@aungsanmyaylatt: မြန်မာ မဝင်ရဆိုတဲ့ ဇီးရိုးဘတ်ဂျက်စတိုးဆိုင်များအကြောင်း။ တဖြည်းဖြည်းလူပါးဝလာတဲ့ ဇီးရိုးဘတ်ဂျက်နဲ့ ပစ္စည်းမှန် ဈေးမှန်ရောင်းဖို့လိုအပ်လာတဲ့မြန်မာ့ဈေးကွက် အသိတယောက်က တရုတ်တယောက်အသွင် အယောင်ဆောင်ပြီး တရုတ်တိုးနဲ့လှိုင်သာယာက ဇီးရိုးတိုး သီးသန့်ရောင်းတဲ့ဆီကိုရောက်ဖူးခဲ့တယ်… ခြံဝင်းကျယ်ကြီးထဲမှာ တိုးကားတွေအများကြီးရှိနေပြီး တရုတ်ဧည့်တွေ ရာဂဏာန်းရှိနေ ဝယ်နေကြပါတယ်။ တရုတ်ပြည်ကတရုတ်မတွေကိုပဲ သနပ်ခါးလိမ်းပြီးမြန်မာ မအသွင်နဲ့ ဈေးပြန်ရောင်းခိုင်းနေကြတယ်။ တရုတ်ဒါမှ မဟုတ် ဧည့် မှတ်ပုံတင် pass port ပါရင် နှစ်ဆယ်ရာခိုင် နူန်း လျော့ပေးပါတယ်။ မင်းတို့ရဲ့ ကျောက်တွေက စိတ်ချရရဲ့လား၊ အတုတွေ၊ ဆေးဆိုးတွေ၊ ဘီဂျိတ်တွေဆိုရင် ဘယ်လိုလုပ်မလဲ၊ စစ်ချက်လည်းမပြဘူးဆိုတော့။ လောပန် စိတ်သာချ။ ဒါကျောက်ထွက်တဲ့နိုင်ငံ။ မင်းတို့ တရုတ်ပြည်မှာလို အတုတွေမရောင်းဘူး၊ မရှိဘူးတဲ့… မြတ်စွာဘုရား !! လို့ တမိလိုက်တယ်… ပထမအချက်အနေနဲ့ တရုတ်တွေသာ ခြံဝင်းအထဲကို ဝင်ခွင့်ရလို့ ဘာတွေဘယ်လိုလုပ်၊ ဘယ်လိုဖြစ်နေသလဲ ဆိုတာ သိခွင့်မရတာကိုက လုပ်ချင်ရာ လုပ်ခွင့်ရနေတဲ့ သဘောပါ။ ဒုတိယအချက်အနေနဲ့ ပြည်တွင်းကဝန်ထမ်းကိုမသုံးလို့ အလုပ်အကိုင်လည်းမရနိုင်သလို အခွန်အခလည်း ဘာမှ မရနိုင်တဲ့ ကိုယ့်နိုင်ငံတွင်း ဈေးကွက်တစ်ခုပါ… တတိယအချက်ကတော့ ရောင်းချင်တာတွေ ရောင်းပြီး (ဥပမာ အာဖရိကပတ္တမြားကို မိုးကုတ်ဆိုပြီး ရောင်းမယ်၊ ဘီဂျိတ်တွေကို သဘာဝကျောက်စိမ်းပါလို့ ပြောရောင်းကြရင်) မြန်မာတွေက လိမ်ရောင်းတယ်၊ မြန်မာပြည်မှာ ပညာရှင်တွေမရှိပဲ လုပ်ချင်ရာ လုပ်နေကြ ပါလား ဆိုရင် ဖွတ်မရ ဓားမဆုံးကြရမဲ့ အဖြစ်ပါ။ ရန်ကုန်မြို့မှာ လှိုင်သာယာ၊ သမိုင်း၊ မြောက်ဒဂုံ၊ ရွှေတိဂုံအနီးက ကာချာဗယ်လီ၊ နောက်ထပ်ဘယ်နေရာ တွေ ရှိပေဦးမလဲ… မြန်မာနိုင်ငံသားတွေဝင်ခွင့်မရှိတဲ့တနည်းအားဖြင့် တရုတ် တွေ ထင်တိုင်းကြဲဖို့နေရာအတော်ရှိနေပါလားဆိုပြီးအံ့ဩ မိပါတယ်… ကျွန်တော်တို့တွေ တိုင်းတပါးမှာ ဆိုင်ဖွင့်ချင်တိုင်း ဖွင့်ဖို့ လွယ်ပါ့မလား။ ငမွဲမို့ မတွေးတတ်တယ်ပဲ ထားပါဦး။ ပုဂံသွားတယ်။ စားသောက်ဆိုင်ကြီးထဲဝင်ပြီး စားစရာမှာ တယ်၊ ဟိုလိုလို ဒီလိုလိုနဲ့ မရတော့ဘူးဆိုပြီး ငွေပေးစား တာတောင် မတူမတန် ဆက်ဆံခံရပါတယ်။ သဘော မပေါက်သေးဘူး… ပဲခူးက ကျော်စွာစားသောက်ဆိုင်ကြီးထဲဝင်ပြီး မှာစားတော့ ဘာကောင်တွေလဲ လာစားမရတာမသိဘူး လား အထာနဲ့ မောင်းမထုတ်ရုံတမယ် (ဦးလေးဝမ်းကွဲဆိုင် မို့ ဖုန်းဆက်ရင် အလကားတောင်လာကျွေးမှာပါ)ဆိုတော့ တဖြည်းဖြည်းနဲ့ ရေးရေးပေါ်လာတာက ဒီလိုဆိုင်တွေက တရုတ်သီးသန့်၊ ဇီးရိုးတိုးတွေအတွက် ကိုလိုနီသူ့ကျွန်ဘဝက မြန်မာမဝင်ရ ဆိုတဲ့နေရာ တွေအကြောင်း ကြေကွဲဖွယ်သတိရမိတယ်။ မန္တလေးမြို့မှာ တရုတ်ဇီးရိုးဘတ်ဂျက်ဆိုင် ၆၀/ ၇၀ လောက်ရှိနေတယ်ဆိုတော့ အသက်ရှူဖို့ကိုပါ မေ့သွား ခဲ့ရတယ်… အခွန်လည်းမရ အလုပ်သမားလည်းမရ ပြည်တွင်းပစ္စည်း စားစရာကအစ မရောင်းချနိုင်ပဲ ရသမျှအခွင့်အရေးအားလုံး တရုတ်ဂျင်းတရုတ်ပြန်စိုက်နေကြတယ် ကိုယ့်နိုင်ငံသားတွေက ယဉ်ကျေးမှုတွေ၊ သိက္ခာတွေပေး ဆပ်ရုံ သက်သက်နဲ့ တရုတ်တိုးကားကြီးတွေကို ငေးနေကြ ရတယ်။ မင်းတို့အသုံးမကျလို့၊ မင်းတို့လူမျိုးမွဲလို့တော့ လာမပြော စေချင်ဘူး။ တချက်ပဲ ကိုယ်တွေ ပိုက်ဆံရှိတိုင်းသူတို့နိုင်ငံ တွေမှာ ဒီလို ခြယ်လှယ်ဖို့မဖြစ်နိုင်ပါဘူး။ သူတို့နိုင်ငံထဲ ရောက်ပြီဆိုတာနဲ့ သာမန်လူတွေအတွက် အချိန်အရွေး ဖမ်းဆီးရင်ခံရမဲ့ အနေအထားမှာသာ ရှိကြတာပါ… တလောက ဗိုလ်ချုပ်ဈေးထဲက မိတ်ဆွေတယောက် ပြောသွားတယ်။ ယိုးဒယားတွေ မြန်မာဘာသာပြန်တောင် မသုံးကြတော့ဘူး။ ယိုးဒယားဂိုက်ကပဲဦးဆောင်ပြီး ကား ပေါ်မှာကို အပြတ်ပြောတာ။ မြန်မာငွေတွေကို တွေ့ရာငွေ လဲလှယ်တဲ့နေရာမှာ မလဲကြပါနဲ့။ အတုတွေပါတတ်လို့ အဖမ်းခံရရင် ငါတို့တာဝန်မယူဘူး။ ကျောက်တွေလည်း တွေ့ကရာဆိုင်မှာမဝယ်နဲ့ အတုတွေချည်းပဲ။ ငါတို့ အာမခံတဲ့ ဆိုင်မှာသာ ကြိုက်သလောက်ဝယ် အစစ်ဆိုတာ အာမခံတယ်တဲ့လေ။ ဒို့နိုင်ငံသားတွေ ဘာကြောင့်အရောင်းအဝယ် မဖြစ်ကြတာလဲဆိုတာ ရှင်းနေပါပြီ… တကယ်ကိုတန်ဖိုးထားဝယ်သူတွေ လာရင်တောင် သမရိုး ကျပုံအတိုင်း ဂျင်းလွတ်ထည့်ကြတာတွေ ကျင့်ဝတ်နဲ့မညီ ရောင်းချနေတာတွေကို မပြင်သေးသ၍လည်း ဆက်ပြီး ဈေးကွက်က ‘အ’ နေဦးမှာပါပဲ… တဖက်မှာ အစိုးရရဲ့ နိုင်ငံသားအပေါ်ကြည့်ရှု့စိတ်နဲ့ ဇီးရိုးတိုးတွေကို ပပျောက်အောင်ဆောင်ရွက်ပေးရမှာ ဖြစ်သလို ကိုယ်တိုင်ကလည်း ကျင့်ဝတ်သိက္ခာနဲ့အညီ နိုင်ငံကြီးသားပီပီသသနဲ့ မှန်ရာကိုသာ ပြောဆိုရောင်းချ ရဲတဲ့ သတ္တိတွေရှိလာရင် မကြာခင်အချိန်မှာ အတန်အသင့် ကျောက်မျက်ဈေးကွက်ရလာမယ့် နိုင်ငံစာရင်းဝင်လို့ ကျောက်ဈေးကွက်အမြန် နလန်ထူနိုင်ကြမှာပါ ကိုယ်တိုင်လည်းမလိမ့်တပတ် ရောင်းချင်ရာရောင်းပြီး အစိုးရကို ထိုင်ဆဲလို့မရသလို အစိုးရအနေနဲ့လည်း ကြပ် ကြပ်မတ်မတ်နဲ့ အခုခေတ်စားနေတဲ့ ဇီးရိုးတိုးလိုမျိုးကို အပြီးတိုင် ချေမှုန်းပေးနိုင်မှသာ အဆင်ပြေမှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ Source:Myanmar Open Voice crd
AungSan MyayLatt
Region: MM
Tuesday 15 September 2026 03:23:46 GMT
Music
Download
Comments
Maung :
မြန်မာနိုင်ငံထဲမှာဆိုင်လာဖွင့်ပြီးမြန်မာမဝင်ရဘူးဆိုတော်းးအတော်ကိုလူပါးဝလွန်းတယ်းးးးးလူကြီးမင်းများးးဘာလုပ်မှာလည်းးးးး
2026-09-15 08:18:13
153
Ko Ko :
ဗမာ အမျိုးသားအစည်းအရုံး ဘာလုပ်နေကြလည်းသိချင်တယ်
2026-09-15 11:37:39
34
kingoflightking :
မြန်မာ ပြည်လာပြီးမြန်မာမဝင်ရဆိုတာသက်ဆိုင်ရာကမမြင်ဘူးလားဘာလို့အရေးမယူတာလဲ
2026-09-15 08:52:46
50
Thein Aung :
ဘယ်မှာ ရေးထားတာလည်း သက် သေနဲ့ချပြလိုက် လေ
2026-09-15 11:33:09
7
ko kyaw thu :
အဲ့ဒါဝတ်လည်တယ်လို့ခေါ်တယ်
2026-09-15 14:24:47
16
စေတန်😂😂🙂 :
နိုင်ငံဖျက်တဲ့ လောဘသားတွေကြောင့်ဖြစ်နေတာ ဥပဒေမဲ့ မင်းမဲ့တိုင်းပြည်ဖြစ်နေပီ
2026-10-06 06:15:19
3
ဗမာ့သွေး မို့ရဲသည် :
အဲအဆောက်ဦးဆောက်ထားတဲ့ရပ်ကွတ်က လူကြီးတွေဘာလုပ်နေလဲ
မြန်မာပြည်ကို ထင်တိုင်းကျဲခွင့်ရတာအဓိကရပ်ကျေးလူကြီးတွေတာဝန်အရှိဆုံး
2026-09-15 10:22:31
25
ကိုလူပျို :
ဦးနေဝင်းကိုပြန်ခေါ်လိုက်
2026-09-15 12:30:32
22
😘😘T😘Z😘😘 :
ဆိုင်းကဗုတ်ကဘယ်မှာချိတ်ထားတာ
2026-10-07 13:20:10
0
ANANDA :
မြန်မာ့မြေပေါ်လာပီးမြန်မာမဝင်ရလုပ်လို့မရပါဘူး နိုင်ငံခြားသားတေမြေပိုင်ခွင့်မရှိဘူး သက်ဆိုင်ရာကိုတိုင်ကြပါ
2026-09-15 05:13:55
26
Ye Lin Thet277 :
တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်တော်
2026-09-15 16:17:43
2
🥷Joseph🥷 :
ဦးနေ၀င်းကိုပြန်ကိုခေါ်ရမှာ အမှန်ပါခင်ဗျ။[Heartwarming][Tears of joy]
2026-10-10 15:40:35
2
U. KYAWZAYYA :
မြန်မာတွေဘဝက သူများနိုင်ငံသွားလဲ ကျွန်ခံရတယ် ကိုယ့်နိုင်ငံ သူများလာလဲ ကျွန်ခံရပြန်တယ်😳
2026-09-15 15:00:53
8
mg aung naing :
ဝမ်သာလိုက်တာ
2026-09-15 09:26:30
7
မင်းသု :
မြန်မာနိုင်ငံမှာ ေဒသအာဏာပိုင်ကိုငွေပေးထားရင် အားလုံးလုပ်ချင်တာလုပ်လို့ရတယ်။
2026-09-15 06:05:16
4
U Myint Ngwe :
တရုတ်နိုင်ငံဖြစ်နေပါပြီ
2026-09-15 04:27:41
2
Sky Gate Diaper Online Sale :
ဝဠ်
2026-09-15 15:07:24
5
rock ta :
မဟုတ်တာတွေ
2026-09-15 10:21:13
1
user8086188373637 :
ဘယ်လမ်း ဘယ်မြို့လဲတင်ပြပါ
2026-09-15 13:53:58
8
သက်တန့်ရောင် :
ကိုမျိုးချစ်တို့ကကြုံးဝါးသံလေးနဲ့အခုခု၀င်မန့်ခဲ့ကြပါအုန်း🥺
2026-09-16 15:38:06
0
Ko Zaw :
အဓိကကအုပ်ချုပ်သူပဲ
2026-09-21 06:46:03
1
Mg San :
အစိုးရအနေနဲ့ကိုယ်နိုင်ငံသားတွေ သူများနိုင်ငံမှာဘယ်လိုနေရတယ်ဆိုတာ လေ့လာပါအုံး နိုင်ငံခြားသားတွေက ကိုယ့်နိုင်ငံမှာ ထင်သလိုနေကျတာလည်း ပြန်သုံးသပ်ပါအုံး
2026-09-29 15:03:20
1
Koyoe :
လိုင်းပေါ်ကဆဲနေလို့မရဘူး အားလုံးစည်းလုံးမှရမယ်
2026-10-08 09:44:08
1
Aung Aung :
မြန်မာ မ၀င်ရ မဟုတ်ဘူးကွ ဗမာ မ၀င်ရပါ။ မြန်မာမှာ အကုန်လုံးသူ မြန်မာလူမျိုးပဲ။
2026-09-15 17:04:58
4
Smiths love :
ပြည်တောင်စု မြန်မာတရုတ်နိုင်ငံတော်
2026-09-15 14:51:29
3
To see more videos from user @aungsanmyaylatt, please go to the Tikwm
homepage.