@gisle148:

GISÈLE🌸
GISÈLE🌸
Open In TikTok:
Region: BJ
Tuesday 15 September 2026 10:28:29 GMT
52876
1766
20
3001

Music

Download

Comments

omardione1403
omardione1403 :
bb.la.nuit.c.est.mal.passer sant.toi.a.mes.cotes
2026-09-22 04:14:29
1
boni.kouakou
Boni Kouakou :
je t'aime fort mon bb🥰🥰🥰🥰🥰
2026-10-14 00:11:48
1
user4308128184251
TraorĂŠ Kadidiatou :
❤️😍❤️❤️❤️❤️❤️❤️❤️❤️❤️❤️je t'aime aussi
2026-10-12 12:43:52
1
foussco.ouattara
Foussco Ouattara :
je vais bien mon amour 💘
2026-10-02 10:33:03
1
nacanbo6
nacanbo :
Bonjour mon amour je vais bien et chez toi je t aime de tout coeur et je pense a toi
2026-09-22 11:11:01
1
dieng.aminata1
Dieng Aminata :
Je t’aime aussi fort ❤️❤️❤️
2026-10-18 10:03:10
1
salifou.zango8
Salifou Zango :
je vais bien mon amour je t'aime de tout mon cœur ❤️
2026-09-19 07:47:50
1
bollounahomie2
Nahomie spam :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️💋je t’aime bébéje t’aime
2026-09-17 06:31:51
1
judithe.boketshu
Judithe Boketshu :
ok
2026-09-21 09:37:39
1
irnengakosso9gmai
Irè[email protected]@32 :
2026-10-11 21:21:17
1
sawadogamado7
sawadogamado7 :
❤️❤️❤️
2026-10-16 06:56:31
1
user627200203693
Mamadou Lamine badiane :
🥰🥰🥰
2026-10-04 08:03:37
1
jrme.kon8
JĂŠrĂ´me KonĂŠ :
💘💘💘
2026-10-05 09:35:15
1
soukye.puoye
Soukye Puoye :
💔💔💔
2026-09-20 11:24:31
1
diattalamine2
LAMINE WÉAH DIATTA97 :
♥️♥️♥️
2026-09-15 10:32:44
1
kanonlea
Kanon Lea :
🥰🥰🥰🥰
2026-10-03 07:48:01
1
bitoutiote
bitou tiote :
♥️♥️♥️
2026-10-18 13:03:59
1
rohiakone
chouchou star rosé cœur :
🥰🥰🥰
2026-10-04 05:49:09
1
fidlia.gnonlonfou
FidĂŠlia Gnonlonfou :
🥰🥰🥰
2026-09-30 07:36:06
1
user1751761548490
caroline :
❤️❤️
2026-10-30 18:27:19
0
To see more videos from user @gisle148, please go to the Tikwm homepage.

Other Videos

ဦးသိန်းဝင်း မကွေးတိုင်း စလင်းမြို့နယ် တောင်သိုကြီးရွာမှာ ၁၉၆ဝ ပြည့်နှစ်က မွေးဖွားတယ်။ ငယ်စဉ်က ဆင်းရဲနွမ်းပါးတဲ့အတွက် ရေကြည်ရာမြက်နုရာ မန္တလေး မြို့ကို လာရောက်အလုပ်လုပ်ကိုင်တယ်။ ဆံသပညာကို သင်ယူပြီး ကြိုးစားအလုပ်လုပ်တဲ့အတွက် အဆင့်မြင့် ဆံသဆိုင်ကြီးနှစ်ဆိုင် မန္တလေးမြို့မှာ ဖွင့်လှစ်နိုင်သူဖြစ်ပါတယ်။ မန္တလေးမြို့က သိန်းဝင်းနှင့်ညီများ ဆံပင်အလှပြုပြင်ရေးဆိုင်ကို ရောက်ဖူး သူတိုင်းဟာ မြန်မာနိုင်ငံမှာ သူ့ထက်သားနားကောင်းမွန်တဲ့ဆိုင် မရှိဘူးဆိုတာ လက်ခံနိုင်မှာပါ။ ကျယ်ဝန်းတဲ့ခန်းမဆောင်ကြီးမှာ နံရံပြည့် ကြည့်မှန်ကြီးနဲ့ လယ်သာဆိုဖာ ဆုံလည် ဆံပင်ညှပ်ထိုင်ခုံ ၁၅ ခုက စီတန်းလို့။ ဆံပင်ညှပ်သူတွေ ဆံသဆရာတွေ ကလည်း ထိုင်ခုံကိုယ်စီမှာ။ ဆံသခုံမအားသေးလို့ ထိုင်စောင့်သူတွေအတွက်လည်း ထိုင်စရာခုံက အဆင်သင့်။ မလှမ်းမကမ်းမှာ ခေါင်းလျှော်ခုတင်တွေက တန်းစီလို့။ မြေညီထပ်ကနေ ပထမထပ်ကို တက်သွားကာ မှန်တံခါးကို တွန်းဖွင့်ဝင် ရောက်သွားရင် မြင်ကွင်းက အောက်ထပ်မှာလိုပဲ။ စီတန်းနေတဲ့ ဆံသခုံတွေပေါ် လျှော်သူတွေနဲ့။ အဲယားကွန်းက အေးစိမ့်နေတယ်။ ကြွေပြားတွေက ဖြူစင်ဝင်း မှာ လူအပြည့်။ ထိုင်စောင့်သူတွေက စောင့်။ ခေါင်းလျှော်ခုတင်ပေါ်မှာလည်း လက်နေတယ်။ ပစ္စည်းကိရိယာတွေက တောက်ပသစ်လွင်နေတယ်။ မန္တလေးဆေးတက္ကသိုလ်အနီးမှာ ဦးသိန်းဝင်းရဲ့ ဆံပင်အလှပြင်ခန်းမ လေး ထပ်တိုက်ကြီးရှိတယ်။ အဲဒါမျိုးတစ်ခု မန္တလေးမြို့လယ် ၃၁ လမ်းမှာရှိတယ်။ အဲသည်ဆိုင်တွေကို တည်ထောင်ဖန်တီးထားတဲ့ ဦးသိန်းဝင်း (ယခုအသက် ၄၈ နှစ်)ဟာ အတန်းပညာလေးတန်းလောက်သာ သင်ယူခဲ့ရသူဖြစ်ပါတယ်။ အင်မတန်ချို့တဲ့ တဲ့ဘဝမှ မန္တလေးမြို့မှာ မြို့မျက်နှာဖုံးဖြစ်လာအောင် ထူထောင် ခဲ့သူဖြစ်ပါတယ်။ ဆေးတက္ကသိုလ်အနီးက ဦးသိန်းဝင်းရဲ့ လေးထိပ်တိုက်ကြီး တတိယထပ် မှာထိုင်ပြီး သူ့ဘဝအကြောင်းကို ကျွန်တော် မေးပါတယ်။ ] မကွေးတိုင်း၊ စလင်းမြို့နယ် တောင်ဘိုကြီးရွာမှာ ကျွန်တော် မွေးတယ်။ အဖေက စစ်သား။ အမေက တောင်သူ။ အဖေက စစ်သားဆိုတော့ ဟိုပြောင်း သည်ရွှေ့ နေရာအနှံ့သွားနေတာ။ ဒါနဲ့ ကျွန်တော် နှစ် နှစ်သား၊ သုံးနှစ်သားလောက်ကတည်းက အမေက ရွာ ပြန်လာပြီးနေတယ်။ သားသမီးက ခြောက်ယောက်။ မောင်နှမတွေကများတော့ အမေလည်း ဝလင်အောင် မကျွေးနိုင်ဘူး။ ကျွန်တော့်ကို ဘုန်းကြီးကျောင်းမှာ ပဲ အပ်ပစ်ထားတယ်။ ဘုန်းကြီးကျောင်းက သင်တဲ့စာ၊ လေးတန်းစာလောက်ပဲ ကျွန်တော် တတ်တယ်။ အသက် ၁၂ နှစ်သားလောက်ရောက်တော့ ကျောင်းကထွက်ပြီး လယ်ထွန် ရတယ်။ လူက သေးသေးညှက်ညှက်လေးဆိုတော့ ဝိတ်ကသေးနေတယ်။ ထွန် တုံးပေါ် သစ်တုံးယူဖိပြီး ထွန်ရတာ။ နှစ်နှစ်သားလောက်မှာ အဖေနဲ့ခွဲခဲ့တာဆိုတော့ အဖေ့ကို မမှတ်မိဘူး။ ကျွန် တော် ၁၅ နှစ်သားလောက်မှာ အဖေပြန်လာတယ်။ ဒါ အဖေဆိုလို့သာ အဖေ လိုက်ရတယ်။ အဖေအဖြစ် အသိအမှတ်ပြုလို့တော့ ရပါတယ်။ သူကလည်း ကိုယ့်ကို ခပ်စိမ်းစိမ်း၊ ကိုယ်ကလည်း သူ့ကို ခပ်စိမ်းစိမ်း။ ရာသီဥတုတွေကလည်း ဖောက်ပြန်၊ စိုက်ပျိုးထားတဲ့ သီးနှံတွေကလည်း မအောင်မြင်၊ ကျွန်တော်လည်း ရွာမှာ မနေချင်တော့ဘူး။ ရွာက ထွက်လာတယ်။ ဘယ်သွားရမှန်းလည်း မသိဘူး။ ပိုက်ဆံက ၇၅ ကျပ်ပါတယ်။ ကျွန်တော်နဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်က ဆင်ဖြူ ကျွန်းမှာ ကိုရင်ကြီး ဝတ်နေတယ်။ သူရှိရာ ဘုန်းကြီးကျောင်းကို လိုက်သွားပြီး အဲသည်မှာ တစ်ညအိပ်လိုက်တယ်။ သူများတွေ မြို့ရောက်ရင် ဟိုဟာစား၊ သည်ဟာစား။ ကျွန်တော်က မစားနိုင်ဘူး။ အိတ်ထဲမှာပါတဲ့ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရတာ။ နောက်နေ့ မနက်ကျတော့ သူငယ်ချင်း ကိုရင်ကြီးက သူ ဆွမ်းခံလို့ရတာ ကို မျှကျွေးတယ်။ သူ ကျွေးတာလေး စားတယ်။ သူက ကားဂိတ်လိုက်ပို့တယ်။ မင်းသည်ကားပေါ်တက်စီးရင် မင်းဘူးရောက်မယ်တဲ့။ ကျွန်တော်က ဆင်ဖြူကျွန်း တောင်မှ အခုမှရောက်ဖူးတာ။ ဒါပေမယ့် မင်းဘူးကားပေါ်တက်လိုက်သွားတယ်။ ကျွန်တော့်ဦးလေးတစ်ယောက်က မင်းဘူးမှာ အစိုးရဝန်ထမ်းလုပ်နေတယ်။ သူက ကိုးတန်းအောင် ဆယ်တန်းကျ။ ကျွန်တော့်ကို မင်းလို စာမတတ်တဲ့ကောင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ရွာပဲ ပြန်ပါတဲ့။ ကျွန်တော်က ရွာမပြန်ဘူး။ ဘယ်နေရာမှာ အလုပ်ရှိသလဲ ရှိတဲ့အလုပ်ကို ဝင်လုပ်မှာပဲ ပြောတော့ မင်းဘူး မြောက်ဘက်၊ မန်းရေနံမြေ၊ မယ်ပယ်ကုန်းရွာမှာ မြေကြီးပေါက်တဲ့အလုပ် ရှိ တယ်တဲ့။ နှစ်ပေကျယ်၊ ငါးပေနက်တဲ့ မြေကြီးမြောင်းတူးနေတာ။ ရွာမှာ တစ်ချိန်လုံး အလုပ်ကြမ်းလုပ်နေတဲ့ကောင်ဆိုတော့ လုပ်နိုင်တယ်။ ထမင်းချက်စားတာ တစ်နပ် ကို နို့ဆီဘူး နှစ်ဘူးကုန်တယ်။ ထမင်းစားမယ်ဆိုရင် ငရုတ်သီးစိမ်းလေးခူး၊ ငါးပိဖုတ်နဲ့ စားတာ။ ငါးပိကိုတောင်မှ ဆားဖြူးစားတာ။ ငန်မှ အကုန်သက်သာ ပြီး ကြာကြာအစားခံတာလေ။ မြေတူးခရတာတွေကို မထုတ်ဘဲ အလုပ်သမားခေါင်းဆောင်ဆီမှာ စုထား တယ်။ ကျွန်တော်က ညညဆို ဒီဇယ်ပုံးတွေထမ်းပြီး မြစ်ဆိပ်ပို့ရတယ်။ တစ် ခေါက်ကို တစ်ဆယ်ရတယ်။ မြွေမကြောက် ကင်းမကြောက်ပေါ့။ အဲဒီပိုက်ဆံနဲ့ စားတာ။ ကူလီခေါင်းဆီက ငွေမထုတ်ဘူး။ ဆရာ ကျော်ရင်မြင့် #မူရင်းပိုင်ရှင်အားcrdပေးပါတယ်🥰  #မေတ္တာဖြင့်မျှဝေပေးပါသည်✍  #fpyシ❥tiktok🖤🌹  #foryoupage❤️❤️  #knowledgesharing 💯📚

About