ပွန်းဖြစ်သူကြောင့်ဖြစ်တယ်လို့ သူမက ရင်ဖွင့်ပြခဲ့ပါတယ် ။ တစ်သက်လုံး ထိုင်စားရုံနဲ့ မကုန်နိုင်တဲ့ စည်းစိမ်တွေရှိသော်လည်း ဇနီးဖြစ်သူကို သူဌေးကတော်အဖြစ်တင် မဟုတ်ဘဲ ကိုယ်ပိုင် အရည်အချင်းရှိတဲ့ ထက်မြက်သူဖြစ်လာအောင် ပြုပျိုးပေးခဲ့တာကြောင့် သင်ဇာနွယ်ဝင်းဟာ အိမ်ထောင်သက်တမ်း ကြာလာလေလေ ပိုမိုလှပထက်မြက်လာလေဖြစ်နေတာပါ ။ ဒါကြောင့်လည်း အမျိုးသမီးတစ်ယောက်အတွက် အနာဂတ်ဘဝနဲ့ အရည်အချင်းတွေကို တိုးတက်အောင် မြှင့်တင်ပေးနိုင်တဲ့ လက်တွဲဖော်ကို ရွေးချယ်နိုင်ဖို့ ဘယ်လောက်အရေးပါတယ်ဆိုတာကို သင်ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံရဲ့ ဘဝက ပြသလျက် ရှိနေပါတယ် ။#ခင်ပွန်းကောင်းဆိုတာ #crdစာသား #ရောက်စမ်းfypပေါ်😒myanmartiktok#မြန်မာtiktok
Aries ei ♈️🍀
Region: MM
Sunday 13 September 2026 15:56:53 GMT
Music
Download
Comments
mapontpont27 :
သီချင်းနာမည်နဲ့အဆိုတော်လေးသိချင်လိုပါ
2026-09-14 02:15:40
9
比心 :
ကိုယ့်ယောက်ျားလဲ သူ့လိုပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် supporting အမြဲပေးတယ် 🥰🥰🥰
2026-09-14 03:13:49
52
Khamhtaewah :
နောင်တချိန်ခင်ပွန်းမရှိလည်းအရောင်အဝါမှိန်မသွားအောင်တောက်ပနိုင်အောင်ကြိုးစားပေးခဲ့တဲ့ယောက်ကျားမျိုး
2026-09-14 14:11:34
16
🍓 :
ငါလည်းအာ့လိုလူမျိုးနဲ့တွေ့မှပဲလက်ထပ်တော့မယ်
2026-09-15 11:57:12
4
ဒဏ္ဏာရီ :
အက်ဒါ မိန်းမကို ရပ်တည်နိုင်အောင် ပံ့ပိုးပေးတာ
2026-09-14 05:25:53
18
Kay Thi :
ရွေးချယ်မူတွေမှန်လိုက်တာ
2026-09-17 09:33:01
1
♏🦂🔮 :
ဒီလိုကြ မိန်းခလေးတစ်ယောက်အနေနဲ့ သူ့ရဲ့ရွေးချယ်မှုမှန်ကန်ခဲ့ပါတယ် 🥰
2026-09-16 13:06:18
3
Renee5886 :
အိမ်ထောင်ရေးကံကောင်းတာပါ
2026-09-14 09:05:54
3
y :
ဦးနှောက်နဲ့ရွေးသွားတာနော်သူက
2026-09-14 17:16:19
1
သဲစုဖြိုး :
ချစ်တယ်ပုပုလေးလံုးလံုးလေစကားပြောတာလေးကိုချစ်တာ
2026-09-14 04:38:26
3
San"dar'AYE :
ကံကောင်းလိုက်တာ
2026-09-18 15:28:05
1
Auroramoon :
right
2026-09-14 02:05:52
1
♑Khaing♑ :
ချစ်သောလေး🥰
2026-09-14 08:45:54
1
Nan Cherry Moe🥰🥰🥰🌹🌹🌹💕💕 :
❤️❤️❤️❤️
2026-09-14 10:45:59
1
T zar :
အားကျမိပါတယ်
2026-09-16 10:21:18
0
🪷ดอกเกาะลอง🇳🇱🇲🇲ဧကရာဇ်ပန်း :
မိန်ကလေတိုင် ကို့ဘဝကို တောပ်ပစေတဲ့သူနဲ့မတောပ်ပစေသူကိုခွဲခြားနိုင်ကြစေချင်တယ် တချို့တေက တခုလပ်ဘဝပတ်ဝန်ကျင်ကဲ့ရဲ့ခံရမှာကြောက်လို့ ဘဝကနှသ်မွန်ူနေလည်
နောက်မဆုတ်ဘူး ရွေချယ်မှုမှန်ကန်ရင် ဘဝကသေတာထက်ဆိုတယ်
2026-09-18 11:16:00
0
Soe Soe :
လက်တွဲညီပြီးနွေးထွေးတဲ့ဇနီးမောင်နှံလေး🥰🥰
2026-09-14 08:29:33
0
LuckLuck :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-19 00:07:12
0
SuLay831 :
အချစ်ဆို တာ အချိန်ကြာကြီးချစ်တာနဲ့ မဆိုင်ဘူး တကယ်ချစ်တဲ့ သူနဲ့တွေ့ဖို့ပဲ လိုတယ်
2026-09-14 06:43:42
6
Kyiphyunwe :
🌷
2026-09-14 15:37:43
0
Jimmy :
❤️
2026-09-14 18:18:04
0
Shin Aye Mar :
♥️♥️🥰👍🥰👍🥰👍
2026-10-15 07:48:13
0
mercury :
မင်းသမီးလူရွေးမှန်သွားခဲ့တာ
2026-09-16 07:27:42
0
သော်တာAye Tha Dar :
🥰
2026-09-15 07:10:03
0
Ma Phyu :
တအားကြိုက်ခဲ့ရတဲ့မင်းသမီး
2026-09-14 12:29:05
0
To see more videos from user @ei.thandar6629, please go to the Tikwm
homepage.