@graceandgaze.foryou: ❌ဒါတွေ မလုပ်ပါနဲ့ ❌ ✨ညဘက် အိပ်ခါနီး ဖုန်း/ကွန်ပျူတာ မသုံးပါနဲ့ အိပ်ခါနီး ဖုန်းသုံးရင် မျက်လုံးညောင်းညာစေပြီး အိပ်စက်မှု စက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ✨အိပ်ချိန်က်ု တစ်ရက် ၆ နာရီအောက် မနည်းပါစေနဲ့ ။ အိပ်ချိန်နည်းရင် သွေးလှည့်ပတ်မှုကို လျော့နည်းစေပြီး မျက်လုံးအောက် အရေပြားကို ဖျော့တော့စေတာမို့ သွေးကြောများကို ပိုမိုထင်ရှားစေပါတယ်။ ✨မျက်လုံးကို ခဏခဏ မပွတ်ပါနဲ့။ မျက်လုံးအောက်မှာ ရှိတဲ့ သွေးကြောမျှင်လေးများကို ပေါက်ထွက်စေပြီး မျက်ကွင်းပိုညိုစေပါတယ်။ ✨ညဘက် ငန်တဲ့ အစားအစာမစားပါနဲ့။ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်စုစည်းမှု ဖြစ်ပေါ်စေပြီး မနက် အိပ်ရာနိုးချိန်မှာ မျက်အိတ်ဖောင်းနေစေပါတယ်။ ✔️ ဒီအချက်တွေကို လုပ်ပါ ✔️ ✨တစ်ရက် ၇-၈ နာရီ ပြည့်ဝစွာ အိပ်ပါ ။ အရေပြား ဆဲလ်များ ပြန်လည်ပြုပြင်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ် ။ ✨အဝတ် (သို့မဟုတ်) ဇွန်းကို အအေးခံပြီး မျက်လုံးကို ၅ မိနစ်လောက် ကပ်ပေးပါ သွေးကြောတွေကို ကျုံ့စေပြီး အာရုံစိုက်မှုကို လန်းဆန်းစေကာ မျက်အိတ်ဖောင်းနေတာကို သက်သာစေပါတယ်။ ✨တစ်ရက် ရေ ၂-၃ လီတာ သောက်ပါ: အရေပြားကို ရေဓာတ်ပြည့်ဝပြီး တင်းရင်းစေပါတယ်။ ✨အိပ်ခါနီး ဖုန်းသုံးတာ လျှော့ပါ: မျက်လုံးညောင်းညာမှုကို လျှော့ချပေးပါတယ်။ ✨Eyecream လိမ်းရင် လက်သန်း/လက်သကြွယ်ဖြင့် သာသာယာယာ ပုတ်လိမ်းပေးပါ။ #eye #darkcirclesundereyes #beauty #health #grace&gaze
Grace & Gaze
Region: MM
Monday 14 September 2026 10:10:31 GMT
Music
Download
Comments
🥰🥰🥰 :
🥰🥰🥰
2026-09-16 11:59:06
1
To see more videos from user @graceandgaze.foryou, please go to the Tikwm
homepage.