@zayartbz7news: ဗန်းမော်မြို့မှ ပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စုကို KIA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက် တိုက်ခိုက်နေ ရန်ကုန် ၊ စက်တင်ဘာ ၁၃ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက်မှ စုန်ဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ရာ သင်္ဘောတချို့ ထပ်မံ မီးလောင်နစ်မြုပ်ပျက်စီးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့မှ ဆင်းလာသော စစ်သင်္ဘော အုပ်စုကို စာဝတီးကျေးရွာနှင့် မြလယ်ကျေးရွာကြား၌ KIA ပူးပေါင်း တပ်များက ထပ်မံ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် တက်လာသော သင်္ဘော ၃ စီး တိုက်ခိုက်ခံရမှုအတွင်း ၃ စီးလုံး မီးလောင် ပျက်စီးခဲ့ပြီး ၁ စီးရေထဲနစ်မြုပ်ခဲ့ကြောင်း၊ ဒုတိယအကြိမ် တက်လာသော သင်္ဘော ၃ စီးကို ထပ်မံ တိုက်ခိုက်ရာ ၃ စီးလုံး ရေထဲနစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။ "ဒီမနက်က ဗန်းမော်ကနေ ဆင်းလာတဲ့ သင်္ဘောတွေ စာဝတီးရွာနဲ့ မြလယ်ရွာကြားမှာ KIA တပ်ပေါင်းစုတွေက စောင့်ကြိုပြီးတော့ တိုက်ခိုက်တာ ပထမအကြိမ်က ၃ စီး မီးလောင်သွားတယ်။ ဒုတိယအကြိမ်က ၃ စီးကတော့ ပျက်စီးပြီး ရေထဲ မြုပ်သွားတယ်။ အခု တိုက်ခိုက်တာက ရေထဲမြုပ်သွားတာ ၄ စီးရှိသွားပြီ မီးလောင်နေတာ ၂ စီးရှိတယ်။ အဲ့ ၂ စီးက အခုထိ ရေထဲမှာပဲ မီးလောင်နေတယ်။ ဒီမနက် ကျနော်တို့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာ အားလုံးပေါင်း ၆ စီးရှိပြီ" ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ထိုသို့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကောင်းတုံကျေးရွာနှင့် စာဝတီးကျေးရွာတို့ မီးလောင်ပျက်စီးခဲ့ပြီး စာဝတီးကျေးရွာမှာ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရှိရသည်။ "စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲလို့ ကောင်းတုံရွာနဲ့ စာဝတီးရွာက မီးလောင်ပျက်စီးသွားတယ်။ စာဝတီးရွာက တစ်ရွာလုံးနီးပါးကို မီးလောင်ပြာကျသွားတာ Y-12 တွေနဲ့ ဗုံးကျဲနေတာ" ဟု KIA စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။ အခြားတစ်ဖက်တွင်လည်း စစ်တပ်က ရွှေကူမြို့နယ်နှင့် ဗန်းမော်မြို့နယ်အကြား စစ်ကြောင်းထိုးနေသော်လည်း KIA ပူးပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှုများကြောင့် အကျအဆုံးများစွာဖြင့် စစ်ကြောင်းများ ရွှေကူမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာလျက်ရှိကြောင်း သိရှိရသည်။ လတ်တလော ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလလယ်ပိုင်းအထိ KIA ဦးဆောင်သော ပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးစစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများအပါအဝင် သင်္ဘောစုစုပေါင်း ၁၆ စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးကိုလည်း စစ်သုံ့ပန်း ဖမ်းဆီးရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။@ZayarTBZ 11 News @ZayarTBZ 7.1News🍉 #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ဒေသသတင်းရင်းမြစ် #zayartbz #ပြည်တွင်းသတင်း #မြန်မာသတင်း

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Monday 14 September 2026 02:17:34 GMT
52197
2769
17
48

Music

Download

Comments

kalaykim7
kalaykim7 :
👌👌
2026-09-14 06:54:52
2
mgpo.aung
Mgpo Aung :
2026-09-14 13:55:17
0
kalaykim7
kalaykim7 :
Th
2026-09-14 06:55:52
0
kalaykim7
kalaykim7 :
👍
2026-09-14 06:54:42
1
khoonbaelto.baelt
Khoonbaelto Baelto :
2026-09-14 03:30:56
1
nini97315
Ni Ni :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰💪
2026-09-14 04:08:54
1
ayekhaing6338
Aye Khaing :
👍👍👍👍👍
2026-09-14 04:39:25
1
mhwsharlay
MHW Shar Lay :
❤️❤️❤️
2026-09-14 08:31:11
1
user9029978668205
ခန့်နိုင် ငြိမ်း :
😁😁😁
2026-09-14 02:27:11
0
toe.maung235
toe maung :
👍👍👍
2026-09-14 03:34:54
1
ma.nge.lay510
Ma Nge Lay :
🤣🤣🤣
2026-09-14 03:02:21
0
klpklp68
Aye Nom :
🥺😭😭😭👍
2026-09-14 09:57:35
0
ko.aung0458
Ko Aung :
😱😱
2026-09-14 02:29:02
0
user9029978668205
ခန့်နိုင် ငြိမ်း :
🥰🥰🥰
2026-09-14 02:27:35
0
hpan.du62
๓ן ђթคภ ๔ย :
🥰👍👍👍
2026-09-14 12:34:42
1
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About