@ko.moe.thu977: ထားခဲ့တော့မလို့လား…? မထားခဲ့နဲ့လို့တော့ ကိုယ် မတားတော့ဘူးနော်... ဒါပေမယ့် မင်းမသွားခင် ဒီစာလေးကိုတော့ ဖတ်သွားပေးပါ။ ခဏလေးဖြစ်ဖြစ် မျက်လုံးမှိတ်ပြီး ပြန်တွေးကြည့်ပါ။ ကိုယ်နဲ့အတူရှိခဲ့တဲ့အချိန်တွေထဲမှာ တစ်ခါလောက်ဖြစ်ဖြစ် မင်းပျော်ခဲ့ဖူးလား…။ ကိုယ်က ပြည့်စုံတဲ့လူတော့ မဟုတ်ဘူး။ မင်းလိုချင်သမျှ အားလုံးကိုလည်း ဖြည့်ဆည်းမပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် ကိုယ်တတ်နိုင်သလောက်တော့ မင်းအတွက်ပဲ ဦးစားပေးခဲ့တယ်။ ကိုယ်ကိုယ်တိုင် ပင်ပန်းနေတဲ့နေ့တွေမှာတောင် မင်းပင်ပန်းနေလားဆိုတာ အရင်တွေးခဲ့တယ်။ ကိုယ်စိတ်ညစ်နေတဲ့အချိန်မှာတောင် မင်းရှေ့ရောက်ရင် အဆင်ပြေပါတယ်လို့ပဲ ပြောခဲ့တယ်။ ကိုယ်လုပ်စရာတွေ ဘယ်လောက်များများ မင်းဆီက စာလေးတစ်စောင်ရောက်လာရင် လုပ်လက်စအရာတွေကို ခဏမေ့ထားပြီး မင်းနဲ့စကားပြောဖို့ပဲ စိတ်က ရောက်သွားတယ်။ ကိုယ်အနားယူချင်တဲ့အချိန်တွေမှာတောင် မင်းနဲ့ပြောနေတဲ့စကားတွေကို အလွယ်တကူ မဖြတ်ချင်ခဲ့ဘူး။ *မင်းနဲ့ စကားပြောဖို့ဆို ကိုယ်အားတဲ့အချိန်ကိုပဲ စောင့်မနေခဲ့ဘူး။ မအားတဲ့ကြားထဲကနေတောင် မင်းအတွက် အချိန်လေးတစ်ခု ရအောင်ရှာပေးချင်ခဲ့တာ။* အဲ့ဒါတွေက ကိုယ်က မင်းကို အရမ်းချစ်လို့ပဲ။ မင်းအတွက် လုပ်ပေးခဲ့တာတွေကို ပြန်ရဖို့ မမျှော်ခဲ့ဘူး။ ကိုယ်ပေးနိုင်တာလေးတွေကို မင်းပျော်နေရင်ပဲ လုံလောက်တယ်လို့ ထင်ခဲ့တာ။ တစ်ခါတလေ “အဆင်ပြေပါတယ်” လို့ ပြောခဲ့တဲ့ ကိုယ်က တကယ်တော့ အဆင်မပြေခဲ့ဘူး။ မင်းမသိအောင် ကိုယ့်ရင်ထဲမှာပဲ သိမ်းထားခဲ့တာတွေ အများကြီးရှိတယ်။ မပြောဖြစ်ခဲ့တဲ့ စကားတွေရှိတယ်။ မျိုချခဲ့ရတဲ့ ဝမ်းနည်းမှုတွေရှိတယ်။ မင်းမသိအောင် တိတ်တိတ်လေး ငိုခဲ့ရတဲ့ညတွေလည်း ရှိတယ်။ ဒါပေမယ့် အဲ့ဒါတွေကို မင်းအပေါ် အကြွေးတင်သလို မပြောချင်ခဲ့ဘူး။ **ကိုယ်ချစ်တာကို မင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ခဲ့လို့ပါ။** အခုတော့ ဘယ်လောက်ပဲ တားတား မင်းတကယ်သွားချင်နေပြီဆိုရင် ကိုယ် ဘယ်လိုလုပ်ပြီး ဆွဲထားရမလဲ။ မင်းအနားမှာနေရင်း မပျော်တော့ဘူးဆိုရင် ကိုယ်က မင်းအတွက် မကောင်းတဲ့လူတစ်ယောက် ဖြစ်ခဲ့တာပဲလို့ သတ်မှတ်လိုက်ပါ။ ကိုယ်မချစ်တတ်ခဲ့ဘူးလို့ပဲ ထားလိုက်ပါ။ ဒါပေမယ့် တစ်ခုတော့ သိထားပေးပါ။ **ကိုယ် မချစ်တတ်ခဲ့တာ မဟုတ်ဘူး။ ကိုယ်က မင်းကို ချစ်တတ်ခဲ့တာ အရမ်းကို ရိုးသားခဲ့တာပါ။** တစ်နေ့နေ့မှာ ကိုယ်လုပ်ပေးခဲ့တာတွေထဲက တစ်ခုခုကြောင့် မင်းပြုံးခဲ့ဖူးတယ်ဆိုရင် အဲ့ဒါနဲ့တင် ကိုယ်ကျေနပ်ပါပြီ။ ကိုယ်ခံခဲ့ရတဲ့ နာကျင်မှုတွေ၊ မျိုသိပ်ခဲ့ရတဲ့စကားတွေ၊ တိတ်တိတ်လေး ကျခဲ့တဲ့မျက်ရည်တွေကလည်း အလဟဿ မဖြစ်တော့ဘူးပေါ့။ ဘာလို့လဲဆိုတော့ အဲ့ဒီအရာအားလုံးရဲ့ အဓိပ္ပါယ်က **မင်းကို တကယ်ချစ်ခဲ့ဖူးတယ်ဆိုတာပဲ။** တစ်သက်လုံး မင်းဘေးမှာရှိပြီး မင်းကို ပျော်အောင်ထားချင်ခဲ့တာပါ။ ဒါပေမယ့် မင်းရဲ့ပျော်ရွှင်မှုက ကိုယ်မဟုတ်တော့ဘူးဆိုရင်… **သွားလို့ရပါတယ်။ ဒီတစ်ခါတော့ ကိုယ် မတားတော့ဘူး။** ကိုယ်ချစ်ခဲ့တာက မမှားခဲ့ဘူး။ မင်းထွက်သွားတာလည်း မမှားပါဘူး။ **တချို့လူတွေက တစ်သက်လုံးအတူနေရဖို့ မဟုတ်ဘဲ တစ်ယောက်ရဲ့ဘဝထဲမှာ အရမ်းချစ်ခဲ့ဖူးတဲ့လူတစ်ယောက်အဖြစ် ကျန်ခဲ့ဖို့ပဲ ရောက်လာကြတာမို့ပါ…။** 🖤 #MoeThu☘️ #ရင်နှင့်ရင်း၍ရေးသည် #စာတို #foryou #fyp

MoeThu☘️
MoeThu☘️
Open In TikTok:
Region: MM
Monday 14 September 2026 11:06:20 GMT
169521
11984
156
2532

Music

Download

Comments

htz198
Htun :
စာသားကကျွန်တော်နဲ့တိုက်ဆိုင်လို့ပြန်တငမခွင့်ပြုပါနော်
2026-10-14 15:56:02
1
nainglin4414
nainglin4414 :
စာသားလိုချင်လို့ပါခဗျ
2026-10-13 13:34:00
1
myatnoe5044
♈ခင်ကြီးကျယ်😎🤭 :
စာသားလေးလိုချင်လို့ပေးပါလားရှင်😔
2026-10-17 06:48:48
1
su.pyae.win49
🍀Su🫀 :
စာသားလေးပေးပါလား🥺
2026-10-17 05:29:10
1
yan666777888
YAN666777888 :
စာသားလေပေးပါ
2026-10-18 12:31:00
1
heinsat96
JERRYɞ :
ပြန်တင်လို့ရလားဗျ
2026-10-15 04:17:46
1
waiyanhtunwaiyanh8
Wai Yan Htun "O Gyi" :
စာသားလေးပေးပါ့လား တိုက်ဆိုင်လို့
2026-10-19 15:51:03
1
thetpaingoo150000
❖🎸:𝑴𝒈 𝑷𝒂𝒊𝒏𝒈🍊ヅ :
စာသားလေးလှလိုက်တာ ပြန်ယူတင်ပါရစေဗျ🥰🥰🥰
2026-10-14 03:38:56
3
heart09137
Heart :
သီချင်းနာမည်ပြောပြပါလား
2026-10-16 15:08:30
1
nainglayl3
Ñãïñĝ Lãÿ (သန္လ်င္သား) :
ကြိုက်လွန်းလို့ ပြန်တင်ခွင့်ပြုပါခဗျ😳
2026-10-14 15:53:56
1
htetmyet4444
Ko htet :
ပြန်တင်ခွင့်ပြုပါ
2026-10-14 19:52:00
1
m.m.a9481
🥀မလွမ်းပို🥀လွမ်းလို့ငို😥 :
စာသားလေးလို့ချင်တယ်ရှင်😔
2026-10-16 17:32:47
1
mya.phoo.thit.wai0
Mya Phoo Thit Wai :
ဟုတ်ပါရဲ့ တစ်ချို့က တစ်သက်လုံးအတွက်မဟုတ်ပဲ တစ်ယောက်ရဲ့ဘဝထဲ စိတ်ဖြေပြေရာအဖြစ် ခဏတာဝင်ရောက်အလည်လာယုံသက်သက်မျှသာ --- 😏
2026-10-18 13:26:06
2
smm2150
ꂵOꋊ 🪐 :
ယူသုံးပါမယ်နော့
2026-10-16 05:39:34
1
nppw12
Le Mon🍀 :
ထားချင်တဲ့သူက ထားကိူထားခဲ့မှာ ဘယ်လောက်ဘဲကောင်းကောင်း သူစိတ်ထဲမှာ ကိုတွေကောင်းတာကိုမမြင်တော့ဘူး တဖက်လူကိုဘဲ အကောင်းမြင်ပြီးကိူတွေကောင်းသာလုပ်ပေးရင်တောင်အပစ်ဘဲမြင်တော့မှာ 😪
2026-09-14 15:03:32
6
poon.pan12
Poon Pan :
စာသားလေး copyချပီးပါ[Teary eyed]
2026-10-10 16:15:01
1
tiktok.comsaw3
🌊Hein🌎 :
ပြန်တင်မယ်နော်🥰
2026-10-14 16:45:46
1
notfound...501
Acount not found :
copyလေးယူခွင့်ပြုပါခင်ဗျာ😔😔
2026-09-15 13:12:07
3
shinehtetaung8399
💞💞 ▄︻┻ KoShine ︻┳═─-💞💞 :
ပြန်တင်ခွင့်ပြုပါ
2026-10-14 14:53:45
1
smile.latt914
smile :
ကျနော့်ခလေးလေးကကျနော်ကိုသိပ်ချစ်တာကြည့်ကြပါအူး😭😭😭😭
2026-10-14 12:33:37
3
nanlwin.lwintun
🇳🇱ไขมุก🇲🇲 :
မင်းမချစ်တော့ရင်လဲထားခဲ့လို့ရပါတယ်💔
2026-10-14 05:35:38
3
moe.moe.wai818
အရမ်းချစ်တယ်💞💞ဖေဖေနဲမေမေ :
စာသားလေးကိုအရမ်းကြိုက်တယ်🥰🥰🥰🥰
2026-10-14 10:20:54
2
notfound...501
Acount not found :
ကျေးဇူးအထူးပါ....၅ရက်ပဲရှိသေးတာမို့💔💔💔😔
2026-09-15 14:18:55
2
naymyotun5793
⚡Do you love ME💔💯 :
ကမ္ဘာပေါ်မှာမိဘကသာအရေးကြီးဆုံး
2026-10-14 02:49:43
2
linlinaung374
Ah Lynn :
စာသားလေးယူချင်ပါတယ်
2026-10-17 04:30:16
1
To see more videos from user @ko.moe.thu977, please go to the Tikwm homepage.

Other Videos


About