@lotion.bmg.official: JANGAN BIARIN KULIT TERUS-TERUSAN TERPAPAR POLUSI DAN SINAR MATAHARI TANPA PERAWATAN! ☀️😫 Saatnya tambahkan perawatan ekstra untuk kulitmu dengan WHITENING SKIN BOOST PLATINUM ✨ 💜 Mengandung: 🍇 3% Red Grape Extract ✨ 10% Niacinamide Kombinasi kandungan yang membantu merawat kulit agar tampak lebih cerah, sehat, dan terawat 🤍✨ Yuk, jangan cuma fokus merawat wajah! Kulit tubuh juga butuh perhatian, bestie 🥰 ✨ BMG — COBA DULU, BARU JATUH CINTA! 🎁 MAU SAMPLE GRATIS? Ketik “MAU” di kolom komentar yaa! 😍👇 #misirasamanisinharimu #bmglotion #bmghighend #fyp #bodycareroutine

LOTION BMG ORIGINAL
LOTION BMG ORIGINAL
Open In TikTok:
Region: ID
Monday 14 September 2026 03:00:00 GMT
7486
24
0
3

Music

Download

Comments

There are no more comments for this video.
To see more videos from user @lotion.bmg.official, please go to the Tikwm homepage.

Other Videos

ဘူးဟောင်းလေးတစ်လုံးကို တွေ့လို့ ဖွင့်ကြည့်မိတယ်။ အထဲမှာ နှစ်ပေါင်းများစွာ မသုံးဖြစ်တော့တဲ့ ပစ္စည်းလေးတွေ အများကြီးရှိနေတယ်။ ဘောပင်တစ်ချောင်း၊ သော့တစ်ချောင်း၊ ဓာတ်ပုံဟောင်းလေးတချို့၊ သော့ချိတ်လေးတစ်ခု၊ ပို့စကတ်လေးတွေ၊ ငယ်ငယ်က မုန့်စားရင်း မဲပေါက်ခဲ့တဲ့ အရုပ်လေးတွေ၊ Memory Card လေးနှစ်ကတ်နဲ့ ဘာအတွက်သုံးခဲ့မှန်းတောင် မမှတ်မိတော့တဲ့ စာရွက်လေးတချို့ပါ ပါတယ်။ တစ်ခုချင်းစီကို ကြည့်ရင်း— “ဒါလည်း မလိုတော့ဘူး…” “ဒါလည်း မသုံးတော့ဘူး…” ဆိုပြီး စိတ်ထဲက ပြောရင်း ပစ်ဖို့လုပ်နေတုန်း စာရွက်ခေါက်လေးတစ်ရွက်ကို တွေ့လိုက်တယ်။ ဖွင့်ကြည့်တော့ စာတစ်ကြောင်းပဲ ရေးထားတယ်။ “တစ်နေ့ကျရင် ဒီနေ့တွေကို ပြန်လွမ်းမယ်။” ဘယ်တုန်းက ဘာကြောင့်ရေးထားမှန်းတောင် မမှတ်မိတော့ဘူး။ ဒါပေမယ့် အဲ့ဒီစာတစ်ကြောင်းကို ဖတ်ပြီးတဲ့အချိန်မှာတော့ ပစ်မယ့်လက်က ရပ်သွားမိတယ်။ စာရွက်လေးအောက်မှာ ဓာတ်ပုံဟောင်းတစ်ပုံ ထပ်တွေ့တယ်။အရောင်တွေတောင် နည်းနည်းမှိန်နေပြီ။ ဓာတ်ပုံထဲကလူတွေကတော့ အခုချိန်မှာ ကိုယ့်ဘဝထဲမှာ အရင်လို မရှိကြတော့ဘူး။ ဒါပေမယ့် ဓာတ်ပုံလေးကို ကိုင်ထားရင်းနဲ့ အဲ့ဒီနေ့က ရယ်သံတွေ၊ ပြောခဲ့တဲ့စကားတွေ၊ အတူရှိခဲ့တဲ့အချိန်တွေက တစ်ခုချင်းစီ ပြန်ပေါ်လာသလို ခံစားရတယ်။ နောက်ထပ် စာအိတ်သေးသေးလေးတစ်အိတ်ထဲမှာ ကားလက်မှတ်ဟောင်းလေးတွေ၊ မွေးနေ့တုန်းက ရခဲ့တဲ့ ဆံညပ်​သေးသေးလေးတွေရယ် ၊ ခရစ်စမတ်တုန်းက ကျောင်းက ညီမလေးတွေပေးထားတဲ့ ပို့စကတ်သေးသေးလေးတွေနဲ့ ဘယ်သူပေးခဲ့မှန်းတောင် မမှတ်မိတော့တဲ့ လက်ရေးစာလေးတစ်စောင်ကို တွေ့တယ်။ တစ်နေရာမှာတော့ အရင်က အမြဲသုံးခဲ့တဲ့ သော့ချိတ်လေးတစ်ခု ရှိနေတယ်။သော့ချိတ်လေးရဲ့ ဝက်ဝံရုပ်လေးက ဖန်ထည်လေးနဲ့တူတယ်၊ လက်ကလေးတောင် ကျိုးပဲ့လို့။ဒါပေမယ့် အဲ့သော့ချိတ်လေးကိုတော့ ဘာကြောင့်မှန်းမသိဘဲ သိမ်းထားမိနေတုန်းပဲ။ အဲ့ဒီပစ္စည်းတွေထဲမှာ တန်ဖိုးကြီးတာ တစ်ခုမှ မပါဘူး။ ဒါပေမယ့် တစ်ခုချင်းစီမှာ ကိုယ့်ဘဝရဲ့ အချိန်တစ်ခုစီ ပါနေတယ်။ တစ်ခါတလေ အမှတ်တရဆိုတာ ဓာတ်ပုံကြီးကြီးတွေ၊ တန်ဖိုးကြီးတဲ့လက်ဆောင်တွေ မဟုတ်ဘူး။ လူတစ်ယောက်ပေးခဲ့တဲ့ စာရွက်ခေါက်လေးတစ်ရွက်၊ အတူသွားခဲ့တဲ့နေရာက လက်မှတ်လေးတစ်စောင်၊ စာကြောင်းနှစ်ကြောင်းပဲ ရေးထားတဲ့ကတ်လေးတစ်ကတ်… ဒါမှမဟုတ် မသုံးတော့ပေမယ့် မပစ်ရက်သေးတဲ့ ပစ္စည်းလေးတစ်ခုလည်း ဖြစ်နိုင်တယ်။ အဲ့ဒီနေ့က ဘူးထဲက မလိုတော့တဲ့ ပစ္စည်းတချို့ကိုတော့ ပစ်လိုက်ဖြစ်တယ်။ဒါပေမယ့် ဓာတ်ပုံလေးတွေ၊ စာရွက်လေးတွေ၊ ကတ်လေးတွေကိုတော့ ပြန်သိမ်းထားလိုက်တယ်။ အရင်ကတော့ “တစ်နေ့နေ့မှာ လိုလာရင် အသုံးဝင်မယ်” ဆိုပြီး သိမ်းထားခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုမှ နားလည်လာမိတယ်။ တကယ်တော့ အဲ့ဒါတွေကို အသုံးဝင်လို့ သိမ်းထားခဲ့တာ မဟုတ်ဘူး။ တစ်ချိန်က ကိုယ့်ဘဝမှာ အရေးကြီးခဲ့ဖူးလို့ သိမ်းထားခဲ့တာ။ ဘဝထဲကနေ ထွက်သွားပြီးသား လူတချို့ ရှိတယ်။ ပြီးဆုံးသွားတဲ့ အချိန်တချို့ ရှိတယ်။ ပြန်မရနိုင်တော့တဲ့ နေ့ရက်တချို့လည်း ရှိတယ်။ အဲ့ဒါတွေက အတိတ်ဖြစ်သွားပေမယ့် တန်ဖိုးမရှိတော့တာတော့ မဟုတ်ဘူး။ တချို့လူတွေက ကိုယ့်ဘဝထဲမှာ ဆက်မရှိတော့ပေမယ့် သူတို့နဲ့ ဖြတ်သန်းခဲ့ဖူးတဲ့ အချိန်တွေကတော့ ကိုယ့်ရဲ့ အမှတ်တရအဖြစ် ကျန်နေတတ်တယ်။ ဒါကြောင့် အရာအားလုံးကို မေ့ပစ်ဖို့ မလိုပါဘူး။ တချို့အရာတွေကို ပြန်မယူချင်တော့ပေမယ့် တန်ဖိုးထားလို့ရတယ်။ တချို့လူတွေကို ပြန်မတွေ့ချင်တော့ပေမယ့် သူတို့နဲ့ ဖြတ်သန်းခဲ့ဖူးတဲ့နေ့ရက်တွေကိုတော့ ပြုံးပြီး သတိရလို့ရတယ်။ အတိတ်ကို တန်ဖိုးထားတာနဲ့ အတိတ်ထဲမှာ ပြန်နေချင်တာက မတူပါဘူး။ တစ်ချိန်က ကိုယ်ဘယ်လိုလူဖြစ်ခဲ့တယ်၊ ဘယ်သူတွေကို တန်ဖိုးထားခဲ့တယ်၊ ဘယ်နေ့ရက်တွေက ကိုယ့်ဘဝမှာ အရေးကြီးခဲ့တယ်ဆိုတာကို မမေ့ချင်တာလောက်ပါပဲ။ တစ်ခါတလေ အတိတ်ကို လွမ်းတာဟာ အဲ့ဒီအချိန်ကို ပြန်သွားချင်လို့ မဟုတ်ဘူး။ အဲ့ဒီအချိန်တုန်းက ကိုယ်ဟာ ဘယ်လောက်ရိုးရှင်းခဲ့ဖူးလဲ၊ ဘယ်လောက်ပျော်ခဲ့ဖူးလဲ၊ ဘယ်သူတွေက ကိုယ့်ဘေးမှာ ရှိခဲ့ဖူးလဲဆိုတာ ပြန်သတိရမိလို့ပါ။ အဲ့ဒီနေ့က ဘူးလေးကို ပိတ်ပြီးသိမ်းခါနီးမှာ စာရွက်လေးကို နောက်တစ်ကြိမ် ပြန်ဖတ်ခဲ့တယ်။ “တစ်နေ့ကျရင် ဒီနေ့တွေကို ပြန်လွမ်းမယ်။” အဲ့ဒီစာလေးကို ဖတ်ပြီး မသိမသာ ပြုံးမိတယ်။ ပြီးတော့ ဘူးလေးကို ပိတ်လိုက်တယ်။ အဲ့ဒီနေ့ကတော့ ကိုယ့်အတွက် ရိုးရိုးသာမန် မနက်ခင်းတစ်ခုပါပဲ။ ဒါပေမယ့်… တစ်နေ့ကျရင် ဒီမနက်ခင်းလေးကိုပါ ပြန်လွမ်းမိကောင်း လွမ်းမိနေမယ်ထင်ပါတယ်။ #hlaingeducation  #memoriesbringback  #အမှတ်တရများစွာ  #fyp  #viewerseverywhere

About