@chosmaslonjgaf:

chosmaslowngaf
chosmaslowngaf
Open In TikTok:
Region: US
Monday 14 September 2026 17:15:05 GMT
256
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @chosmaslonjgaf, please go to the Tikwm homepage.

Other Videos

မယ်တော်လက်ရှ်မီး (Goddess Lakshmi) ဟာ ဟိန္ဒူဘာသာမှာ ဓနဥစ္စာ၊ ကံကောင်းခြင်း၊ ကြွယ်ဝချမ်းသာခြင်းနဲ့ အလှအပတို့ကို အစိုးရတဲ့ နတ်ဘုရားမတစ်ပါးဖြစ်ပါတယ်။ ဗိဿနိုးအရှင် (Lord Vishnu) ရဲ့ ကြင်ယာတော်လည်း ဖြစ်ပါတယ်။ ဟိန္ဒူဒဏ္ဍာရီတွေအရ နတ်ဗြဟ္မာတွေနဲ့ အသူရာတွေ နို့သမုဒ္ဒရာကို မွှေနှောက်ကြတဲ့အခါ (Samudra Manthan) မှာ မယ်တော်ဟာ ကြာပန်းကြီးတစ်ပွင့်ပေါ်မှာ ထိုင်လျက် အလွန်လှပတင့်တယ်စွာနဲ့ ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ Samudra ဆိုတာ နို့ရည်တွေနဲ့ ပြည့်နေတဲ့ ပင်လယ် သို့မဟုတ် သမုဒ္ဒရာကို ဆိုလိုတာပါ။Manthan ဆိုတာကတော့ ဒိန်ချဉ်ကို ပွတ်မွှေပြီး ထောပတ်ထုတ်သလိုမျိုး အားစိုက်ပြီး မွှေနှောက်ခြင်း (Churning) လို့ အဓိပ္ပာယ်ရပါတယ်။ ဆိုတော့ သမုဒ္ဒရာကိုမွှေနှောက်ခြင်း (Churning of the Ocean) ပေါ့နော်။ ဒဏ္ဍာရီအရ နတ်မင်းကြီးတွေ (Devas) နဲ့ အသူရာတွေ (Asuras) ဟာ ဘာလို့ သမုဒ္ဒရာကို စုပေါင်းမွှေနှောက်ကြတာလဲဆိုရင် မသေဆေးအမြိုက်စည် (Amrita) ကို ရရှိဖို့အတွက်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ မန္ဒရတောင် ကို မွှေတံအဖြစ် အသုံးပြုပါတယ်။ နာဂရာဇာ ဝါသုကီနဂါးမင်းကိုတော့ မွှေနှောက်ဖို့ ကြိုးအဖြစ် အသုံးပြုပါတယ်။ ဗိဿနိုးအရှင်ကတော့ လိပ်မင်း (Kurma Avatar) အသွင်ဖန်ဆင်းပြီး မွှေတံကြီး နစ်မသွားအောင် ကျောကုန်းနဲ့ ခံပေးထားရပါတယ်။ ဤကဲ့သို့ သမုဒ္ဒရာမွှေတဲ့အခါမှာ အလွန်တန်ဖိုးရှိတဲ့ရတနာ (၁၄) ပါးထွက်ပေါ်လာခဲ့ပါတယ်။  ထင်ရှားတဲ့ ရတနာတွေကတော့ ဧရာဝဏ်ဆင်ဖြူတော် (သိကြားမင်းရဲ့စီးတော်ယာဉ်)၊ ဥစ္စာသျှရိဝနတ်မြင်းပျံ၊ ကပ္ပဗြုက္ခပဒေသာပင် (အလိုရှိရာ ပေးနိုင်တဲ့အပင်)၊ ဟလဟာလအဆိပ် (လောကကြီး ပျက်စီးမသွားအောင် သီဝအရှင်က သောက်ချလိုက်ရတဲ့ ပြင်းထန်တဲ့အဆိပ်) တို့ပဲဖြစ်ပါတယ်။  ထိုအထဲမှာ အထင်ရှားဆုံးကတော့ မယ်တော်လက်ရှ်မီး ပဲဖြစ်ပါတယ်။ မယ်တော်ဟာ ကြာပန်းကြီးပေါ်မှာ ထိုင်လျက် သမုဒ္ဒရာထဲကနေ ကျက်သရေရှိစွာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မယ်တော် ပေါ်ထွက်လာချိန်မှာ အလွန်တရာမှ လှပလွန်းတာကြောင့် နတ်ဗြဟ္မာအားလုံးက သဘောကျခဲ့ကြပေမဲ့ သူမကတော့ လောကကို စောင့်ရှောက်တဲ့ ဗိဿနိုးနတ်မင်းကြီး (Lord Vishnu) ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ (ဒါဟာ မယ်တော်နဲ့ ဗိဿနိုးအရှင်တို့ရဲ့ ဖူးစာဆုံပုံဆိုလည်း ဟုတ်ပါတယ်။) မယ်တော့်ရဲ့အလှဟာ ရုပ်ပိုင်းဆိုင်ရာ လှပမှုသက်သက်မဟုတ်ဘဲ စိတ်နှလုံးဖြူစင်ခြင်းနဲ့ တင့်တယ်ခြင်း (Grace) တို့ ပေါင်းစပ်နေတာဖြစ်ပါတယ်။ မယ်တော်ဟာ အမျိုးသမီးတွေရဲ့ တန်ဆာဆင်မှု ၁၆ မျိုးစလုံးနဲ့ ပြည့်စုံသူလို့ တင်စားကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အလှပြင်တဲ့အခါ မယ်တော်ကို အမှတ်ရပြီး ပြင်ဆင်ရင် ပိုပြီး ညှို့ဓာတ် (Charming) ရှိတယ်လို့ ယုံကြည်ကြပါတယ်။ မယ်တော်လက်ရှ်မီးကို များသောအားဖြင့် ကြာပန်းပေါ်မှာ စံပယ်နေတာ ဒါမှမဟုတ် ရပ်တော်မူနေတဲ့အသွင်ကို တွေ့ရတတ်ပါတယ်။  ကြာပန်းပေါ်မှာ စံပယ်နေခြင်းဟာ စိတ်နှလုံးဖြူစင်ခြင်းနဲ့ လောကီအာရုံတွေကြားမှာ မစွန်းထင်ဘဲ တင့်တယ်ခြင်းကို ဆိုလိုပါတယ်။  မယ်တော့်ရဲ့ လက်လေးဖက်ကတော့ လူသားတို့ရဲ့ ရည်မှန်းချက် ပန်းတိုင် (၄) ခုဖြစ်တဲ့ တရားဓမ္မ (Dharma)၊ စီးပွားဥစ္စာ (Artha)၊ ကာမဂုဏ် (Kama) နဲ့ ကျွတ်လွတ်ခြင်း (Moksha) တို့ကို ကိုယ်စားပြုပါတယ်။ မယ်တော့်ရဲ့လက်ဖဝါးတော်ကနေ ရွှေဒင်္ဂါးတွေ စီးကျနေတာဟာ စီးပွားလာဘ်လာဘ ပေါများခြင်းကို ဆိုလိုပါတယ်။ မယ်တော့်ကို ကိုးကွယ်သူများအတွက် စီးပွားလာဘ်လာဘ ပေးသနားခြင်းလို့လည်းယူဆကြပါတယ်။  မယ်တော်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ ဆင်ဖြူတော်တွေ ရေသွန်းလောင်းနေတာကတော့ သန့်ရှင်းစင်ကြယ်ခြင်းနဲ့ သြဇာအာဏာကို ဖော်ညွှန်းပါတယ်။ နှစ်စဥ်ကျင်းပတဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ ဒီပါဝလီ (Diwali) မီးထွန်းပွဲတော်ဟာ မယ်တော်လက်ရှ်မီးကို ပူဇော်တဲ့ အဓိကပွဲတော်ဖြစ်ပြီး အိမ်ထဲကို မယ်တော်ကြွရောက်လာပြီး ကောင်းချီးပေးဖို့ ရည်ရွယ်ပါတယ်။ သောကြာနေ့ကိုလည်း မယ်တော်ရဲ့ နေ့ထူးနေ့မြတ်လို့ သတ်မှတ်ပြီး အထူးတလည် ဝတ်ပြုဆုတောင်းလေ့ရှိပါတယ်။  မယ်တော့်ကျောင်းရောက်ခဲ့ရင် မယ်တော်ရဲ့ လက်ဖဝါးတော်ကို အသာအယာပွတ်ပြီး ကိုယ့်ရဲ့အိတ်ထဲကို ငွေတွေ သိမ်းကျုံးထည့်လိုက်တဲ့ ပုံစံမျိုးလုပ်ပြီး ဆုတောင်းနိုင်ပါတယ်။ မယ်တော်ရဲ့ ဒင်္ဂါးပြားတွေ စီးကျနေတဲ့ ဘယ်ဘက်လက်တော်အောက်မှာ ကိုယ့်ရဲ့ ပိုက်ဆံအိတ် ဒါမှမဟုတ် ဖုန်းထဲက Bank App ကို ဖွင့်ထားပြီး
မယ်တော်လက်ရှ်မီး (Goddess Lakshmi) ဟာ ဟိန္ဒူဘာသာမှာ ဓနဥစ္စာ၊ ကံကောင်းခြင်း၊ ကြွယ်ဝချမ်းသာခြင်းနဲ့ အလှအပတို့ကို အစိုးရတဲ့ နတ်ဘုရားမတစ်ပါးဖြစ်ပါတယ်။ ဗိဿနိုးအရှင် (Lord Vishnu) ရဲ့ ကြင်ယာတော်လည်း ဖြစ်ပါတယ်။ ဟိန္ဒူဒဏ္ဍာရီတွေအရ နတ်ဗြဟ္မာတွေနဲ့ အသူရာတွေ နို့သမုဒ္ဒရာကို မွှေနှောက်ကြတဲ့အခါ (Samudra Manthan) မှာ မယ်တော်ဟာ ကြာပန်းကြီးတစ်ပွင့်ပေါ်မှာ ထိုင်လျက် အလွန်လှပတင့်တယ်စွာနဲ့ ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ Samudra ဆိုတာ နို့ရည်တွေနဲ့ ပြည့်နေတဲ့ ပင်လယ် သို့မဟုတ် သမုဒ္ဒရာကို ဆိုလိုတာပါ။Manthan ဆိုတာကတော့ ဒိန်ချဉ်ကို ပွတ်မွှေပြီး ထောပတ်ထုတ်သလိုမျိုး အားစိုက်ပြီး မွှေနှောက်ခြင်း (Churning) လို့ အဓိပ္ပာယ်ရပါတယ်။ ဆိုတော့ သမုဒ္ဒရာကိုမွှေနှောက်ခြင်း (Churning of the Ocean) ပေါ့နော်။ ဒဏ္ဍာရီအရ နတ်မင်းကြီးတွေ (Devas) နဲ့ အသူရာတွေ (Asuras) ဟာ ဘာလို့ သမုဒ္ဒရာကို စုပေါင်းမွှေနှောက်ကြတာလဲဆိုရင် မသေဆေးအမြိုက်စည် (Amrita) ကို ရရှိဖို့အတွက်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ မန္ဒရတောင် ကို မွှေတံအဖြစ် အသုံးပြုပါတယ်။ နာဂရာဇာ ဝါသုကီနဂါးမင်းကိုတော့ မွှေနှောက်ဖို့ ကြိုးအဖြစ် အသုံးပြုပါတယ်။ ဗိဿနိုးအရှင်ကတော့ လိပ်မင်း (Kurma Avatar) အသွင်ဖန်ဆင်းပြီး မွှေတံကြီး နစ်မသွားအောင် ကျောကုန်းနဲ့ ခံပေးထားရပါတယ်။ ဤကဲ့သို့ သမုဒ္ဒရာမွှေတဲ့အခါမှာ အလွန်တန်ဖိုးရှိတဲ့ရတနာ (၁၄) ပါးထွက်ပေါ်လာခဲ့ပါတယ်။ ထင်ရှားတဲ့ ရတနာတွေကတော့ ဧရာဝဏ်ဆင်ဖြူတော် (သိကြားမင်းရဲ့စီးတော်ယာဉ်)၊ ဥစ္စာသျှရိဝနတ်မြင်းပျံ၊ ကပ္ပဗြုက္ခပဒေသာပင် (အလိုရှိရာ ပေးနိုင်တဲ့အပင်)၊ ဟလဟာလအဆိပ် (လောကကြီး ပျက်စီးမသွားအောင် သီဝအရှင်က သောက်ချလိုက်ရတဲ့ ပြင်းထန်တဲ့အဆိပ်) တို့ပဲဖြစ်ပါတယ်။ ထိုအထဲမှာ အထင်ရှားဆုံးကတော့ မယ်တော်လက်ရှ်မီး ပဲဖြစ်ပါတယ်။ မယ်တော်ဟာ ကြာပန်းကြီးပေါ်မှာ ထိုင်လျက် သမုဒ္ဒရာထဲကနေ ကျက်သရေရှိစွာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မယ်တော် ပေါ်ထွက်လာချိန်မှာ အလွန်တရာမှ လှပလွန်းတာကြောင့် နတ်ဗြဟ္မာအားလုံးက သဘောကျခဲ့ကြပေမဲ့ သူမကတော့ လောကကို စောင့်ရှောက်တဲ့ ဗိဿနိုးနတ်မင်းကြီး (Lord Vishnu) ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ (ဒါဟာ မယ်တော်နဲ့ ဗိဿနိုးအရှင်တို့ရဲ့ ဖူးစာဆုံပုံဆိုလည်း ဟုတ်ပါတယ်။) မယ်တော့်ရဲ့အလှဟာ ရုပ်ပိုင်းဆိုင်ရာ လှပမှုသက်သက်မဟုတ်ဘဲ စိတ်နှလုံးဖြူစင်ခြင်းနဲ့ တင့်တယ်ခြင်း (Grace) တို့ ပေါင်းစပ်နေတာဖြစ်ပါတယ်။ မယ်တော်ဟာ အမျိုးသမီးတွေရဲ့ တန်ဆာဆင်မှု ၁၆ မျိုးစလုံးနဲ့ ပြည့်စုံသူလို့ တင်စားကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အလှပြင်တဲ့အခါ မယ်တော်ကို အမှတ်ရပြီး ပြင်ဆင်ရင် ပိုပြီး ညှို့ဓာတ် (Charming) ရှိတယ်လို့ ယုံကြည်ကြပါတယ်။ မယ်တော်လက်ရှ်မီးကို များသောအားဖြင့် ကြာပန်းပေါ်မှာ စံပယ်နေတာ ဒါမှမဟုတ် ရပ်တော်မူနေတဲ့အသွင်ကို တွေ့ရတတ်ပါတယ်။ ကြာပန်းပေါ်မှာ စံပယ်နေခြင်းဟာ စိတ်နှလုံးဖြူစင်ခြင်းနဲ့ လောကီအာရုံတွေကြားမှာ မစွန်းထင်ဘဲ တင့်တယ်ခြင်းကို ဆိုလိုပါတယ်။ မယ်တော့်ရဲ့ လက်လေးဖက်ကတော့ လူသားတို့ရဲ့ ရည်မှန်းချက် ပန်းတိုင် (၄) ခုဖြစ်တဲ့ တရားဓမ္မ (Dharma)၊ စီးပွားဥစ္စာ (Artha)၊ ကာမဂုဏ် (Kama) နဲ့ ကျွတ်လွတ်ခြင်း (Moksha) တို့ကို ကိုယ်စားပြုပါတယ်။ မယ်တော့်ရဲ့လက်ဖဝါးတော်ကနေ ရွှေဒင်္ဂါးတွေ စီးကျနေတာဟာ စီးပွားလာဘ်လာဘ ပေါများခြင်းကို ဆိုလိုပါတယ်။ မယ်တော့်ကို ကိုးကွယ်သူများအတွက် စီးပွားလာဘ်လာဘ ပေးသနားခြင်းလို့လည်းယူဆကြပါတယ်။ မယ်တော်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ ဆင်ဖြူတော်တွေ ရေသွန်းလောင်းနေတာကတော့ သန့်ရှင်းစင်ကြယ်ခြင်းနဲ့ သြဇာအာဏာကို ဖော်ညွှန်းပါတယ်။ နှစ်စဥ်ကျင်းပတဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ ဒီပါဝလီ (Diwali) မီးထွန်းပွဲတော်ဟာ မယ်တော်လက်ရှ်မီးကို ပူဇော်တဲ့ အဓိကပွဲတော်ဖြစ်ပြီး အိမ်ထဲကို မယ်တော်ကြွရောက်လာပြီး ကောင်းချီးပေးဖို့ ရည်ရွယ်ပါတယ်။ သောကြာနေ့ကိုလည်း မယ်တော်ရဲ့ နေ့ထူးနေ့မြတ်လို့ သတ်မှတ်ပြီး အထူးတလည် ဝတ်ပြုဆုတောင်းလေ့ရှိပါတယ်။ မယ်တော့်ကျောင်းရောက်ခဲ့ရင် မယ်တော်ရဲ့ လက်ဖဝါးတော်ကို အသာအယာပွတ်ပြီး ကိုယ့်ရဲ့အိတ်ထဲကို ငွေတွေ သိမ်းကျုံးထည့်လိုက်တဲ့ ပုံစံမျိုးလုပ်ပြီး ဆုတောင်းနိုင်ပါတယ်။ မယ်တော်ရဲ့ ဒင်္ဂါးပြားတွေ စီးကျနေတဲ့ ဘယ်ဘက်လက်တော်အောက်မှာ ကိုယ့်ရဲ့ ပိုက်ဆံအိတ် ဒါမှမဟုတ် ဖုန်းထဲက Bank App ကို ဖွင့်ထားပြီး "ဒီဒင်္ဂါးတွေလိုပဲ ကိုယ့်ဆီကို ငွေကြေးတွေ အမြဲစီးဝင်ပါစေ" ဆိုတဲ့အဓိပ္ပာယ်နဲ့အနေနဲ့လည်း ဆုတောင်းနိုင်ပါတယ်။ တစ်ပုဒ်ထဲအကုန်ပါအောင်ရေးချင်ပေမယ့် စာလုံးရေ မစန့်တော့လို့ အပိုင်း(၂)မှာ ဆက်ဖတ်ပေးပါနော် .. ✌️ #Abundance #Goddess #Lakshmi #money #theoutofarea

About