@usan.lwin2: ⚜️" အဓိက ငါပဲ "⚜️ """""""""""""""""""""""""""""""" ⚜️ ဘဝမှာတစ်ယောက်ထဲ ရုန်းကန်နေရလို့ စိတ်ဓာတ်မကျနဲ့။ တစ်ယောက်ထဲဆိုလည်း တစ်ယောက်ထဲဖြစ်အောင်လုပ် ၊ အားမငယ်နဲ့ လူတိုင်းမှာ ပြီးပြည့်စုံတဲ့ မွေးရာပါ ပါရမီဆိုတာ ဘယ်သူမှ ပါမလာကြဘူး ။ ⚜️ ဘဝဆ်ိုတာ ကိုယ့်တိုင်ဖန်ဆင်းရှင်ပဲ ဘဝဆိုတာ လှေငယ်တစ်စင်းနဲ့ တူတယ် ။ ကိုယ်ဦးတည်ရာကိုရောက်ဖို့ ကိုယ်တိုင်ပဲ့ကိုင်နိုင်ရမယ် ။ ⚜️ ဘယ်သူမှအားမကိုးနဲ့ ။ ဘယ်သူမှ မယုံကြည်နဲ့ ။ ⚜️ ငွေမရှိရင် လောကကြီးမှာနေရတာ မျက်နှာငယ်တယ် ။ အချစ်ဆိုတာလည်းငွေရှိမှ အချစ်ရှိတာ ။ အမျိုးဆိုတာ ရွှေရှိမှ အမျိုးတော်ကြတာ ။ ⚜️ ဒါက လောကလူ့သဘာဝရဲ့ နိယာမပဲ ကိုယ့်သမိုင်းကိုယ်ရေးပါ ။ ကိုယ်လျှောက်မဲ့လမ်း ကိုယ်တိုင်းဖောက်ပါ ။ ⚜️ လူတိုင်းဟာ ကိုယ်အဆင်ပြေရင် ကြိုဆိုမယ့်သူရှိပေမယ့် ကိုယ်အဆင်မပြေရင် ဘယ်သူမှ အရေးမလုပ်ဘူး ။ ⚜️ ယုံကြည်ရသူဆိုတာ မိဘကလွဲရင် အခြားဘယ်သူမှ မရှိဘူး။ ⚜️ နောက်ကျောကို ဓါးနဲ့ထိုးဖို့ ချောင်းနေကြသူချည်းပဲ။ ⚜️ ဘဝဆိုတာ လက်တွေ့ခံဖူးမှ ကိုယ်ချင်းစာတက်တာ ... လက်တွေ့မခံစားဖူးသူက ကိုယ်ချင်းမစာနာတက်ဖူး ။ ⚜️ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ကြတယ် ။ ကိုယ့်လက်မီးလောင်မှ ပူမှန်းသိကြတယ် ။ ⚜️ အပြောကောင်းတဲ့ လူတွေကို သတိထား ။ အပြုံးချိုချိုလေးနဲ့ လုပ်စားသူတွေကို သတိထား ။ မယုံနဲ့ ဘယ်အရာမှအလကားမရဘူး ။ ⚜️ ကိုယ်လုပ်မှ ကိုယ်ရမှာ ... (ဘိုးဘိုးအောင်"မ"တယ် ကိုကြီးကျော်"မ"တယ်)ဆိုတယ့် ယုံတမ်းစကားတွေ ။ ⚜️ တကယ်တမ်း"မ"ရမှာ ကိုယ့်ကိုယ်တိုင်ပဲ ။ ကိုယ့်ဘဝမြင့်အောင် ဘယ်ဖန်ဆင်းရှင်မှ လုပ်မပေးနိုင်ဘူး ။ ကိုယ်သာလျှင် ကိုယ့်ရဲ့ဖန်ဆင်းရှင် အစစ်ဖြစ်တယ် ။ ⚜️ ဘဝဆိုတာ နိမ့်လိုက်မြင့်လိုက်ပဲ ဗုံတုံတစ်လှည့် ငါးဖျံတစ်လှည့်ပဲ ။ အမြဲတမ်း နိမ့်ကြမနေဘူး အပြောင်းအလဲဆိုတာ အမြဲရှိတယ် ။ ⚜️ အပြောင်းအလဲဆိုတာ သိပ့်ကြောက်စရာကောင်းတယ် ။ ဒါပေမယ့် အဲဒါသင်ခန်းစာတွေပဲ ယူတက်ရင် ရမယ် ။ ⚜️ ကိုယ့်ကို နာကျင်အောင်လုပ်သူတွေက တစ်ခြားသူတွေမဟုတ်ဘူး လက်ညှိုးမထိုးနဲ့ နာကျင်အောင်လုပ်သွားသူတွေက ကိုယ်ချစ်ရဆုံးသူတွေပဲ ယုံစားမိရင် ပုံစားသွားမှာပဲ ။ ⚜️ ဘာပဲဖြစ်ဖြစ် လောကဇာတ်ခုံပေါ်မှာ ဇာတၦရာအလိုက် ကရတဲ့အခါ မင်းသားနေရာက သရုပ်ဆောင်ရတာရှိသလို ... တခါတလေ လူကြမ်းနေရာကနေ သရုပ်ဆောင်ရတာလဲရှိတာပဲ ။ ⚜️ ဝမ်းနည်းမနေနဲ့ ။ စိတ်ဓာတ်ကျမနေနဲ့ ။ အခွင့်အရေးဆိုတာ နှစ်ခါမလာတက်ဘူး ။ ငေးမှိုင် တွေးပူ နောင်တ ရမနေနဲ့ ။ ⚜️ တောင့်ခံထား အားတင်ထား ကံဆိုးခြင်းတွေပြီးရင် ကံကောင်းခြင်းတွေ ရောက်လာလိမ့်မယ် ။ မုန်းတိုင်းပြီးရင် လေပြေလာသလိုပေါ့ ။ ⚜️ အဓိက စိတ်ဓာတ်ခိုင်မာဖို့ ၊ စိတ်ဓာတ်တက်ဖို့ ၊ ဘဝကိုအရှုံးမပေးဖို့ ၊ အောင်မြင်တာရှိသလို ရှုံးနိမ့်တာလည်းရှိမှာပဲ ။ ⚜️ အောင်နိုင်သည်ဖြစ်စေ .... ရှုံးနိမ့်သည်ဖြစ်စေ .... အဓိကခံနိုင်ရည်ရှိဖို့နဲ့ စိတ်ဓာတ်တွေ ကျိုးပျက်ယိမ်းယိုင်မသွားဖို့ပဲ အရေးကြီးတယ် ။ 🔰 အစဥ်လေးစား ချစ်ခင်နေလျှက် ................. ✍️ Credit/- Original wtiter ........................ ✍️ မေတ္တာဖြင့်ပြန်လည်မျှဝေသည်။
Usan Lwin
Region: MM
Monday 14 September 2026 03:05:19 GMT
Music
Download
Comments
Yatanar. Htay :
😌🥰🫵🫵🫵👍👍👍👍👍👏👏👏💯
2026-09-14 04:13:06
1
စောမေတ္တာ :
မျှဝေခွင့်ပြုပါ
ထပ်ဆင့် အားဆေးတိုက်ချင်းပါ
2026-09-14 22:29:16
1
Daw Ohnmar :
ပြန်လည်မျှဝေခွင့်ပြုပါရှင့်
2026-09-14 03:17:29
1
This San :
ကျေးဇူးပါဆရာ🥰🥰🥰🥰🥰🥰🥰
2026-09-15 06:19:26
1
Khinpoe :
စိတ်ညစ်တာတွေပျောက်ပီးစိတ်ခွန်အားဖြစ်လိုကျေးဇူးအထူးပါရှင့်ဆရာ👍👍👍
2026-09-15 03:50:48
1
မိုးမခကြယ်(M.W.N) :
ကျေးဇူးတင်ပါတယ်ဘဘရှင်...
2026-09-14 03:22:12
1
ဒေါ်ဌေး :
စိတ်ဓါတ်ကျနေတဲ့အချိန်ဒီစာကိုတွေ့ပြီးအားတွေရှိလာပါတယ်ကျေးဇူပါ
2026-09-14 09:22:55
1
user2156156157343 :
ကျေးဇူးတင်လိုက်တာရှင်ခွန်အားတွေရပါတယ်ရှင်ကိုယ်ကအမြဲတမ်းပေးကမ်းတဲ့လက်တစ်စုံလုပ်ခဲ့တာပြန်ပြိးတောင်းဘို့ဆိုတာပူလောင်တယ်ရှင်ဒိတင်တဲ့စာလေးကိုဖတ်ပြိးမျက်ရည်ကျမိတယ်ရှင်
2026-09-14 04:13:29
1
Daw myint myint :
@အနီးဆုံးလူကိုအကြောက်ရဆုံးပါ
2026-09-14 13:42:13
1
min myat :
္good
2026-09-14 11:52:54
1
EVERY ONE :
ဘဝမှာအဖေဆုံးရှုံးကမစဉ်းစား
တတ်တဲ့အရွယ်ပေမဲ့လက်ထဲမှာမုန့်ဘိုးမရှိတဲ့ဘဝနေတတ်ခဲ့ပြီး🌹
သူများကမကောင်းစေချင်ပေမဲ့ရွေး
ချယ်ခဲ့တာကအဖေ့ကိုယ်စားပါ
မှားပေမဲ့ဘဝတန်ဘိုးအတွက်ခက်ခဲပင်ပန်းစွာလျှောက်လာသူပါရှင်🌹အမေအဖေကနှလုံးသားဥနှောက်ခန်ဓာကိုယ်ပြည့်စုံစွားပေးခဲပါတယ်🌹သူတစ်ပါးကိုဒုက်ခမပေးဘူး
ကိယ့်လမ်းကိုယ်လျှောက်သူပါသူများနှာခေါင်းနဲ့အသက်မရှုပါဘူး🌹လှော်တက်ကိုလည်းကောင်းကောင်းကိုင်ဖြေရှင်းခဲ့ပါတယ်😃😃ခုအေးချမ်းနေပါတယ်🌹ကုငိုလ်အထုပ်လေးနဲ့ပေါ့🌹ကိုယ်တစ်နိုင်ပေမဲ့ပါချုပ်ဆရာတော်ပြောသလိုအလှူခံရှိမှအလှူမြောက်သလိုအလှူကများလာတော့မိုးရေသက်လိုပုံးထဲလျှံနေပါပြီရှင်😃
ခုထိအလှူရေစက်လက်နဲ့မကွာပါဘူး😃😃😃ဘဝကဒါပါဘဲမကြီးကျယ်မခန်းနားပေမဲ့ကျေနပ်ပါတယ်ရှင်👍👍👍
2026-09-14 03:49:53
1
အေးအေးသိန်း :
ကျေးဇူးပါရှင်❤️❤️❤️
2026-09-14 04:29:48
1
Ko Nyi :
ကျေးဇူး🥰🥰🥰
2026-09-14 03:19:49
1
Daw Than Than Aye :
🥰
2026-09-14 09:55:31
1
whiteseaedifice :
အရမ်းကိုကျေးဇူးတင်ပါတယ်။
2026-09-15 04:25:50
0
U Htun Htun Latt :
2026-09-14 06:06:41
1
U Hein Sat :
စိတ်ဓါတ်ကောင်းမွေးမြူကြပါ
2026-09-15 02:20:53
1
U Lay Gyi :
ခွန်အားဖြစ်းစေမဲ့စာတွေတင်ပေးလို့အရမ်းကျေးဇူးတင်တယ်အကိုကြီးရေ
2026-09-15 11:48:02
1
မဝင်းမြသန်း :
🥰ကေျးဇူးပါ Copy ယူမယ်နော်
2026-09-15 09:55:02
1
ရာဇဖွား :
အမန်🥰🥰🥰👍🙏
2026-09-15 04:54:39
1
Daw Khin Myint :
ဆရာရဲ့စာသားလေးကတကယ့်ကိုခွန်အားရပါတယ်ကျေးဇူးတင်ပါတယ်ရှင်
2026-09-15 04:25:32
1
çNyonyo win :
မင်္ဂလာပါရှင်
2026-09-14 07:29:37
1
To see more videos from user @usan.lwin2, please go to the Tikwm
homepage.