@zayartbz7news: မင်းအောင်လှိုင်က တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေးအတွက် နိုင်ငံခြားဆက်ဆံရေးကို တိုးမြှင့်နေသော်လည်း အာဆီယံအတွင်း မြန်မာ့အရေး သဘောထားကွဲလွဲနေဆဲ ရန်ကုန်၊ စက်တင်ဘာ ၁၃ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ် ဧပြီလတွင် သမ္မတရာထူးကို လုယူပြီးနောက် နိုင်ငံတကာအထီးကျန်မှု လျှော့ချရေးနှင့် နိုင်ငံခြားအစိုးရများ၏ ဆက်ဆံရေး ပုံမှန်ပြန်လည်ရရှိရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံခြားဆက်ဆံရေးကို တိုးမြှင့်လာသော်လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေကြောင်း Deutsche Welle (DW) က ဖော်ပြထားသည်။ မင်းအောင်လှိုင်က သမ္မတလုပ်ပြီးနောက် ၅ လအတွင်း အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနှင့် ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။ Lowy Institute ၏ အရှေ့တောင်အာရှအစီအစဉ် အကြီးအကဲ Hunter Marston က ဒီဇင်ဘာနှင့် ဇန်နဝါရီတွင် ပြုလုပ်ခဲ့သည့် စစ်တပ်ထိန်းချုပ်ရွေးကောက်ပွဲများနှင့် မင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူလာပြီးနောက် နေပြည်တော်အနေဖြင့် ဒေသတွင်းမိတ်ဖက်များနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်ရန် ပိုမိုအာရုံစိုက်လာကြောင်း ပြောဆိုထားသည်။ Marston ၏အဆိုအရ မြန်မာစစ်အစိုးရသည် မိတ်ဖက်နိုင်ငံများကို ပိုမိုဖြန့်ကျက်ဆက်ဆံပြီး နှစ်နိုင်ငံဆက်ဆံရေးများ ပုံမှန်ပြန်ဖြစ်လာစေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်းသည် နိုင်ငံတကာအထီးကျန်မှုကို လျှော့ချရန်နှင့် အစိုးရအဖြစ် နိုင်ငံတကာလက်ခံမှု ရရှိရေး ကြိုးပမ်းမှုနှင့်လည်း ဆက်စပ်နေသည်။ သို့သော် အာဆီယံအတွင်းတွင်မူ မြန်မာ့အရေးအပေါ် သဘောထားကွဲလွဲမှုများ ဆက်ရှိနေသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဆီယံသည် မင်းအောင်လှိုင်နှင့် မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးများကို အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက်ခွင့် မပြုထားဘဲ ၂၀၂၁ ခုနှစ် ဧပြီလတွင် သဘောတူခဲ့သည့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ် အဓိပ္ပာယ်ရှိသည့် တိုးတက်မှု ရရှိရန် တောင်းဆိုထားသည်။ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်တို့က မြန်မာနိုင်ငံဘက်မှ အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်အပေါ် သိသာထင်ရှားသည့် တိုးတက်မှု မပြသမချင်း မင်းအောင်လှိုင်နှင့် စစ်ကောင်စီဝန်ကြီးများကို အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများသို့ ပြန်လည်တက်ရောက်ခွင့်ပေးရန် မလိုလားကြောင်း DW က ဖော်ပြထားသည်။ တစ်ဖက်တွင် မြန်မာစစ်အစိုးရက အာဆီယံအထူးကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုမှုများကို ပယ်ချခဲ့ပြီး ပြီးခဲ့သည့်လတွင် မြန်မာလွှတ်တော်က အာဆီယံဘုံသဘောတူညီချက်ကို ပယ်ချသည့် အဆိုတစ်ရပ်ကို အတည်ပြုခဲ့သည်။ ထို့နောက် မြန်မာစစ်တပ် လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့အရေးအတွက် အာဆီယံအထူးကိုယ်စားလှယ် မလိုအပ်တော့ကြောင်း ပြောဆိုခဲ့သည်။ ထိုအခြေအနေကြောင့် မင်းအောင်လှိုင်နှင့်အဖွဲ့က အာဆီယံ၏ အဆင့်မြင့်ခေါင်းဆောင်များအစည်း အဝေးများသို့ မကြာမီကာလအတွင်း ပြန်လည်တက်ရောက်နိုင်ဖွယ် မရှိသေးကြောင်း ထိုင်းနိုင်ငံ Thammasat University မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Pinitbhand Paribatra က သုံးသပ်ထားသည်။ သို့သော် Hunter Marston နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Scot Marciel တို့က ထိုင်းနိုင်ငံက ၂၀၂၈ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်း ပိုမိုပြန်လည်ပေါင်းစည်းရန် အခွင့်အလမ်း ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။ Lowy Institute ၏ လေ့လာချက်များတွင်လည်း ထိုင်းနိုင်ငံသည် ၂၀၂၈ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်မယူမီ မြန်မာနှင့် အာဆီယံအကြား ပေါင်းကူးတံတားအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၄၀၀ ကျော် နယ်စပ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံသည် မြန်မာနှင့် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများ ရှိသဖြင့် မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရန် ကြိုးပမ်းနေပြီး အခြားအာဆီယံနိုင်ငံများကိုလည်း ထိုသို့ ဆောင်ရွက်ရန် တိုက်တွန်းနေကြောင်း DW က ဖော်ပြထားသည်။ အာဆီယံအပြင် တရုတ်၊ ရုရှား၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာရှအလယ်ပိုင်းရှိ ရုရှားနှင့် နီးကပ်သည့် နိုင်ငံများထံသို့လည်း မြန်မာစစ်အစိုးရက ဆက်ဆံရေး တိုးမြှင့်နိုင်ဖွယ်ရှိကြောင်း သုံးသပ်သူများက ဆိုသည်။ ဒီမိုကရေစီနိုင်ငံများအနက် ဂျပန်နိုင်ငံသည် မြန်မာနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် အဆင်သင့်ရှိနိုင်ကြောင်း Pinitbhand က ပြောဆိုထားပြီး Marciel ကလည်း ဂျပန်နှင့် တောင်ကိုရီးယားတို့သည် မြန်မာစစ်တပ်နှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေရန် စတင်လုပ်ဆောင်နိုင်ကြောင်း သုံးသပ်ထားသည်။ သို့သော် အနောက်နိုင်ငံများအနေဖြင့် မင်းအောင်လှိုင်နှင့် မြန်မာစစ်အစိုးရကို နိုင်ငံတကာအသိုက် အဝန်းအတွင်း ပြန်လည်လက်ခံရန် သို့မဟုတ် လက်ရှိချမှတ်ထားသည့် အရေးယူပိတ်ဆို့မ

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Monday 14 September 2026 02:23:21 GMT
47509
2627
4
16

Music

Download

Comments

macho3125
Su kan ra :
👍👍👍👍👍👍
2026-09-15 06:00:21
0
u.than.aye115
U Than Aye :
🥰🥰🥰
2026-09-14 04:10:18
0
ko.aung0458
Ko Aung :
😳😳😳
2026-09-14 03:34:55
0
daw.ngwe.chi
Daw Ngwe Chi :
😂😂😂
2026-09-14 05:31:56
0
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About