@yu.nandar.zaw: ကိုယ့်အတွက်အချစ်ဆိုတာ ထွက်ပြေးတိုင်း ပြန်တိုက်မိပြီး မေ့ပစ်နိုင်တော့မဲ့အချိန်တိုင်း တစ်ဖက်က ပြန်ရောက်လာတာမျိုးဖြစ်လို့ မလွတ်မြောက်နိုင်တာမို့ ကြောက်တယ်။ ဒီတစ်ခါတော့ အပြီးထွက်ပြေးနိုင်ရင် ကောင်းမယ်။ အချစ်ဆိုတာ သက်တောင့်သက်သာရှိမှ အချစ်ဖြစ်နိုင်မှာပေါ့ ။ အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ အချစ်ဟာ ကြောက်စရာကောင်းတယ်၊ ချစ်ရတဲ့လူဟာလည်း ကြောက်စရာကောင်းတယ် ။ သူဟာ ကိုယ်တစ်နေရာရာမှာပုန်းနေရင်လည်း ရောက်လာတတ်ပြီး ထပ်ပြီး တည်ငြိမ်နေတဲ့ကိုယ်ခံစားချက်တွေကို လှုပ်နှိုးပြီး အချိန်တန်တော့လည်း ဒီမသေချာ မရေရာမှုတွေထဲမှာပဲ ကိုယ့်ကို ပြန်ထားခဲ့ပြီး ထွက်သွားတာပါပဲ။ ဒါကြောင့် လူတွေကချစ်တဲ့လူဆီက ဘာလို့ထွက်ပြေးကြလဲဆို ဒီလူဟာ ကိုယ့်ကိုနာကျင်စေတော့မှာပဲလို့သိနေကြလို့ပါပဲ ။ ဒါကြောင့်လေ ထွက်ပြေးမဲ့အတူတူတော့ လွတ်မြောက်တဲ့အထိ ထွက်ပြေးနိုင်ရမယ်။ ချစ်ပေမဲ့ မတွေ့တော့ဘဲနေချင်တယ် ပြန်မဆုံတော့ဘဲ နေချင်တယ် မပတ်သက်တော့ဘဲ နေချင်တယ် မေ့လိုက်ချင်တယ်ဆိုတဲ့နေ့တွေဟာ တကယ်ရှိတတ်ပါတယ် ။

Yu Nandar Zaw
Yu Nandar Zaw
Open In TikTok:
Region: MM
Monday 14 September 2026 14:54:04 GMT
227
23
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @yu.nandar.zaw, please go to the Tikwm homepage.

Other Videos


About