@aungmyintoo13061971: ( YBS စီးနင်းနေကြသူများ ကျွန်တော့်လို အဖြစ်မျိုး မခံစားရစေဖို့အတွက် ကိုယ်တွေ့ဖြစ်ရပ်မှန်လေးကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်.. 😌) 💥💥💥💥💥💥💥💥💥💥💥💥💥💥💥 ကျွန်တော် ယုဇနဥယျာဥ်မြို့တော်ကနေ ဆူးလေကိုသွားဖို့အတွက် YBS 133 ဘတ်စ်ကားကို စီးခဲ့ပါတယ်..။ ကားပေါ်ရောက်တော့ ထိုင်ခုံတွေမှာ လူပြည့်နေပြီဖြစ်တဲ့အတွက် အပေါ်က တန်းကိုကိုင်ပြီး မတ်တတ်ရပ်စီးဖို့အတွက် နေရာရှာရပါတယ်...။ မိန်းကလေးငယ်တွေ ထိုင်တဲ့အနားမှာ ရပ်ပြီးစီးဖို့ မသင့်တော်တဲ့အတွက် အသက်ကြီးကြီး အဒေါ်ကြီးရဲ့ထိုင်ခုံအနားမှာ မတ်တတ်ရပ်ဖို့ ရွေးချယ်လိုက်ပါတယ်...။ဇာတ်လမ်းက အဲဒီမှာ စတာပဲခင်ဗျ....😌 ကျွန်တော်စီးလာတဲ့ ဘတ်စ်ကားဟာ ယုဇနကနေ တိုင်းရင်းသားကျေးရွာနားရောက်တဲ့အခါ အဒေါ်ကြီးက လှုပ်လှုပ်ရွရွဖြစ်လာတော့ ကျွန်တော့်စိတ်ထဲမှာ "အဒေါ်ကြီး ဆင်းတော့မယ် ထင်တယ်..အဒေါ်ကြီး ဆင်းသွားရင် ငါတော့ ထိုင်ခုံနေရာရပြီကွ" လို့ တွေးမိပြီး ကျိတ်ပျော်နေမိပါတယ်...။ ဒါပေမယ့် မှတ်တိုင်သာကျော်သွားတယ်..။ အဒေါ်ကြီးက မဆင်းပါဘူး.....😌 ခဏနေတော့ သာကေတ ၁၀၈တောင် ဘုရားနားရောက်ပြန်တော့ အဒေါ်ကြီးက လှုပ်လှုပ်ရွရွဖြစ်လာတဲ့အပြင် ခန္ဓာကိုယ်ပါ အနည်းငယ်ကြွတက်လာတော့ " အင်း...ဒီတစ်ခါတော့ ဆင်းတော့မယ်နဲ့ တူတယ်" လို့ တွေးမိပြန်ပြီး ကျိတ်ပျော်မိပြန်ပါတယ်...။ ဒါပေမယ့်လည်း မှတ်တိုင်သာကျော်သွားတယ်...။ အဒေါ်ကြီးက မဆင်းပြန်ပါဘူး...😁 ဟော...သာကေတ ကျောက်တိုင်နားရောက်လာတော့ အဒေါ်ကြီးက ထိုင်ခုံကနေထပြီး ထမီကိုခါလိုက်ပြီး ထမီကို ပြန်ပြင်ဝတ်လိုက်ပါတယ်...။ ကျွန်တော့်စိတ်ထဲမှာ " ဟေး.... ဒီတစ်ခါတော့ အဒေါ်ကြီး တကယ်ဆင်းလောက်ပါပြီလေ" လို့ တွေးမိပြီး ထပ်ပျော်မိပြန်ပါတယ်...။ ဒါပေမယ့်လည်း အဒေါ်ကြီးက ထိုင်ခုံမှာပြန်ထိုင်သွားပြီး မှတ်တိုင်သာကျော်သွားတယ်..။ မဆင်းတော့ပြန်ပါဘူး...😏 ဒီလိုနဲ့ ဒေါပုံ သင်္ဘောကျင်းမှတ်တိုင်ရောက်တော့ အစောကလိုပဲ အဒေါ်ကြီးက မတ်တပ်ရပ်ပြီး ထမီကို ခါလိုက်ပါတယ်....ပြီးတော့ သူ့ဖာသာတစ်ယောက်ထဲ ပါးစပ်ကလည်း ပွစိပွစိနဲ့ ပြောလိုက်ပါသေးတယ်... "တယ် ဒီ ေ_ ချင်းဆိုး ပုရွက်ဆိတ်ရယ်...ယုဇနကနေ သင်္ဘောကျင်း ရောက်တဲ့အထိ ငါ့ ထမီထဲကနေ မထွက်နိုင်သေးပါလား" ဆိုပြီး ထမီကို တဖြန်းဖြန်းနဲ့ အားရပါးရ ခါပါတော့တယ်...။ပြီးမှ ထမီပြင်ဝတ်ပြီး သူ့နေရာမှာ ပြန်ထိုင်သွားပါတော့တယ်...။ အခုမှ ကျွန်တော်နားလည်သွားတာက အဒေါ်ကြီး တစ်လမ်းလုံး ဂဏှာမငြိမ် လှုပ်လှုပ်ရွရွနဲ့ ထိုင်လိုက် ထလိုက်ဖြစ်နေတာက သူ့ထမီထဲမှာဝင်နေတဲ့ ပုရွက်ဆိတ်ကကိုက်လို့ တစ်လမ်းလုံး ဒုက္ခရောက်နေတာကိုးဗျ.....😁 ( ကိုယ်ချင်းစာပါတယ်လေ....ကိုယ်တွေလည်း လူသွားလူလာရှုပ်ထွေးတဲ့ မြို့လယ်ခေါင်ရောက်မှ အတွင်းခံဘောင်းဘီထဲကို ဝင်နေတဲ့ ပုရွက်ဆိတ်ကဘယ်အငြိုးနဲ့ကိုက်ရက်လေလဲမသိ... လူပုံအလယ်မှာ ကိုက်တော့ ပွတ်ချေလို့လည်းမရ... ချွတ်ချကြည့်လို့လည်းမရနဲ့ ဒုက္ခရောက်ခဲ့ဖူးတာကိုးဗျ..😁😂) နောက်ဆုံးတော့ အဒေါ်ကြီးထမီထဲက ပုရွက်ဆိတ်လည်း ပြုတ်ကျသွားပြီထင်ပါရဲ့...အရင်လို လှုပ်လှုပ်ရွရွလည်း မရှိတော့ဘူးလေ...။ ကျွန်တော်သာ ဆင်းမယ့်မှတ်တိုင်ရောက်လို့ အပေါက်နားရောက်လာတယ်...အဒေါ်ကြီးကတော့ သူမ ထိုင်ခုံကနေ နေရာလုံးဝမရွေ့...😁😝 🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰 ဘစ်ကားပေါ်ကနေ ဆင်းကာနီးမှာ ကျွန်တော် သံဝေဂရပြီး တွေးမိတာလေးတစ်ခုကတော့... " ဘဝမှာ လူရွေးချယ်တာ မှားယွင်းမိခဲ့ရင် မှတ်တိုင်အစကနေ ကိုယ်ဆင်းမယ့်မှတ်တိုင် ရောက်တဲ့အထိ ထိုင်ခုံနေရာ မရနိုင်ဘူး ဆိုတာပါပဲ....အဟဲ" 😁😂 ကဲ..မိတ်ဆွေတို့ရော ဘဝမှာ လူရွေးချယ်တာ မှားယွင်းခဲ့ဖူးပါလား...😜 ( အားလုံးပဲ ပြုံးပျော်ရွှင်နိုင်ကြပါစေ😍) စာရေးသူ 🖍🖌 #နိုင် ဖိနပ်ဆိုင် (ယုဇနဥယျာဥ်မြို့တော်)

AMOo
AMOo
Open In TikTok:
Region: MM
Tuesday 15 September 2026 00:10:04 GMT
48185
848
22
30

Music

Download

Comments

khin.than.nwet20
Khin Than Nwet :
အစ်ကိုကလဲပြောတက်လိုက်သာဘာများလဲးလိုအဆုံးရောက်တော့ပုရွက်ဆိတ်🥰🥰😂
2026-10-11 14:57:48
4
user2624967026193
41916 :
လူရွေးမှားခဲ့တာမှခဏခဏပဲ ကိုယ်းရွေးပီးပေကပ်ရပ်နေပေမယ့်ကိုယ်ရွေးထားတဲ့လူကမထပဲတခြားမရွေးခဲ့တဲ့လူတေကထ ထသွားလို့သူတို့နားရပ်နေတဲ့လူတေနေရာရသွားပီးထိုင်နေတာတွေ့ရင်ကိုယ့်ဘေးကမထတဲ့လူကိုစောင့်ဆွဲပစ်ချင်တဲ့စိတ်ကိုယ့်ကျမှလူရွေးမှားရလေချင်းဆိုတဲ့နောင်တစိတ်တေနဲ့မကျေမနပ်နဲ့ကိုယ်ဆင်းရမယ့်မှတ်တိုင်မှာဆင်းနေခဲ့ရတာတေတွေးမိရင်ရင်နာတယ်
2026-10-11 18:37:25
3
khinlay7774
khin lay :
မှန်လိုက်တာမောင်လေးရယ်အမလဲ133သွားပြန်စီးရတာလေအမသိမ်ကျောင်လမ်းဆုံမှာဆင်ရတယ်အမလူရွေးမှာတာများတယ်မောင်လေးရေစီးလိုက်တိုင်နရာမရတာမျာတယ်😁
2026-10-11 13:31:21
2
bl.oo8
Bl oo :
အဲဒီလိုလူရွေးမှားဘူးပါတယ်
2026-10-11 04:56:43
2
kyi3068
Kyi🌷 :
မှန်တာပေါအဲဒိအတိုင်းပဲ
2026-10-11 15:17:19
1
wint.war6353
wint war :
လူရွေးမှားမှားမှန်မှန်နေရာမရလည်းခရီးဆုံးအောင်သွားကြရမှာပဲလေ
2026-10-11 16:16:06
1
aye.aye.wai53
Aye Aye Wai :
အဲ့လိုဘဲဆင်းမလိုဆင်းမလိုနဲ့မဆင်းဘူး
2026-10-10 05:31:37
2
san.san.yi
San San Yi :
ဟုတ်ပတစ်ခါတစ်မျှော်တာသာအဖတ်တင်
2026-10-11 08:11:24
1
shwe.yee3114
Shwe yee :
သူနော်တော်တော်ဆိုး သူများဖြင့်ဘာများလဲလို့ လန့်သွားတာပဲ😳
2026-10-11 14:48:47
1
eimyat2218
eimyat2218 :
ဘာများလဲလို့😂😂😂
2026-10-11 15:20:29
0
narror237
Narror💘💘💘💘💖💖💖 :
အဒေါ်ကြီးတော်တော်အနေခတ်နေမှာကိုတွေ့ပြီးခံစားမိတာ😂
2026-10-11 16:24:14
0
may.dzinlinn
may dzinlinn :
[Shy][Shy][Shy]
2026-10-11 15:21:48
1
han.lin.aung.422
lailai :
😂😂😂😂😂😂😂😂
2026-10-11 14:02:43
1
user084729445
TTU :
🤪🤪🤪🤪
2026-10-11 11:56:57
1
thithi122
Thi Thi :
😂😂😂
2026-10-11 11:31:43
1
sandar.win4755
Sandar Win :
[Laugh approved][Laugh approved][Laugh approved]
2026-10-11 10:23:59
1
user60150699917
ဧရာကမ်းကလွမ်းပုံပြင် :
❤️❤️❤️
2026-10-11 15:47:09
1
user266360740
Tik Toker :
😳😳😳
2026-10-11 09:57:44
1
manchester.city3142
Manchester City :
🤣🤣🤣🤣
2026-10-12 04:05:51
0
girlgirl9950
Girl Girl :
😂😂😂😂😂😂😂
2026-10-12 01:56:06
0
nwelayg4
Nwe Lay56790 :
[LOL အကြီးစား][LOL အကြီးစား][LOL အကြီးစား]
2026-10-12 07:16:59
0
myintrzh705
myintrzh705 :
[Tears of joy][Tears of joy][Tears of joy][Tears of joy][Tears of joy][Tears of joy]
2026-10-12 08:25:31
0
To see more videos from user @aungmyintoo13061971, please go to the Tikwm homepage.

Other Videos


About